သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Tuesday, June 29, 2010

သတ္တက္ခတ္တု ပရမ သောတာပန် မျိုးဟာ ဗြဟ္မာ့ဘုံမှာ ဖြစ်ကောင်းသလား သောတာပန်လေးပါး သတ္တက္ခတ္တုပရမ သကဒါဂါမ် ရှိကောင်းသလောလူအနာဂါမ်သည် ခြောက်ကြိမ်ခြောက်ဘ၀ထက် ပိုမနေရဘူးလော

သတ္တက္ခတ္တု ပရမ သောတာပန် မျိုးဟာ ဗြဟ္မာ့ဘုံမှာ ဖြစ်ကောင်းသလား
ဒကာ။ ။ ဗြဟ္မာ့ဘုံ ဗြဟ္မာ့လောကမှာ သတ္တက္ခတ္တု ပရမ သောတာပန် ဖြစ်ကောင်း ရှိကောင်းပါသလား ဆရာတော်၊ အဲဒီ အဘိဓာန်ပုဒ်ရဲ့ အနက်ကိုလည်း ရှင်းပြပါဦးဘုရား။

ဘ၀အမျိုးမျိုးတွေ ဖြစ်ပျက်နေတာ ဘာ့ကြောင့်လဲ

ဘ၀အမျိုးမျိုးတွေ ဖြစ်ပျက်နေတာ ဘာ့ကြောင့်လဲ
ဒကာ။ ။ ဆရာတော်တို့ တရားဟောလိုက်ရင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ ဖြစ်ပျက်၊ မမြဲ၊ ဆင်းရဲ၊ အစိုးမရ၊ ငါမဟုတ်တွေချည်းပဲ၊ အဲဒါတွေဟာ ဘာကြောင့်ဖြစ်ပျက်နေတာလဲ ဆရာတော်၊ ဘယ်သူတွေက ဖန်ဆင်းလိုက်လို့ ရလာတာတွေလဲ။

Saturday, June 26, 2010

လောကနတ်ဆိုတာ ဘာလဲ၊ လောကနတ် ၂ မျိုး၊ ကဗျာဆရာတို့ လောကနတ် တမျိုး

လောကနတ်ဆိုတာ ဘာလဲ
ဒကာ။ ။ ထိုထို ကျောင်း ဘုရား စေတီ အဆေက်အအုံကြီးတွေမှာ ဘုရားဆင်းထုပုံတော်လိုလို လှပစွာ အ၀တ်တန်ဆာ ဆင်ယဉ်ထားတဲ့ လူမင်းလိုလို နတ်ရုပ်လိုလိုနဲ့ ထုလုပ်ကိုးကွယ်ထားတဲ့ ပုံတော်ကို (လောကနတ်) အမည် ကမ္ဗည်းထိုးရေးကြတာ တွေ့ရပါတယ်၊ လောကနတ်ဆိုတာ ဘာကို ခေါ်ဆိုတာပါလဲ ဆရာတော်။

ဓမ္မတဏှာ ဓမ္မရာဂဆိုတာ ရှိသလား၊ ဘယ်တရားမျိုးတွေလဲ။

ဓမ္မတဏှာ ဓမ္မရာဂဆိုတာ ရှိသလား၊ ဘယ်တရားမျိုးတွေလဲ
ဒကာ။ ။ ယောဂီတွေဘာဝနာတရားအားထုတ်ပွားများတဲ့အခါ ဓမ္မရာဂ ဓမ္မတဏှာက ခံခံနေလို့ အောက်မဂ်ကိုရော အထက်အထက် မဂ်ဖိုလ်တို့ကိုပါ မတက်နိုင် မရနိုင်ဘူးလို့ အဆိုရှိကြပါတယ်၊ ဓမ္မတဏှာ ဓမ္မရာဂဆိုတာ ရှိပါသလား၊ ဘယ်သူမျိုးမှာဖြစ်တဲ့ တရားမျိုးတွေပါလဲ ဆရာတော်။

သူရဿတီနတ်သမီးသည်ပိဋကတ်သုံးပုံဆောင် နတ်ရဟန္တာမကြီးလော?သူရဿတီ ဘယ်နှစ်ယောက်ရှိသလဲ၊ သူရဿတီဆိုတာ ဘာစကားလဲ အနက်အဓိပ္ပါယ်က ဘာလဲ?သူရဿတီက ဘာ့ကြောင့် ဟင်္သာရုပ် စီးတာလဲ?ဗေဒင် ၆ ပုံက ဘာတွေလဲ?

သူရဿတီနတ်သမီးသည်ပိဋကတ်သုံးပုံဆောင် နတ်ရဟန္တာမကြီးလော
ဒကာ။ ။ သူရဿတီ နတ်သမီးကြီးဟာ ပိဋကတ်သုံးပုံဆောင်သော နတ်ရဟန္တာမကြီးဟု ပြောဆိုကာ ပုံတော်နဲ့ ကိုးကွယ်ဆည်းကပ်နေကြတာ ပိဋကတ်ကျမ်းစာမှာ ပါရှိပါသလား ဆရာတော်။

Friday, June 25, 2010

သီရိဓမ္မာသောကမင်းကြီးဟာ စပါးကြီးမြွေကြီး ဖြစ်သွားသလား? အသောကမင်းကြီး နောက်ဆုံး မှာတမ်းတော်၊ အသောကနှင့် မှတ်သားဖွယ်များ။

သီရိဓမ္မာသောကမင်းကြီးဟာ စပါးကြီးမြွေကြီး ဖြစ်သွားသလား
ဒကာ။ ။ ကျောင်း ဘုရား စေတီပေါင်း ရှစ်သောင်းလေးထောင်ပေးလှူကာ သားတော် ရှင်မဟာမဟိန္ဒ သမီးတော်သင်္ဃမိတ္တထေရီမတို့၏ ဖခင်ကြီးဖြစ်တဲ့ အထက်တစ်ယူဇနာ အောက်တစ်ယူဇနာ အစိုးရတော်မူတဲ့ အသောကရာဇာ မင်းတရာကြီးဟာ ဆီးဖြူသီးတစ်ခြမ်းကို မြေခွက်နဲ့ ထည့်ပေးရမလားလို့ ဒေါသနဲ့ သေသွားတော့ စပါးကြီးမြွေကြီး ဖြစ်သွားတယ်ဆိုတာ ဟုတ်ပါရဲ့လား ဆရာတော်၊ ပိဋကတ်တော်မှာ ဒီစကားများ ပါ ပါသလား ဘုရား။

ရုပ်ကလာပ်ဆိုတာ ဘာလဲ

ရုပ်ကလာပ်ဆိုတာ ဘာလဲ
ဒကာ။ ။ ကလာပ်၊ ရုပ်ကလာပ် စသည် ခေါ်ဆိုနေကြတာ အဲဒီ ကလာပ်ဆိုတဲ့ အဘိဓါန်ပုဒ်ရဲ့ မူလဝေါဟာရနဲ့ ယင်းရဲ့အနက်အဓိပ္ပါယ်ကို သိပါရစေ ဆရာတော်။

ပုထုဇဉ်ကို ရဟန္တာဟု သမုတ်ကြေငြာကြည်ညိုကာ ပေးလှူပူဇော်သူတို့ အပါယ်လားသလော

ပုထုဇဉ်ကို ရဟန္တာဟု သမုတ်ကြေငြာကြည်ညိုကာ ပေးလှူပူဇော်သူတို့
အပါယ်လားသလော
ဒကာ။ ။ ကြည်ညိုဖွယ်ရာ အကျင့်သိက္ခာနှင့် ပြည့်စုံသော ပုထုဇဉ် ရဟန်းတော် တစ်ပါးပါးကို သူအချို့က ရဟန္တာပါဟု အော်ဟစ်ပြောဆိုကြေငြာပြီး မြို့တကာရွာတကာ လမ်းတကာမှာလှည့်လည်၍ အဖူးမြော်ခံ အလှူခံလျက် မြို့ရွာနေ လူအပေါင်းတို့ကလည်း ရဟန္တာအရှင်ကောင်း အရှင်မြတ်ကြီး တစ်ပါးအနေ ဖြင့် ကြည်ညိုလေးစားပေးလှူပူဇော်မှုများ ပြုလုပ်နေကြတာဟာ မှားယွင်းသော အပြစ်ရှိသော မိစ္ဆာ အယူသာ ဖြစ်သည်ဟု ပညာရှိအချို့က မကူညီ အားမထုတ်ဘဲ နောက်ဆုတ်ကြလျက် ကဲ့ရဲ့ရှုတ်ချ အပြစ်ပြောဆိုကြတာ ဟာ မှန်ပါသလားဆရာတော်။ ပိဋကတ်တော်ဆိုင်ရာ ကျမ်းစာများမှာ လာရှိပါသလား၊ အထောက်အထားနဲ့ မှတ်သားလောက်အောင် ဖြေကြားတော်မူပါဘုရား။ ဒီစကားနဲ့စပ်ပြီး တော်တော်ပဲ အငြင်းပွားနေကြလို့ပါ ဆရာတော်။

အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ ကုသိုလ်လုပ်တာ မိုက်လို့တဲ့? ကိလေသ၀ဋ်မပါတဲ့ သင်္ခါရ။

အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ ကုသိုလ်လုပ်တာ မိုက်လို့တဲ့

ဒကာ ။ သင်္ခါရဟာ အ၀ိဇ္ဇာကြောင့် ဖြစ်တာ၊ လောကီကုသိုလ် သင်္ခါရဟာ အို၊ နာ၊ သေကိုသာ ပေးတတ်လို့ ကြောက်စရာကောင်းတာမို့ မိုက်လို့လုပ်ကြတာ မပြုကြနဲ့လို့ ဆရာအချို့က ဟောကြားနေတာ မှန်ပါသလား ဆရာတော်။

ဒါနကုသိုလ်က နိဗ္ဗာန်မရ ၀ဋ်ဒုက္ခကိုသာ ပေးတာဆိုတာ မှန်သလား

ဒါနကုသိုလ်က နိဗ္ဗာန်မရ ၀ဋ်ဒုက္ခကိုသာ ပေးတာဆိုတာ မှန်သလား
ဒကာ။ ။ ဒါနကုသိုလ်ပြုသူဟာ သံသရာ ရှည်အောင် လုပ်တာ၊ နိဗ္ဗာန်ကို မရနိုင်ဘူးဆိုတာ ဟုတ်မှန်ပါသလား ဆရာတော်။

ကုသိုလ်လုပ်လို့ ကုသိုလ်ရတာ ဟုတ်ရဲ့လား

ကုသိုလ်လုပ်လို့ ကုသိုလ်ရတာ ဟုတ်ရဲ့လား
ဒကာ။ ။ အချို့လူတွေက ကုသိုလ်လုပ်ရင် ကုသိုလ်ရတာပေါ့၊ ကုသိုလ်လုပ်ရင် ကုသိုလ်ရမှာပေါ့ဟု ပြောနေကြတာ မှန်ပါသလား ဘုရား။
ကုသိုလ်လုပ်ရင် ကုသိုလ်ရဲ့ အကျိုးဖလ လုပ်ခ၀ိပါက်ကိုသာရမှာ မဟုတ်ပါလား ဆရာတော်၊ ဒါ့ကြောင့် ရှင်းပြပါဦး ဆရာတော်။

လောကုတ္တရာ သင်္ခါရဆိုတာ ဘယ်ဟာမျိုးပါလဲ? မဂ်စိတ် ဖိုလ်စိတ်ဟာ ဒုက္ခသစ္စာလော။

လောကုတ္တရာ သင်္ခါရဆိုတာ ဘယ်ဟာမျိုးပါလဲ
ဒကာ။ ။ ဗုဒ္ဓဘာသာတရားတော်က သင်္ခါရနယ် အသင်္ခါရနယ်ဟု ဆင်းရဲနှင့် ချမ်းသာ နယ်နှစ်မျိုး သတ်မှတ်ထားရာ လောကီတရားစုမှန်သမျှ သင်္ခါရ ဒုက္ခသစ္စာ၊ လောကုတ္တရာတရားကား ချမ်းသာအစစ် နိရောဓအစစ်ဟု သတ်မှတ်တာ ကြားဖူးပါတယ်။
သို့ဖြစ်ရာ အချို့ဆရာတို့၏ လောကုတ္တရာ သင်္ခါရဟု ဟောပြောသံကို ကြားရပြန်သောကြောင့် လောကုတ္တရာ သင်္ခါရရယ်လို့ ရှိပါသလား ဆရာတော်၊ ဘယ်ပါဠိအဋ္ဌကထာမှာ ပါ ပါသလဲ ရှင်းပြပေးပါဦး ဘုရား။

Thursday, June 24, 2010

ဗုဒ္ဓမြတ်စွာသည် ဘ၀သံသရာရှိကြောင်းကို လက်ခံ အားပေးပါသလား၊ ဇောတိက အနာထပိဏ် ဘ၀မျိုးကို ရယူနိုင်ရန် ဗုဒ္ဓ ဟောကြား အားပေး လက်ခံတယ် မဟုတ်လား

ဗုဒ္ဓမြတ်စွာသည် ဘ၀သံသရာရှိကြောင်းကို လက်ခံ အားပေးပါသလား
ဒကာ။ ။ ဗုဒ္ဓဘုရားသည် လူနတ်ဗြဟ္မာ စည်းစိမ်ချမ်းသာခေါ်တဲ့ ဘ၀သံသရာရှိကြောင်းကို လက်ခံအားပေးပါသလား ဆရာတော်။

ပဋိသန္ဓေနေတယ်၊ စုတိတယ် ဆိုတာ ဗုဒ္ဓနည်းက ဘယ်လိုဟာကို ခေါ်ဆိုပါသလဲ

ပဋိသန္ဓေနေတယ်၊ စုတိတယ် ဆိုတာ ဗုဒ္ဓနည်းက ဘယ်လိုဟာကို ခေါ်ဆိုပါသလဲ
ဒကာ။ ။ ကိုယ်ဝန်တည်တယ် ပဋိသန္ဓေနေတယ် ဆိုတာရယ်၊ စုတိပြတ်ကြွေ သေတယ်ဆိုတာရယ်၊ အဲဒီနှစ်ချက်ကို ဒကာကြီးတို့ အကွက်လည်အောင် ရှင်းပြပေးပါဦး ဆရာတော်။

သမာဓိဆိုတာ ဘာလဲ ဘယ်နှစ်မျိုး ရှိသလဲ

သမာဓိဆိုတာ ဘာလဲ ဘယ်နှစ်မျိုး ရှိသလဲ
ဒကာ။ ။ သမာဓိအလုပ် သမာဓိထူထောင်တယ်ဆိုတာ ဘယ်ဟာကို သမာဓိအလုပ် ခေါ်တာပါလဲ၊ သမာဓိအဓိပ္ပါယ်က ဘာကိုဆိုလိုတာပါလဲ၊ သမာဓိမျိုးက ဘယ်လောက်များရှိပါသလဲ ဆရာတော်၊ တိုတိုတုတ်တုတ်နဲ့ ဒကာကြီးတို့ လုပ်တတ်အောင် ရှင်းပြပေးပါ ဘုရား။

နိစ္စပတ်ဝတ်လား၊ နိစ္စဘတ်ဝတ်လား

နိစ္စပတ်ဝတ်လား၊ နိစ္စဘတ်ဝတ်လား
ဒကာ။ ။ အချို့အချို့ ပုဂ္ဂိုလ်တွေက နိစ္စဘတ်ရှိရမည်၊ နိစ္စဘတ်ဝတ်ပြုရမည်ဟု ဟောပြောနေကြတာ နိစ္စဘတ်ဝတ်ဆိုတာ ဘာစကားလဲ၊ အဓိပ္ပါယ်လေးသိပါရစေ၊ ဆရာတော်က မြန်မာအဘိဓါန်ကျမ်းပြုမို့ မေးရတာပါ ဘုရား။

ဘာဝနာကုသိုလ်ကို ၀စီကံနှုတ်ဖြင့် ရွတ်ဆိုပွားများမှု ပြုလို့ ရနိုင်သလား

ဘာဝနာကုသိုလ်ကို ၀စီကံနှုတ်ဖြင့် ရွတ်ဆိုပွားများမှု ပြုလို့ ရနိုင်သလား
ဒကာ။ ။ ဘာဝနာတရားပွားများအားထုတ်သူဟာ မနောကံစိတ်ဖြင့်သာ ပွားများနေရမှာလား၊ ၀စီကံနှုတ်ဖြင့်ကော ရွတ်ဆိုပွားများလို့ မရနိုင်ဘူးလား ဆရာတော်။

ရဟန္တာ ဖြစ်နေမှပဲဟာ ဘာ့ကြောင့် ငါဟာ ရဟန္တာလို့ မပြောကောင်းတာလဲ

ရဟန္တာ ဖြစ်နေမှပဲဟာ ဘာ့ကြောင့် ငါဟာ ရဟန္တာလို့
မပြောကောင်းတာလဲ
ဒကာ။ ။ အရိယာအစစ် အဟုတ်ဖြစ်နေတဲ့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာတို့ဟာ အရိယာအစစ် အဟုတ်ဖြစ်နေမှပဲဟာ ဘာ့ကြောင့် အရိယာလို့ မပြောကောင်း မပြောရတာလဲ ဆရာတော်။
အရိယာက ငါဟာ အရိယာအစစ် ဖြစ်တယ်လို့ ပြောကြားရင် ဘာအပြစ်များ သက်ရောက်ပါသလဲ၊ အမှန်ပြောလို့ အပြစ်ရောက်တာများ ရှိပါသေးသလား ရှင်းပြပါဦး ဆရာတော်။

ရဟန္တာဆိုတာ ဘာလဲ၊ ဘယ်လိုပုဂ္ဂိုလ်မျိုးလို့ မှတ်ထားရမှာလဲ

ရဟန္တာဆိုတာ ဘာလဲ၊ ဘယ်လိုပုဂ္ဂိုလ်မျိုးလို့ မှတ်ထားရမှာလဲ
ဒကာ။ ။ ယခုအခါ ရဟန္တာတွေက ဟိုကပေါ်သည်ကပေါ်နဲ့ ပြီးတော့လည်း ရဟန္တာတွေပါလို့ အသိအမှတ်ပြု ကြော်ငြာပြီးတော့မှ လူထွက်သွားတဲ့ ရဟန္တာတွေကလည်း ရှိနေပြန်ပါတယ်။
နောက်ပြီး ရဟန္တာအမည်ခံပုဂ္ဂိုလ်ကြိးတစ်ပါးပါးကို ပင့်ဆောင်ကာ မြို့ရွာ အနှံ့အလှူခံပြီး အဲဒီရဟန္တာကြီး ခန္ဓာဝန်ချသွားပြီးတဲ့ နောက်ပိုင်းကျရင် ယင်းပိုင် ကျန်ရစ်သော ပစ္စည်းတွေကို တပည့်ဒကာတွေက အဝေမတဲ့လို့ တရားစွဲကြ၊ ကွဲကြ ပြဲကြနဲ့ ရှုပ်ပွေနေတာတွေ သတင်းစာမှာ တွေ့ရ ဖတ်ရပါတယ်။
ဒါကြောင့် ရဟန္တာဆိုတာ ဘာလဲ၊ ဘယ်လို ပုဂ္ဂိုလ်မျိုးကို ရဟန္တာဟု မှတ်သားကိုးကွယ်ရမှာလဲ ဆရာတော်၊ ရှင်းပြပါဦး ဘုရား။

နတ်ကို ပူဇော် ကိုးကွယ် ပ သ သော် မိစ္ဆာဒိဋ္ဌိ ဖြစ်သလော? နတ် ကိုးကွယ် ပသ ပူဇော်လို့ မိစ္ဆာဒိဋ္ဌိမဖြစ်တဲ့ နည်းရှိသလော? နတ် ၊ဗြဟ္မာ ၊ဘိုးဘိုးအောင်တို့အတွက် မီးကုန် ယမ်းကုန် အဖြေ

နတ်ကို ပူဇော် ကိုးကွယ် ပ သ သော် မိစ္ဆာဒိဋ္ဌိ ဖြစ်သလော
ဒကာ။ ။ ယခုခေတ်လူအများတို့ မင်းကြီး မင်းကလေး မြင်းဖြူရှင် ဗိဿနိုး သူရဿတီ…စတဲ့ နတ်အမျိုးမျိုးတို့ကို ကိုးကွယ်ပူဇော်နေကြတာဟာ မိစ္ဆာဒိဋ္ဌိ ဖြစ်ပါသလား ဆရာတော်။

Wednesday, June 23, 2010

သက္ကာယဒိဋ္ဌိသည် အမြဲတည်ရှိနေသော ပင်ကိုတရားလော

သက္ကာယဒိဋ္ဌိသည် အမြဲတည်ရှိနေသော ပင်ကိုတရားလော
ဒကာ။ ။ သက္ကာယဒိဋ္ဌိကို ဗုဒ္ဓဘုရားက ပယ်ရှားနုတ်သတ်ပစ်ရန် အရေးတကြီး ရင်ဝလှံစူး ဦးခေါင်းမီး လောင် ပမာဆောင်ပြီး ဟောကြားတော်မူခဲ့ရာ သက္ကာယဒိဋ္ဌိ တရားဟာ သတ္တ၀ါတိုင်းမှာ မူလဘူတ ပင်ကိုသဘာဝအားဖြင့် ထင်ရှားတည်ရှိနေသော တရားလို့ မှတ်ယူရမှာလား ဆရာတော်၊ ဗုဒ္ဓအလိုတော်ကျ သိပါရစေ ဘုရား။

နတ်ဖမ်းစားခြင်း၊ နတ်က မ စ ခြင်းများ ရှိပါသလော

နတ်ဖမ်းစားခြင်း၊ နတ်က မ စ ခြင်းများ ရှိပါသလော
ဒကာ။ ။ နတ်များက လူသားတို့အား ပစ္စည်း၊ ဥစ္စာ ပျက်စီးအောင် ဖျား၊ နာ၊ သေကျေအောင် ဖမ်းစားခြင်းနှင့် လူသားတို့အား ချမ်းသာအောင် ဘေးကင်းအောင် မစ ခြင်း ထောက်ပံ့ခြင်း ပြုနိုင်ပါသလား ဆရာတော်။

သေသူအတွက် ဆွမ်းစဉ် သပိတ်သွတ်တဲ့အလုပ်ဟာ အဟုတ်ရ ရောက်ရဲ့လား

သေသူအတွက် ဆွမ်းစဉ် သပိတ်သွတ်တဲ့အလုပ်ဟာ အဟုတ်ရ ရောက်ရဲ့လား
ဒကာ။ ။ ဗုဒ္ဓဘာသာဝင်တို့ သေလွန်သွားသောအခါ ကျန်ရစ်သူတို့က သေလွန်သူတို့အား ရည်စူး၍ ဆွမ်းစဉ်ခြင်း၊ သပိတ်သွတ်ခြင်း၊ ပရိတ်ရွတ်ခြင်းပြုကာ အမျှပေးဝေကြတာဟာ ဘ၀တစ်ပါးက သူများမှာ အကျိုးခံစားမှုသုခကို ရရှိပါသလား ဆရာတော်။ (ပီအောထွန်းရင် မေးသည်ဟု ထင်၏)

စိတ်ပုတီးဆိုတာ ဘာစကားလဲ

စိတ်ပုတီးဆိုတာ ဘာစကားလဲ
ဒကာ။ ။ ဆရာတော်က အဘိဓါန်ကျမ်းပြုဆရာမို့ စိတ်ပုတီးဆိုတဲ့ အဘိဓါန်ပုဒ် စကားလုံးရဲ့ သူ့ရဲ့အနက်သဘောကို သိပါရစေဘုရား၊ ရှင်းပြပေးပါ။

စစ်တုရင် ကျား ကစားတာဟာ ကမ္မဋ္ဌာန်း သမာဓိ အလုပ်လော

စစ်တုရင် ကျား ကစားတာဟာ ကမ္မဋ္ဌာန်း သမာဓိ အလုပ်လော
ဒကာ။ ။ စစ်တုရင်ထိုးခြင်း၊ ကျားထိုးခြင်း၊ ပိုကာဒေါင်းကစားခြင်းတို့ဟာ ကစားကွက်အာရုံထဲမှာ စိတ်ထားတည်ငြိမ်နေတာသာဖြစ်လို့ ကမ္မဋ္ဌာန်းအားထုတ်တဲ့ သမာဓိ အလုပ်သမားယောဂီများနဲ့ အတူတူပဲ မဟုတ်လား ဆရာတော်၊ ဒကာကြီးတို့စိတ်ဓါတ်ဟာ ကစားကွက်အာရုံထဲက ဘယ်မှမထွက်ဘူး ငြိမ်နေတာပဲ။

လောကထဲမှာ စိတ်က ခေါင်းဆောင်လား၊ ပညာက ခေါင်းဆောင်လား

လောကထဲမှာ စိတ်က ခေါင်းဆောင်လား၊ ပညာက ခေါင်းဆောင်လား
ဒကာ။ ။ နေရာတကာမှာ စိတ်ကသာ ရှေ့သွားခေါင်းဆောင်ဖြစ်တယ်၊ စိတ်ကောင်းရှိဖို့သာ ပဓါနလို့ တချို့က ဆိုကြပါတယ်၊ တချို့ကလည်း ပညာသာ ပဓါန ပညာသာ ခေါင်းဆောင်ဖြစ်တယ်၊ ပညာရှိဖို့သာ ပဓါနလို့ ဆိုကြပါတယ်၊ ဘယ်ဟာကို အသိလုပ်ယူရမှာလဲ ဆရာတော်။

ဣနြ္ဒိယ ပရောပရိယတ္တိဉာဏ်ဆိုတာ ဘယ်လိုဣနြေ္ဒတွေလဲ

ဣနြ္ဒိယ ပရောပရိယတ္တိဉာဏ်ဆိုတာ ဘယ်လိုဣနြေ္ဒတွေလဲ
ဒကာ။ ။ မြတ်စွာဘုရားနဲ့သာ ဆက်ဆံတဲ့ အသာဓါရဏဉာဏ်တော် ခြောက်ပါးထဲမှာ ဣန္ဒြိယ ပရော ပရိယတ္တိဉာဏ်ဆိုတာ ဣနြေ္ဒ ၂၂ ပါးလုံးကို ယူရတာလား၊ ဘယ်ဣနြေ္ဒတွေကို ယူရတာပါလဲ ဆရာတော်၊ အနည်းငယ် ရှင်းပြပါ ဘုရား။

ပါဋိဟာရိယ ပညာဆိုတာ ဘာလဲ

ပါဋိဟာရိယ ပညာဆိုတာ ဘာလဲ
ဒကာ။ ။ ၀ိပဿနာတရား ပွားများတဲ့သူဟာ ပါဋိဟာရိယပညာဉာဏ်အရေးကြီးတယ်၊ သူရှိမှဖြစ်တယ် လို့ ပြောဟောနေတာ၊ ပါဋိဟာရိယ ပညာဉာဏ်ဆိုတာ ဘယ်လိုဟာကိုခေါ်တာလဲ ဆရာတော်။

ဓါတ်ဆိုတာ ဘာလဲ၊ ဘာကြောင့် ဓါတ်ကို ဟောရသလဲ

ဓါတ်ဆိုတာ ဘာလဲ၊ ဘာကြောင့် ဓါတ်ကို ဟောရသလဲ
ဒကာ။ ။ ဓါတ်ခေါ်တဲ့ အဘိဓါန်ပုဒ်ရဲ့ အနက်အဓိပ္ပါယ်ကို ရှင်းပြပေးပါ ဆရာတော်၊ ဘာ့ကြောင့် ဓါတ်ကို ဟောတော်မူရတာလဲ ဘုရား။

အာယတနဆိုတာ ဘာလဲ၊ ဘာကြောင့် အာယတန ခေါ်သလဲ

အာယတနဆိုတာ ဘာလဲ၊ ဘာကြောင့် အာယတန ခေါ်သလဲ
ဒကာ။ ။ အာယတနဆိုတဲ့ ပါဠိစကားရဲ့ အနက်အဓိပ္ပါယ်ကို ရှင်းပြပေးပါ ဆရာတော်၊ ဘာကြောင့် အာယတနခေါ်ပါသလဲ ဘုရား။

တိဟိတ် သြမက ကုသိုလ်ဆိုတာ ဘယ်လိုပြုလုပ်လို့လဲ? ဆိုင်း၊ ဗုံ၊ ထည့်ကာ ငရဲရှာ လူ့ရွာရှင်ပြုပွဲ

တိဟိတ် သြမက ကုသိုလ်ဆိုတာ ဘယ်လိုပြုလုပ်လို့လဲ
ဒကာ။ ။ မဂ်ဖိုလ်နိဗ္ဗာန်ကို ဆန္ဒပြုပြီး ပြုလုပ်တဲ့ ကုသိုလ်တိဟိတ်က အယုတ်အနိမ့် အောက်တန်းစား တိဟိတ်သြမကကုသိုလ် ဖြစ်သွားရပုံကို ဘယ်လိုပြုလို့ ဖြစ်ရတယ် ဆိုတာ ရှင်းပြပါဆရာတော်။

ထွက်လေ ၀င်လေ အာနာပါနကမ္မဋ္ဌာန်း ရှုမှတ်တတ်ရင် စူဠသောတာပန်ဆိုတာ ဟုတ်ပါသလား

ထွက်လေ ၀င်လေ အာနာပါနကမ္မဋ္ဌာန်း ရှုမှတ်တတ်ရင်
စူဠသောတာပန်ဆိုတာ ဟုတ်ပါသလား
ဒကာ။ ။ ဆရာတော်ကြီး တစ်ပါးက ကိုယ်အမြဲ အသက်ရှူနေတာပဲဟာ တခြား ဘာမှတ်စရာ လိုသေး သလဲ၊ အာနာပါန ကမ္မဋ္ဌာန်း မှတ်ကြ၊ အာနာပါန သတိမိရင် စူဠသောတာပန်ပဲ၊ အပါယ်မကျတော့ဘူးဆိုတာ ဟုတ်မှန်ပါသလား ဆရာတော်၊ တပည့်တော်တို့ နားလည်အောင် ရှင်းပြပေးပါဦး ဘုရား။

သာသနာတော်မှာ ဘယ်တရားကို ပွားများဖို့ အရေးကြီးဆုံးလဲ

သာသနာတော်မှာ ဘယ်တရားကို ပွားများဖို့ အရေးကြီးဆုံးလဲ
ဒကာ။ ။ ဗုဒ္ဓဘာသာ သာသနာတော်မှာ ဘယ်တရားဟာ လိုရင်းမူလလဲ၊ ဘယ်တရားဓမ္မကို ပွားစီးသတိရဖို့ အရေးအကြီးဆုံးပါလဲ၊ မြတ်ဗုဒ္ဓရဲ့ ပိဋကတ်တော်စာပေက ဘယ်လိုများ ညွှန်ကြားထားပါသလဲ ဆရာတော်။

မဂ်စိတ်တစ်ပါးက ဈာန် ၅ ပါးလုံးကို ယှဉ်တွဲ ရယူနိုင်ပါသလား

မဂ်စိတ်တစ်ပါးက ဈာန် ၅ ပါးလုံးကို ယှဉ်တွဲ ရယူနိုင်ပါသလား
ဒကာ။ ။ လောကုတ္တရာစိတ် ရှစ်ပါးကို ဈာန်ငါးပါးနဲ့ ပွားတဲ့အခါ လေးဆယ်ရလို့ လောကုတ္တရာစိတ် အကျဉ်း ရှစ်ပါး၊ အကျယ်လေးဆယ်ဟု ဆိုထားရာ မဂ်စိတ်တစ်ပါး ဖြစ်တဲ့အခါမှာ ဈာန်ငါးပါးစလုံးနဲ့ အတူဖြစ်နိုင်ပါသလား ဆရာတော်၊ ဒါ.. အငြင်းထနေကြလို့ ရှင်းပြပေးပါဦး ဘုရား၊ အကျယ်ကြီးတော့ မလုပ်ပါနဲ့ ဆရာတော်၊ ရှုပ်ကုန်မှာစိုးလို့ပါ။

ဘုရားအလောင်း ဒုက္ကရစရိယာခန်း၌ မစင်စား ကျင့်သလော

ဘုရားအလောင်း ဒုက္ကရစရိယာခန်း၌ မစင်စား ကျင့်သလော
ဒကာ။ ။ လူတရားဟောဆရာအချို့က အလောင်းတော် သိဒ္ဓတ္တမင်းသားဟာ တောထွက်ကာ ရဟန်းပြုလျက် ဒုက္ကရစရိယာ ကျင့်တဲ့အချိန်မှာ နွားမစင်ကို ကောက်စားပြီးတော့ ဘုရားဖြစ်အောင် ကျင့်တယ်၊ မစင်စားပြီးတော့ ဖြစ်လာတဲ့ဘုရား၊ ဘာညာနဲ့ မြတ်စွာဘုရားသခင်၏ ဂုဏ်ပုဒ်တွေကို ရှုပ်ချ ပြောဆိုနေကြပါတယ် မစင်စားတယ်ဆိုတာ မှန်ပါသလား ဆရာတော်၊ သူတို့ကတော့ ပိဋကတ်တော်စာအုပ် အကိုးအကားနဲ့ လူများစွာတို့ ယုံစားလာအောင် ပြောကြားဟောဆိုနေကြပါတယ်၊ အမှား အမှန် ဝေဖန်ရှင်းပြပေးပါဦး ဆရာတော်။

Tuesday, June 22, 2010

ယောဂီဟာ အလင်းရောင်ကို မမှတ်ရတာ ဘာကြောင့်ပါလဲ

ယောဂီဟာ အလင်းရောင်ကို မမှတ်ရတာ ဘာကြောင့်ပါလဲ
ဒကာ။ ။ ၀ိပဿနာတရားပွားများတဲ့ ယောဂီဟာ ဥဒယဗ္ဗယဉာဏ်ရင့်သန်လို့ ကိုယ်ထဲက အလင်းရောင်တွေ ပေါ်လာတဲ့အခါ လိုက်မှတ်မနေရဘူးဆိုတာ ဘာဖြစ်လို့ပါလဲ ဆရာတော်။

မိစ္ဆာဒိဋ္ဌိကို ဘယ်တရားနဲ့ ပယ်ရှားရမည်လဲ

မိစ္ဆာဒိဋ္ဌိကို ဘယ်တရားနဲ့ ပယ်ရှားရမည်လဲ
ဒကာ။ ။ မိစ္ဆာဒိဋ္ဌိခေါ်တဲ့ အယူအစွဲ အကျင့် အကြံအမှား အပါယ် လေးပါးပို့တဲ့ တရားဆိုးတရားညစ် တွေကို ဘယ်တရားမျိုးနဲ့ ပယ်ရှားရိုက်ချိုးသတ်ပစ်နိုင်ပါသလဲ ဆရာတော်၊ တိုတိုရှင်းရှင်းကလေးနဲ့သာ ဖြေကြားပါဘုရား၊ ရှည်လွန်းရင် ရှုပ်ထွေးကုန်ရော နားမလည်တော့ဘူး ဘုရား။

မိစ္ဆာဒိဋ္ဌိနှင့်မိစ္ဆာပဋိပဒါ အယူမှားနှင့်အကျင့်မှားဆိုတာ ဘာထူးသလဲ

မိစ္ဆာဒိဋ္ဌိနှင့်မိစ္ဆာပဋိပဒါ အယူမှားနှင့်အကျင့်မှားဆိုတာ ဘာထူးသလဲ
ဒကာ။ ။ မိစ္ဆာဒိဋ္ဌိ - မှားသောအယူစွဲကို ခံယူခြင်း၊ မိစ္ဆာပဋိပဒါ - မှားသောအကျင့်တရားကို ကျင့်ပွား အားထုတ်ခြင်းဆိုတာ ဘယ်လိုထူးပါသလဲ ဆရာတော်၊ စာပေကျမ်းဂန်က သည်တရားနှစ်ပါးရဲ့ အထူးများ ပြထား တာရှိသလား ဆရာတော် သိပါရစေ။

ဒါန သီလ သမထ ကုသိုလ်တို့က ကိလေသာတို့ကို မပယ်နိုင်ဘူးလား

ဒါန သီလ သမထ ကုသိုလ်တို့က ကိလေသာတို့ကို မပယ်နိုင်ဘူးလား
ဒကာ။ ။ ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထကုသိုလ်တို့က လောဘ၊ ဒေါသ၊ မောဟ၊ ကိလေသာတို့ကို မပယ်နိုင်ဘူးဆိုတာ ဟုတ်ပါသလား ဆရာတော်၊ ဘယ်ကျမ်းဂန်က ဆိုပါသလဲ နားလည်အောင် ရှင်းပြပါဦးဆရာတော်။

ရဟန်းတော်များ နေ့သန့်စင်တယ်ဆိုတာ ဘယ်ဟာပါလဲ

ရဟန်းတော်များ နေ့သန့်စင်တယ်ဆိုတာ ဘယ်ဟာပါလဲ
ဒကာ။ ။ ရဟန်းတော်များ နေ့သန့်စင်တယ်ဆိုတာ ဆွမ်းစားပြီးချိန် ကျိန်းစက်အိပ်နေမှုကို ခေါ်ဆိုတာ လား ဆရာတော်၊ ကျမ်းစာတွေမှာ အရှင်သာရိပုတ္တရာနေ့သန့်စင်တော်မူခိုက် စသည် မကြာမကြာတွေ့ရပါတယ်၊ “နေ့သန့်စင်” ဆိုတဲ့ အဘိဓါန်ပုဒ်ကို ရှင်းပြပါဦး ဘုရား။

ဆရာမရှိဘဲ တရားအားထုတ်ချင်ရင် ဘာတွေ သိထားရမှာလဲ

ဆရာမရှိဘဲ တရားအားထုတ်ချင်ရင် ဘာတွေ သိထားရမှာလဲ
ဒကာ။ ။ တရားပြပေးမည့် ဆရာမထားဘဲ ကိုယ့်ဟာကိုယ်အားထုတ်ချင်တဲ့ သူဟာ ဘယ်လို အကြား အမြင် အသိ သုတတွေနဲ့ ပြည့်စုံထားရမှာလဲ ဆရာတော်၊ ကျမ်းစာမှာ ညွှန်ပြမှုများ ရှိပါသလား သိပါရစေဘုရား။

ဒုဗ္ဗလ ၀ိပဿနာဆိုတာ ဘာလဲ?

ဒုဗ္ဗလ ၀ိပဿနာဆိုတာ ဘာလဲ
ဒကာ။ ။ ၀ိပဿနာတရား ပွားများအားထုတ်တဲ့ ယောဂီအချို့ဟာ ဒုဗ္ဗလ၀ိပဿနာဖြစ်နေတယ်၊ ကြိုးစားအားထုတ်ပါ စသည့်ဖြင့် ဆရာသမားများက ဟောကြားတာကို မှတ်သားရဖူးပါတယ်၊ “ဒုဗ္ဗ၀ိပဿနာ”ဆိုတာ ဘာသဘောကို မှတ်ထားပါလဲ ဆရာတော်၊ အမှားလား၊ အမှန်လား၊ အနည်းငယ်ရှင်းပြပေးပါ ဘုရား။

ရုပ် ဖောက်ပြန်တယ်ဆိုတာ ဘာကြောင့် ဘယ်လိုလဲ?

ရုပ် ဖောက်ပြန်တယ်ဆိုတာ ဘာကြောင့် ဘယ်လိုလဲ
ဒကာ။ ။ ရုပ်ဆိုတာ ဖောက်ပြန်တယ်၊ ဖောက်ပြန်တတ်သောကြောင့် ရုပ်လို့ခေါ်တယ်ဟု မှတ်ရမယ်လို့ ဟောပြောနေကြတာ၊ ဖြစ်ပေါ်ပြီး ပျက် ပျက်သွားတာကို ဖောက်ပြန်တယ်လို့ မှတ်ရမှာလား ဆရာတော်။
သည်လိုဆိုရင် နာမ်တရားတွေလည်း ဖြစ်ပေါ်ပြီး ပျောက်ပျက်သွားကြတာပဲ၊ သူတို့ကိုတော့ ဘာကြောင့် ရုပ်လို့မခေါ်ရပါသလဲ၊ ရှင်းပြပါဦးဆရာတော်။

ဘုရားဟောထဲမှာ သေမင်းမမြင်ရသော နည်းရှိသလား

ဘုရားဟောထဲမှာ သေမင်းမမြင်ရသော နည်းရှိသလား
ဒကာ။ ။ သေမင်း မမြင်တွေ့ရသော နည်းလမ်းကောင်းများ ဘုရား ဟောကြားညွှန်ပြခြင်း ရှိပါသလား ဆရာတော်၊ သေမင်းမြင်သွားမှာ ကြောက်လွန်းလို့ ဘုရား၊ ဒကာကြီးကလည်း အသက်ကြီးလာပြီ။

ေ၀ေနယ်ဇၥ်ာသယ တရားဆိုတာ ဘာလဲ?

ေ၀ေနယ်ဇၥ်ာသယ တရားဆိုတာ ဘာလဲ
ဒကာ။ ။ မြတ်စွာဘုရားသခင် တရားဟောတော်မူတဲ့ အခါ (ဝေနေယျဇ္ဈာသယ) ဝေနေယျ၏ အလို အဇ္ဈာသယကို သိတော်မူတယ်လို့ ပြောဆိုကြပါတယ်၊ ဝေနေယျဇ္ဈာသယဆိုတဲ့ အဘိဓါန်ပုဒ်ရဲ့ အနက်အဓိပ္ပါယ် ကို မသိလို့ ရှင်းပြပေးပါ ဆရာတော်။

ဒုက္ခသစ္စာကို ပိုင်းခြား သိမှတ်ရာ၌ နည်းသုံးဖြာဆိုတာ ဘာလဲ?

ဒုက္ခသစ္စာကို ပိုင်းခြား သိမှတ်ရာ၌ နည်းသုံးဖြာဆိုတာ ဘာလဲ
ဒကာ။ ။ ဒုက္ခသစ္စာခေါ်တဲ့ ရုပ်နာမ်ဓမ္မတို့၏ ဖြစ်ပျက်မှု အနိစ္စသဘောကို ရှုမှတ်ပွားများရာ၌…
(၁) ဒုက္ခကိုလည်း မြင်အောင် ရှုမှတ်ရမယ်တဲ့။
(၂) ဒုက္ခလက္ခဏကိုလည်း သိအောင်မှတ်ရမယ်တဲ့။
(၃) ဒုက္ခာနုပဿနာ သဘောကိုလည်း မိအောင် လိုက်ရမယ်လို့ ဆရာသမားများက ဟောကြားတာကို ရောထွေး ရှုပ်ပွေလို့ ဒုက္ခ၊ ဒုက္ခလက္ခဏာ၊ ဒုက္ခာနုပဿနာတို့ရဲ့ သဘောကလေးတွေကို ရှင်းပြပေးပါ ဆရာတော်။

အတ္တအမျိုးအစား ဘယ်နှစ်ပါး ရှိပါသလဲ? အတ္တမှ လွတ်ကင်းပုံနည်းကလေးများ။

အတ္တအမျိုးအစား ဘယ်နှစ်ပါး ရှိပါသလဲ
ဒကာ။ ။ ကမ္ဘာသူကမ္ဘာသား ရာခိုင်နှုန်း ၉၉ က အတ္တ၀ါဒ အတ္တ အယူအစွဲသမားတွေ ဖြစ်နေကြပါတယ်၊ ဒါကြောင့် အတ္တနဲ့ စပ်တဲ့ အယူအစွဲအမျိုးအပြားများကို နည်းနည်းပါးပါး သိပါရစေ ဆရာတော်၊ ပါဠိတွေကတော့ လွှတ်မရွတ်ပါနဲ့ ဘုရား၊ ဒကာကြီးတို့ နားမလည်ပါဘူး။

ကာမဂုဏ်ချမ်းသာတကာတွေထဲမှာ ဘယ်ကာမဂုဏ်ဟာ အချမ်းသာဆုံးလဲ

ကာမဂုဏ်ချမ်းသာတကာတွေထဲမှာ ဘယ်ကာမဂုဏ်ဟာ အချမ်းသာဆုံးလဲ
ကုမာရ။ ။ တက္ကသိုလ်ကျောင်းသားလူရွယ်တစ်ယောက် လာရောက်၍ ရင်းနှီးစွာ မေးသည်ကား… ကာမဘုံသားတို့ ခံစားနေကြတဲ့ ကာမဂုဏ်ချမ်းသာ များစွာတွေထဲမှာ ဘယ်ချမ်းသာမျိုးဟာ အရသာအရှိဆုံး အကောင်းဆုံး အကြီးကျယ်ဆုံးသော ချမ်းသာမျိုးဆိုတာ ပိဋကတ်တော်ကျမ်း စာပေမှာ ပါရှိတာများ တွေ့ဖူးပါသ လား ဆရာတော်၊ သိပါရစေ ဘုရား။

ပစ္စေကဗုဒ္ဓါ တရားဟောသလား? ပစ္စေကဗုဒ္ဓါ ပေးလှူလို့ နိဗ္ဗာန်မရနိုင်?

ပစ္စေကဗုဒ္ဓါ တရားဟောသလား
ဒကာ။ ။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တွေဟာ သစ္စာလေးပါးတရားကို လူသားတို့ ပိုင်းခြားသိမြင်အောင် ဟောကြားပြသပေးနိုင်ပါသလား ဘုရား၊ တချို့ဆရာသမားများကလည်း ဟောကြားပြသပေးနိုင်တယ်တဲ့၊ ဆရာအချို့ကလည်း မဟောကြားနိုင်ဘူးတဲ့၊ အငြင်းပွားနေကြလို့ မှတ်သားဖို့ အဆုံးအဖြတ် ပေးစေချင်ပါတယ် ဆရာတော်။

ဇာတိမျိုးရိုးလိုက်၍ သူယုတ် သူမြတ် ပညာရှိဖြစ်သလော

ဇာတိမျိုးရိုးလိုက်၍ သူယုတ် သူမြတ် ပညာရှိဖြစ်သလော
ဒကာ။ ။ လောက၌ သူယုတ်မျိုး သူမြတ်မျိုး၊ ပညာရှိမျိုးဆိုတာ မျိုးရိုးဇာတ်ကိုစွဲပြီး ဖြစ်ပေါ်လာတာ လား ဆရာတော်၊ ပိဋကတ်တော်၌ ဘယ်လိုများ အဆိုအမှာရှိပါသလဲ ဘုရား၊ မိန့်ကြားပါဦး။

နိဗ္ဗာနဆုတောင်းကိစ္စ အမေးကလေး

နိဗ္ဗာနဆုတောင်းကိစ္စ အမေးကလေး
ဒကာ။ ။ ဗုဒ္ဓဘာသာဝင် စစ်စစ်တွေဟာ ဘာကုသိုလ်ပဲပြုပြု နိဗ္ဗာန်ချမ်းသာ ရ ရပါလို၏လို့ ဆုတောင်း ကြတာ ဘာဖြစ်လို့လဲ ဆရာတော်၊ လူ နတ် ချမ်းသာကိုတော့ ချန် ချန်ထားကြတယ်။

Monday, June 21, 2010

ဈာန်ကုသိုလ်စိတ်နဲ့ ၀ိပဿနာကုသိုလ်စိတ်ဟာ အတူတူပဲလား

ဈာန်ကုသိုလ်စိတ်နဲ့ ၀ိပဿနာကုသိုလ်စိတ်ဟာ အတူတူပဲလား
ဒကာ။ ။ ဈာန်ဝင်စားနေတဲ့ ပုဂ္ဂိုလ်တွေဟာ ကာမဆန္ဒစတဲ့ ကိလေသာစိတ်တွေ ငြိမ်းအေးနေတယ်လို့ ဆိုကြတယ်၊ ၀ိပဿနာ ရှုမှတ်ပွားများနေတဲ့ သူဟာလည်း ကာမဆန္ဒစိတ်တွေ ငြိမ်းအေးနေတယ်လို့ ပြောကြတော့ကာ ကာမဂုဏ်တွေ ငြိမ်းအေးနေတဲ့ ကုသိုလ်စိတ်ချင်း အတူတူပဲဟာ သမထနဲ့ ၀ိပဿနာ ဘာများ ထူးသေးသလဲ၊ ထူးတာရှိရင် ရှင်းပေးပါဦးဘုရား။

အထက်ဆရာကြီးတွေကိုးကွယ်သူဟာ သီလဗ္ဗတုပါဒါန်ဖြစ်နိုင်ပါသလား

အထက်ဆရာကြီးတွေကိုးကွယ်သူဟာ သီလဗ္ဗတုပါဒါန်ဖြစ်နိုင်ပါသလား
ဒကာ။ ။ ဥပါဒါန်တရားလေးပါးထဲမှာ သီလဗ္ဗတုပါဒါန်ဆိုတာနဲ့ စပ်ပြီးတော့ အထက်ဆရာကြီးတွေ ၀ိဇ္ဇာဓိုရ် ထွက်ရပ်ပေါက်ဆရာကြီးတွေ၊ နတ် သိကြား ဗြဟ္မာကြီးတွေကို ချမ်းသာအောင် စီမံဖန်တီးပေးနိုင်တဲ့ ကယ်တင်ရှင်အနေနဲ့ ကိုးကွယ်ဆည်းကပ်နေတဲ့သူတွေဟာ သီလဗ္ဗတုပါဒါန်ထဲမှါပါဝင်တဲ့ အယူအစွဲ မိစ္ဆာဒိဋ္ဌိတွေပဲလို့ ပြောဆိုငြင်းခုံနေကြတာ မှန်ပါသလား ဆရာတော်၊ ဒီပြဿနာက တော်တော်ကြီးထွားနေတယ် ဘုရား၊ ဖြေကြားပါဦး။

ဒုက္ခနဲ့ အရင်းတည်မှ သုခနိဗ္ဗာန်ကို ရတော့မှာလား

ဒုက္ခနဲ့ အရင်းတည်မှ သုခနိဗ္ဗာန်ကို ရတော့မှာလား
ဒကာ။ ။ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာကို ရှာဖွေရယူတဲ့အခါမှာ ရှာဖွေရေးကိစ္စနဲ့ ကျင့်ကြံ ပွားများမှု လုပ်ငန်းကိစ္စက ဆင်းရဲလှပါတယ် ဆရာတော်၊ ချမ်းချမ်းသာသာနဲ့ ရယူနိုင်တဲ့နည်းများ မရှိဘူးလား ဘုရား၊ ရှိရင် ညွှန်ကြားတော်မူပါ။

အရဟတ္တမဂ်ဖိုလ်ရမည့်သူကို သတ်လို့ မသေဘူးလား

အရဟတ္တမဂ်ဖိုလ်ရမည့်သူကို သတ်လို့ မသေဘူးလား
ဒကာ။ ။ သည်ဘ၀မှာ တရားထူး တရားမြတ်ရမည့်သူကို သတ်လို့ မသေဘူးဆိုတာ မှန်ပါသလား ဆရာတော်၊ ဘယ်ကျမ်းမှာ ပါတယ်ဆိုတာ သိပါရစေ ဘုရား။

ဗုဒ္ဓရဲ့ ပိဋကတ်တော်မှာ သူနာပြုအင်္ဂါရှိပါသလား? သူနာများ လိုက်နာရန် အင်္ဂါကော ထားရှိပါသေးသလား?

ဗုဒ္ဓရဲ့ ပိဋကတ်တော်မှာ သူနာပြုအင်္ဂါရှိပါသလား
ဒကာ။ ။ ရဟန်းတော်များ မကျန်းမမာဖြစ်သောအခါ သူနာပြုစုရေးအတွက် မြတ်စွာဘုရား ညွှန်ကြား ချက်များရှိပါသလား ဆရာတော်၊ မိဝေး ဖဝေး ရဟန်းတော်များ မကျန်းမမာဖြစ်ရင် စောင့်ရှောက်ပေးသူဟာ မရှိ သလောက်မို့ ကိုယ်ဖြစ်ကိုယ်ခံကိုသာ တွေ့ရပါတယ် ဆရာတော်။

ဓါတ်ကြီးလေးပါးခွဲခြားမှု အကျဉ်းဆုံး ဓါတ်ကမ္မဋ္ဌာန်း ရှိပါသလား

ဓါတ်ကြီးလေးပါးခွဲခြားမှု အကျဉ်းဆုံး ဓါတ်ကမ္မဋ္ဌာန်း ရှိပါသလား
ဒကာ။ ။ ဓါတ်ကြီးလေးပါး ရှုမှတ်ပွားရေးနဲ့ ပတ်သက်လို့ တပည့်တော်တို့ နားလည်နိုင်အောင် အလွယ် ဆုံး အကျဉ်းဆုံးများ ရှိပါသလား၊ ရှိလျှင် ပြပေးစေလိုပါတယ် ဆရာတော်၊ “ပထ၀ီ ဓါတုံ ရာဟုလ” တွေ ဘာတွေကို ရွတ်မနေပါနဲ့ ဆရာတော်၊ တိုတိုကျဉ်းကျဉ်း လွယ်လွယ်ကလေးသာ ပြတော်မူပါ ဘုရား။

ဗုဒ္ဓသာသနာတော်၌ အပြောရ အသိရ အခက်ဆုံးတရားဆိုတာ ဘာလဲ

ဗုဒ္ဓသာသနာတော်၌ အပြောရ အသိရ အခက်ဆုံးတရားဆိုတာ ဘာလဲ
ဒကာ။ ။ ဗုဒ္ဓဘာသာ သာသနာတော်၌ အသိရခက်သလို၊ ပြောဟောရတာလည်း အခက်ဆုံးတရားများ ရှိပါသလား ဆရာတော်၊ ရှိရင် ဘယ်တရားတွေပါလဲဘုရား၊ သိပါရစေ။

ဗုဒ္ဓဘာသာဟာ သုည၀ါဒဆိုတော့ အနှစ်သာရ မရှိလို့လား

ဗုဒ္ဓဘာသာဟာ သုည၀ါဒဆိုတော့ အနှစ်သာရ မရှိလို့လား
ဒကာ။ ။ ဗုဒ္ဓဘာသာကို သုည၀ါဒ သုည၀ါဒလို့ ပြောဆိုနေကြတာ ဘာမျှအနှစ်သာရမရှိတဲ့ ဘာသာလား ဆရာတော်၊ ဘာကြောင့် သုည၀ါဒလို့ ခေါ်တာလဲ သိပါရစေ ဘုရား။

ဘုရားပွဲ ကျင်းပခြင်းဟာ ငရဲရှာတာလားတဲ့

ဘုရားပွဲ ကျင်းပခြင်းဟာ ငရဲရှာတာလားတဲ့
ဒကာ။ ။ ယခုအခါ မြို့ရွာ ရပ်ကွက်တိုင်းလိုလိုမှာ ဘုရားပွဲ ဘုရားပွဲဆို ဆိုပြီး ပိုက်ဆံတွေခံပွဲ ပွဲတ ခြိမ့်ခြိမ့်နဲ့ က၊ ဆို၊ တီးမှုတ် ပျော်ပါးနေကြတာတွေဟာ မြတ်စွာဘုရားသခင်ရှိတုန်းက ပြုလုပ်တဲ့ အစဉ်အလာတွေလား ဆရာတော်၊ ဘုရားသခင်က ပွဲကြည့်လို့လား၊ သို့မဟုတ် ဘုရားဟော ကျမ်းဂန်နှင့်အညီ ပြုလုပ်ကျင်းပ ပျော်ပါးနေကြတာတွေလား၊ ဘုရားရှင်က ခွင့်မပြုဘဲ ပြုလုပ်နေကြတာတွေလား၊ အကျိုးအပြစ်နဲ့တ ကွ သိပါရစေ ဆရာတော်။

နတ်ဖြစ်ရတာ မကောင်းဘူးဆိုပါကလား

နတ်ဖြစ်ရတာ မကောင်းဘူးဆိုပါကလား
ဒကာ။ ။ နတ်ပြည်ကို မသွားချင်ရင် မရောက်ချင်ကြနဲ့၊ နတ်တွေဟာ ကာမဂုဏ်တရား လိုက်စားမူးယစ်ပြီး ကုသိုလ်တရားမေ့လျော့ထားကြတာဟု ပြောဟောသံတွေ ကြားရလို့ စာထဲမှာ သည်လိုပဲ ပါသလား ဆရာတော်၊ ရဟန်းဝတ် ၆ ပါးထဲမှာ ကိုယ့်ဒကာ ဒကာမကို အနည်းဆုံး နတ်ပြည်လားအောင် ဟော ကြားဆုံးမပေးရမည်ဆိုတာပဲ။

သာသနာတော်တည်ရာ အုတ်မြစ်ဟာ ဘာလဲ ဘယ်ဟာလဲ? သာသနာဖျက်ကောင်တွေ မဖြစ်စေနဲ့။

သာသနာတော်တည်ရာ အုတ်မြစ်ဟာ ဘာလဲ ဘယ်ဟာလဲ
ဒကာ။ ။ သာသနာတော်ကို တည်ထောင်တဲ့ နေရာမှာ မြတ်စွာဘုရားသခင်ဟာ အရှည်ခံ့ရေးအတွက် တည်တံ့အောင် ဘာကိုဦးတည်လျက် အုတ်မြစ်ချ အခြေခံတော်မူတယ်ဆိုတာ စာပေမှာ ပါ ပါသလား ဆရာတော်။

ပဋိဝေဓ ပုဂ္ဂိုလ် ၂ ပါးဆိုတာ ဘယ်သူတွေလဲ

ပဋိဝေဓ ပုဂ္ဂိုလ် ၂ ပါးဆိုတာ ဘယ်သူတွေလဲ
ဒကာ။ ။ သစ္စာနဲ့စပ်တဲ့ တရားတော်များကို ရဟန်း ရှင် လူ ပညာရှိတို့၏ ဟောပြောချက်အတိုင်း အမှန်ကြားသိ နာယူထားပြီး သူဟာ၊ တရားအားထုတ်ဖို့ မလိုတော့ဘူး၊ သူ့ကိုပင် ပဋိဝေဓပုဂ္ဂိုလ်လို့ ခေါ်ဆိုနေကြ တာမှန်ပါသလား ဆရာတော်၊ ပဋိဝေဓပုဂ္ဂိုလ်ကို မှတ်စွဲသိထားဖို့ ဓါတ်ခွဲပြပါဦးဘုရား။

ဓါတ်သဘောဆိုတာ ဘာတွေလဲ၊ ဓါတ်တစ်ခုရဲ့ သူ့သဘာဝ

ဓါတ်သဘောဆိုတာ ဘာတွေလဲ၊
တိုတိုနဲ့ ထိထိမိမိ သိပါရစေ ဆရာတော်
ဒကာ။ ။ ခုခေတ် ရှင်လူတွေက ဓါတ်သဘောတွေပဲ ဓါတ်သဘောတွေပဲနဲ့ ပြောဟောနေကြတာ ဓါတ်ဆိုတဲ အဘိဓါန်ပုဒ်ရဲ့ အနက်သဘောကို ရှင်းပြပါဦး ဆရာတော်။

ဝိပဿနာတရား ပွားများနေသူကို ဈာန်ဝင်စားသူ ခေါ်သလော

ဝိပဿနာတရား ပွားများနေသူကို ဈာန်ဝင်စားသူ ခေါ်သလော
ဒကာ။ ။ ၀ိပဿနာတရား ပွားများရှုမှတ်နေသူဟာ ဈာန်ရနေသူ ဈာန်ဝင်စားနေသူ ဖြစ်တယ်ဟု ပြောဆိုနေကြတာဟာ မှန်ပါသလား ဆရာတော်၊ နည်းနည်းရှင်းပြပါဘုရား။

ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာ ဘယ်သူကပိုမိုဆိုးသလဲ

ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာ ဘယ်သူကပိုမိုဆိုးသလဲ
ဒကာ။ ။ ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာ ဘယ်သူက ပိုမိုဆိုးဝါးပါသလဲ၊ ဘယ်သူက အပါယ်လေးပါးကို ပို့ပါသလဲ၊ ဘယ်သူ့ကို အရင် ခွာပစ်ရမှာလဲ၊ မိန့်ကြားပါဦးဘုရား။

ဗုဒ္ဓဘုရားရှင်ဟာ ၀ိပဿနာတရားကို ပွားများ မှတ်သားသေးသလား

ဗုဒ္ဓဘုရားရှင်ဟာ ၀ိပဿနာတရားကို ပွားများ မှတ်သားသေးသလား
ဒကာ။ ။ သစ္စာလေးပါးကို ကိုယ်တိုင်သိမြင်တော်မူပြီးတဲ့ မြတ်စွာဘုရားသခင်ဟာ ၀ိပဿနာ အလုပ်တရားထဲမှာ စိတ်ထားပွားစီးမှုများ ရှိသေးသလား ဆရာတော်၊ လုပ်ဖို့ကော လိုပါသေးသလား။

ဘယ်သူတွေလဲ နေ့တိုင်း အရူးထနေသူ တစုဆိုတာ

ဘယ်သူတွေလဲ နေ့တိုင်း အရူးထနေသူ တစုဆိုတာ
ဒကာ။ ။ ပုထုဇ္ဇနော ဥမ္မတ္တကော။ ။ ပုထုဇဉ်တွေဟာ အရူးတွေဆိုတာ စာပေကျမ်းဂန်က ဆိုတာလား၊ သူတို့ဘယ်လို အရူးထကြတာလဲ ဆရာတော်၊ အရူးထပုံကို သိပါရစေ၊ စာပေကျမ်းဂန်ကို ထုတ်ပြ ရှင်းပြပေးပါ ဆရာတော်၊ ပုထုဇ္ဇနော ဥမ္မတ္တကော- လောက် ပါဠိကိုတော့ တပည့်တော်သိပါတယ်။

ဆရာတော် ပြပေးနေတဲ့ ၀ိပဿနာတရားရှုပွားသူ ဘယ်လောက်များများရှိပါသလဲ

ဆရာတော် ပြပေးနေတဲ့ ၀ိပဿနာတရားရှုပွားသူ
ဘယ်လောက်များများရှိပါသလဲ
ဒကာ။ ။ ဆရာတော်က ညည ၀ိပဿနာတရား ပြသပေးနေတယ်လို့ လာရောက်ရှုပွားသူ ယောဂီ တော်တော်များရဲ့လား၊ အမျိုးသမီးနဲ့ အမျိုးသားဘယ်သူက များပါသလဲ ဆရာတော်။

မြန်မာပြည်မှာ ရဟန္တာ မရှိဘူးလား

မြန်မာပြည်မှာ ရဟန္တာ မရှိဘူးလား
ဒကာ။ ။ သီဟိုဠ်ကျွန်းစတဲ့ တိုင်းပြည် သာသနာမှတ်တမ်းနဲ့ သာသနာဝင်ကျမ်းစာတွေမှာတော့ ရဟန္တာအရှင်မြတ်တွေ ပေါများလိုက်တာ၊ မိမိတို့ မြန်မာပြည် သာသနာခေတ် အဆက်ဆက်မှာတော့ ရဟန္တာများ များစားစား မရှိရော့သလား ဆရာတော်၊ ထိုထိုကျမ်းစာတွေမှာ မတွေ့ရဘူး၊ ဆရာတော် သိသလောက် ဖြေကြား ပေးပါဦးဘုရား။

အနိစ္စ ဒုက္ခ အနတ္တဆိုတာ ဘာတွေလဲ? အနိစ္စဆိုတာ အဲဒါပဲ ဒကာကြီးတို့

အနိစ္စ ဒုက္ခ အနတ္တဆိုတာ ဘာတွေလဲ
ဒကာ။ ။ ဗုဒ္ဓဘာသာဝင်တို့၏ ပါးစပ်မှာ အနိစ္စ ဒုက္ခ အနတ္တတို့ကို လူတိုင်းလိုလို ရွတ်ဆိုကြတယ်။ အဓိပ္ပါယ်သဘောမေးတော့လည်း ရုပ်တွေ နာမ်တွေ ပါဠိတွေနဲ့ ရှုပ်ပွေပြီး လူတစ်ဖက်သား နားလည်သဘောကျ အောင် ပြောမပြနိုင်တာက များနေပါတယ်၊ ဒကာကြီးတို့ နားရှင်းအောင် အကျဉ်းကလေးနဲ့ လင်းပေးပါဆရာတော်။

လောက၌ အရေးအကြီးဆုံး သက်စောင့် အဆောင်တရား တစ်ခု

လောက၌ အရေးအကြီးဆုံး သက်စောင့် အဆောင်တရား တစ်ခု
ဒကာ။ ။ လောက၌ သူမပါရင် မပြီးနိုင်တဲ့ အရေးအကြီးဆုံး ဆက်စောင့်အဆောင် ချမ်းသာရေးပေးနိုင် တဲ့တရားတစ်ခုလောက် တပည့်တော်တို့အတွက် ချီးမြှောက်မစ စေချင်ပါတယ် ဆရာတော်၊ မြတ်စွာဘုရား ဟောကြားသွားတာများ ရှိပါသလားဘုရား။

မြတ်ဗုဒ္ဓမရှိတဲ့နောက် ရဟန်းသံဃာကို ဘယ်သူအုပ်ချုပ်ပါသလဲ

မြတ်ဗုဒ္ဓမရှိတဲ့နောက် ရဟန်းသံဃာကို ဘယ်သူအုပ်ချုပ်ပါသလဲ
ဒကာ။ ။ ဆရာဘုရား မရှိတဲ့နောက်မှာ ရဟန်းသံဃာအုပ်စုကြီးကို အာဏာရှင် ခေါင်းဆောင်တင်ထား ပြီး အုပ်ချုပ်ပါသလား ဆရာတော်၊ မူလခေါင်းဆောင် ပုဂ္ဂိုလ်ကို သိပါရစေဘုရား။

အဋ္ဌကထာဆိုတာ ဘာလဲ

အဋ္ဌကထာဆိုတာ ဘာလဲ
ဒကာ။ ။ အဋ္ဌကထာ အဋ္ဌကထာနဲ့ ပြောဆိုနေကြတာ အဋ္ဌကထာဆိုတာ ဘာလဲမေးတော့လည်း နားရှင်းအောင် မဖြေနိုင်ကြဘူးဆရာတော်၊ ဒါကြောင့် အဋ္ဌကထာအဘိဓါန်ပုဒ်ရဲ့ အနက်အဓိပ္ပါယ်ကို ရှင်းပြပါဦး ဘုရား။

Sunday, June 20, 2010

ဗုဒ္ဓဘုရား ဆွမ်းစားပြီးနောက် အနားယူသလား

ဗုဒ္ဓဘုရား ဆွမ်းစားပြီးနောက် အနားယူသလား
ဒကာ။ ။ ၀ိဇ္ဇစရဏ သမ္ပန္နဂုဏ်တော်အရ စရဏတရား ၅ ပါးတို့တွင် ဇာဂရိယာနုယောဂ ကျင့်စဉ်၌ မြတ်ဗုဒ္ဓသည် ညဥ့်သုံးယံတွင် နောက်ဆုံး မိုးလင်းယံ၏ သုံးပုံပုံ၍ တစ်ပုံသာကျိန်းစက်အနားယူတော် မူတယ်၊ ကြွင်းသောနေ့ညဥ့်တို့၌ ထကြွလုံ့လ ၀ီရိယ ရှိတော်မူတယ်ဟု ဆိုကြရာ ကိုယ်တော်မြတ် အနားယူချိန် မနည်းလွန်းဘူးလား ဆရာတော်၊ ပိဋကတ်တော်မှာ သည်မှတစ်ပါး အနားယူပုံများ ရှိပါသေးသလား။

ကောင်းမှုရှင် ဆိုတာ ရှိသလော

ကောင်းမှုရှင် ဆိုတာ ရှိသလော
ဒကာ။ ။ ယခုလို အမြင်မှန်ကို ထောက်ပြပေးလိုက်တာ ၀မ်းသာလှပါတယ် ဆရာတော်၊ သည်ဒေသနာ အရဆိုရင် ကောင်းမှုရှင်ဆိုတာ မရှိဘူးပေါ့၊ ပြုလုပ်သူအထည်ဒြပ်မှ မရှိတဲ့ဟာကို သူတို့က ကောင်းမှုရှင်ကြီးတွေ လုပ်နေကြတယ်၊ အသိဉာဏ်မှန် နည်းကြသကိုး၊ မိစ္ဆာဒဿနတွေပဲ။

သုဒ္ဓဓမ္မ ဉာဏ်အမြင်ဆိုတာ ဘာလဲ

သုဒ္ဓဓမ္မ ဉာဏ်အမြင်ဆိုတာ ဘာလဲ
ဒကာ။ ။ ၀ိပဿနာလုပ်ငန်းက သန့်ရှင်းစင်ကြယ်တဲ့ သုဒ္ဓဓမ္မသက်သက်ကို မြင်အောင်ရှုရမည်၊ ဉာဏ် အလုပ်ဟု ဟောပြောနေကြရာ သုဒ္ဓဓမ္မကို ဘယ်လိုသိမှတ်ရမည်လဲ ဆရာတော်၊ သုဒ္ဓဓမ္မဆိုတာက ဘယ်လိုတရားမျိုးပါလဲ ဘုရား။

အဆိုးဝါးဆုံးသော ရောဂါဆိုတာ ဘယ်ရောဂါမျိုးလဲ

အဆိုးဝါးဆုံးသော ရောဂါဆိုတာ ဘယ်ရောဂါမျိုးလဲ
ဒကာ။ ။ အနာအမျိုး ၉၆ ပါးထဲမှာ လူသားတွေကို အနှိပ်စက်ဆုံး အဆိုးဝါးဆုံး အလွန်ကဲဆုံး နေ့ရှိသမျှ နှိပ်စက်နေတဲ့ ရောဂါမျိုးကို ဗုဒ္ဓဘုရား ဟောကြားချက်များ ရှိပါသလား ဆရာတော်။

ပဋိစ္စသမုပ္ပါဒ် စက်လည်ပုံ ကိရိယာနှင့် အားပေးစက်ဘီးကြီး ၂ ခုဆိုတာ

ပဋိစ္စသမုပ္ပါဒ် စက်လည်ပုံ ကိရိယာနှင့် အားပေးစက်ဘီးကြီး ၂ ခုဆိုတာ
ဒကာ။ ။ ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကြီးထဲ၌ အမြဲအားပေး လည်ပတ်နေတဲ့ စက်ဘီးကြီး ၂ ခု ဆိုတာ ဘယ်ဟာများပါလဲ ဆရာတော်၊ အလည်ရပ်ပုံနှင့် သူ့စက်ကိရိယာ အစုံအလင်ကိုပါ သိပါရစေ ဘုရား။

ပုထုဇဉ်ရဟန်းသည် ဒက္ခိဏေယျအလှူကို ခံယူထိုက်သလော

ပုထုဇဉ်ရဟန်းသည် ဒက္ခိဏေယျအလှူကို ခံယူထိုက်သလော
ဒကာ။ ။ သံဃာ့ဂုဏ်တော် ၉ပါးထဲမှာ ဒက္ခိဏေယျ မြတ်သောအလှူကို ခံယူထိုက်တဲ့ ဂုဏ်ရှိရမည်ဆိုတာဟာ အရိယာသံဃာတော်များအတွက်သာ ဆိုတာမဟုတ်ပါလား ဆရာတော်။
အရှင်ဘုရားတို့လို ပုထှုဇဉ်သံဃာတော်များဟာ ဒက္ခိဏေယျအလှူခံထဲ ပါနိုင်ပါသလား ဆရာတော်၊ ကျမ်းဂန်နဲ့အညီ ရှင်းပြပေးပါဘုရား။

ဝိပဿနာကံက ဇာတိကိုမပေးတော့ဘူးလား

ဝိပဿနာကံက ဇာတိကိုမပေးတော့ဘူးလား
ဒကာ။ ။ ဆရာတော်များ တရားဟောရင် ၀ိပဿနာဉာဏ်အမြင်ကိုချည်း ဦးစားပေးဟောကြတာပဲ၊ “အသင်္ခတဂါမိမဂ္ဂေါ ၀ိပဿနာ” ၀ိပဿာကုသိုလ်ကမှ နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းဖြစ်တယ်ဆိုတော့ကာ အခုရှင်ရဟန်းတွေ ကြိုးပမ်းအာထုတ်နေကြတဲ့ ၀ိပဿနာကုသိုလ်ကံက နောက်ဘ၀ဇာတိ ပဋိသန္ဓေကို မပေးတော့ဘူးလား ဆရာတော်။

ဗုဒ္ဓရဲ့ ဓမ္မတွေဟာ ဘိက္ခုတွေ၏ အတွက်သာလော

ဗုဒ္ဓရဲ့ ဓမ္မတွေဟာ ဘိက္ခုတွေ၏ အတွက်သာလော
ဒကာ။ ။ မြတ်စွာဘုရားဟောကြားသွားတဲ့ ဓမ္မတွေ ဖတ်လိုက်ရင် ဘိက္ခဝေ = ချစ်သားရဟန်းတို့၊ ဘိက္ခု = ရဟန်း စသည်ဖြင့် ရဟန်းတွေကိုသာ ခေါ်ခေါ်ပြီး ဟောတော်မူတာတွေက များနေတော့ လူ၊ နတ်တို့ အတွက် မပါသလိုဖြစ်နေတယ်၊ လူတွေ၊ နတ်တွေကိုတော့ ဘာ့ကြောင့် မခေါ်တာလဲ ဆရာတော်၊ ရှင်းပြပါဦး ဘုရား။

နိဗ္ဗာန်ဟာ နိစ္စ သုခရှိနေတဲ့ အတ္တလော

နိဗ္ဗာန်ဟာ နိစ္စ သုခရှိနေတဲ့ အတ္တလော
ဒကာ။ ။ သည်လိုဆို အနှစ်သာရအခိုင်အမာ နိစ္စ သုခ သဘောကိုဆောင်ပြီး မပျက်မစီးဘဲ အမြဲတစေ ငြိမ်းအေးချမ်းသာနေတဲ့ နိဗ္ဗာန်တရားဟာ အတ္တမည်တာပေါ့ ဆရာတော်၊ ဘယ်လိုယူဆပါသလဲ။

အနတ္တဆိုတာ ဘာတွေလဲ၊ ဘာကြောင့် ဘာဖြစ်လို့ အနတ္တမည်တာလဲ

အနတ္တဆိုတာ ဘာတွေလဲ၊ ဘာကြောင့် ဘာဖြစ်လို့ အနတ္တမည်တာလဲ
ဒကာ။ ။ ဗုဒ္ဓဘာသာဝင်တိုင်း အနတ္တ အနတ္တနဲ့ ပါးစပ်က ပြောကြတယ်၊ အနတ္တဆိုတာ ဘယ်ဟာတွေ လဲ၊ ဘာကြောင့် ဘာဖြစ်လို့ အနတ္တခေါ်တာလဲ၊ တိုတိုနဲ့ နားလည်အောင် ရှင်းပြပေးပါဦး ဆရာတော်။ (ပန်းမောင်-သုဓမ္မ၀တီ)

ဝိဝေကဆိုတာ ဘယ်နေရာမျိုးလဲ၊ ၀ိဝေကဆိုတာ ဘာအနက် သဘောလဲ၊

ဝိဝေကဆိုတာ ဘယ်နေရာမျိုးလဲ
ဒကာ။ ။ ၀ိပဿနာတရား အားထုတ်တဲ့အခါ ဆိတ်ငြိမ်ရာ ၀ိဝေကအရပ် ဆိတ်ငြိမ်သော ၀ိဝေကနေရာ ကို ရွေးချယ်ရှာယူရမည်ဟု ပြောကြပါသည်။ ၀ိဝေက ဆိတ်ငြိမ်ရာဆိုတာ လူသူမနီးတောတောင်ကြီးအရပ်ကို ခေါ်ဆိုတာလား ဆရာတော်၊ အနည်းငယ်ရှင်းပြပေးပါ ဘုရား။

မအိုအောင် အသက် ရာ ထောင်ရှည်အောင်ပြုနည်း ဘုရားဟောရှိသလား

မအိုအောင် အသက် ရာ ထောင်ရှည်အောင်ပြုနည်း ဘုရားဟောရှိသလား
ဒကာ။ ။ သာသနာဝင် ကျမ်းစာတွေထဲမှာ မအိုအောင် လုပ်တဲ့နည်း၊ အသက်ရာ ထောင် ရှည်အောင် လုပ်တဲ့နည်းနယများ ဘုရားဟော ရှိပါသလား ဆရာတော်။

မိစ္ဆာဒိဋ္ဌိ ၆၂ ပါးကို ဘယ်သုတ်မှာ ဟောထားပါသလဲ

မိစ္ဆာဒိဋ္ဌိ ၆၂ ပါးကို ဘယ်သုတ်မှာ ဟောထားပါသလဲ
ဒကာ။ ။ မိစ္ဆာဒိဋ္ဌိ အမျိုးအစား ၆၂ ပါးကို မြတ်စွာဘုရား ဘယ်သုတ်များမှာ ဟောကြားတော်မူခဲ့ပါသလဲ ဆရာတော်။

နိယတ ဂတိကော မြဲသောဂတိဆိုတာ ဘာတွေလဲ၊ ဂတိမြဲတာ ဘယ်သူတွေလဲ၊

နိယတ ဂတိကော မြဲသောဂတိဆိုတာ ဘာတွေလဲ
ဒကာ။ ။ ဆရာတော်တို့ ရေစက်ချတဲ့အခါ (နိယတ ဂတိကော) မြဲသော ဂတိရှိသည်ဆိုတာ ဘာကို မြဲသောဂတိလို့ ဆိုတာလဲဆရာတော်။

ဗုဒ္ဓပိဋကတ်တော်၌ ကျန်းမာရေးရာ ဒေသနာရှိပါသလား

ဗုဒ္ဓပိဋကတ်တော်၌ ကျန်းမာရေးရာ ဒေသနာရှိပါသလား
ဒကာ။ ။ ဗုဒ္ဓဘုရားက အာရောဂျံ ပရမံ လာဘံ ဆုလာဘ်အပေါင်းတို့တွင် ကျန်းမာရေးလာဘ်ဟာ အမြတ်ဆုံးပဲလို့ ဟောကြောင်းနဲ့ သိရပါတယ်။
ဗုဒ္ဓရဲ့ ဒေသနာတော်မှာ အသက်ရှည်ရာ အနာကင်းကြောင်းအတွက် ဟောပြညွှန်ကြားချက်များ ရှိပါသလား ဆရာတော်၊ ရှိရင် သိပါရစေဘုရား။

ဓမ္မဒါန၌ အလှူခံသူ ပုဂ္ဂိုလ်ဒြပ် ရှိသလော

ဓမ္မဒါန၌ အလှူခံသူ ပုဂ္ဂိုလ်ဒြပ် ရှိသလော
ဒကာ။ ။ “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ” ဒါနမျိုးများစွာတို့တွင် ဓမ္မဒါနကသာ အမြတ်ဆုံးဖြစ်တယ်လို့ ဆိုထားရာ ဘုရားနဲ့ သံဃာကိုတော့ တိုက်ရိုက်ရှေ့တော်မှောက် ဖူးတွေ့ ပေးလှူလို့ရတယ်။
တရားတော်ဆိုတာက ဓမ္မသဘောသက်သက် ပုဂ္ဂိုလ်ပုံပန်းသဏ္ဌာန်လည်း မရှိတဲ့ ဒီ ဓမ္မ သဘောတရား ကို ဘယ်လိုလုပ်ပြီး ၀တ္ထုပစ္စည်းတွေနဲ့ ပေးလှူရမှာလဲ ဆရာတော်၊ ဓမ္မဒါန ပေးလှူပုံနည်းများ ပိဋကတ်တော်မှာ ပါရင် ညွှန်ကြားပါဘုရား။

ကမ္မဋ္ဌာန်းထိုင်သူဟာ ညောင်းရင်မပြင်ရဘူးလား

ကမ္မဋ္ဌာန်းထိုင်သူဟာ ညောင်းရင်မပြင်ရဘူးလား
ဒကာ။ ။ ကမ္မဋ္ဌာန်းထိုင်သူဟာ ဣရိယာပုတ်ကို မပြင်မပြောင်းဘဲ တစ်ခါတည်း တောက်လျှောက် ထိုင် နေရတော့မှာလား ဆရာတော်၊ ညောင်းမပြင်နဲ့ ယားမကုတ်နဲ့ စသည်ဖြင့် ကမ္မဋ္ဌာန်းပြဆရာတွေက တားမြစ်ထား တော့ တစ်ကြိမ်ထိုင်ပြီး လန်ကုန်ကြရော၊ နောက်ခေါ်လို့မရတော့ဘူး ဘုရား၊ အဲဒါလေးကွဲပြားအောင် မိန့်ကြားပါ ဦး ဘုရား။

သာသနာတော်၏ ဦးတည်ချက်ပန်းတိုင်ရှိသလား

သာသနာတော်၏ ဦးတည်ချက်ပန်းတိုင်ရှိသလား
ဒကာ။ ။ လုပ်ငန်းဝါဒတစ်ခု တည်ထောင်ရင် ဦးတည်ချက်ပန်းတိုင်ဆိုတာ ရှိရစမြဲပဲ ဆရာတော်၊ ဒါကြောင့် ဗုဒ္ဓသာသနာတော်ရဲ့ ဦးတည်ချက် ပန်းတိုင်ကို သိပါရစေ ဆရာတော်၊ ပိဋကတ်ကျမ်းဂန်က ဘယ်လိုများ ညွှန်ကြားစေခိုင်းပါသလဲ ဘုရား။

စိတ် - နာမ် လျင်မြန်ပုံ ကာလ ပမာဏ အမေး

စိတ် - နာမ် လျင်မြန်ပုံ ကာလ ပမာဏ အမေး
ဒကာ။ ။ စိတ် နာမ် သဘောဟာ ပြောမပြနိုင်အောင် လျင်မြန်စွာဖြစ်ခြင်း ရှိတယ်လို့ ပြောဆိုကြပါတယ်၊ ကာလပမာဏကို သိပါရစေ ဆရာတော်။

ဥပုသ်သည်များ သီချင်းဆိုသံကို နားထောင်ကောင်းသလား

ဥပုသ်သည်များ သီချင်းဆိုသံကို နားထောင်ကောင်းသလား
ဒကာ။ ။ သီလ စောင့်ထိန်းသော သီတင်းသည်နဲ့ တရားအားထုတ်သော ယောဂီများဟာ သီချင်း(ဂီတ) သံကို နားထောင်ကောင်းပါသလား ဆရာတော်၊ ကျမ်းဂန်နဲ့အညီ ရှင်းပြပေးပါဘုရား၊ တချို့က နား ထောင်ကောင်းတယ် ပြောဟောနေကြလို့ပါ။

မိမိ အရိယာဖြစ်ကြောင်း မပြောပြကောင်းဘူးလား

မိမိ အရိယာဖြစ်ကြောင်း မပြောပြကောင်းဘူးလား
ဒကာ။ ။ သစ္စာလေးပါး သိမြင်လို့ အရိယာဖြစ်သွားတဲ့ သူဟာ မိမိအရိယာဖြစ်ကြောင်း သူတစ်ပါးအား မပြောကြားကောင်းဘူးလား ဆရာတော်၊ ဗုဒ္ဓစာပေက ဘယ်လို ပါသလဲလို့ ကွဲပြားအောင် မိန့်ကြားပါဦး ဘုရား။

ရဟန္တာ စစ် မစစ်ကို သိနည်း

ရဟန္တာ စစ် မစစ်ကို သိနည်း
ဒကာ။ ။ ခုခေတ် ဆဋ္ဌသင်္ဂါယနာကြီးရဲ့ နောက်ပိုင်း သာသနာ ၂၅၀၀ ကျော် အပိုင်းမှာ ရဟန္တာတွေက ဟိုမှာပေါ် သည်မှာပေါ်နဲ့ ရဟန္တာဟုတ် မဟုတ်၊ စစ် မစစ်ကို သိနိုင်တဲ့ နည်းများရှိရင် ညွှန်ပြပေးပါ ဆရာတော်။

ပညာ အတိမ်အနက် သိနည်း

ပညာ အတိမ်အနက် သိနည်း
ဒကာ။ ။ လူ၊ ရှင်၊ ရဟန်း၊ ပုဂ္ဂိုလ်၊ တစ်ဦးတစ်ယောက်ရဲ့ ပညာရှိ မရှိ အတိမ်အနက်ကို သိနိုင်တဲ့နည်း များ ညွှန်ကြားချက် ပိဋကတ်တော်မှာ ပါရှိပါသလား ဆရာတော်၊ ပါရင် သိပါရစေ ဘုရား။

သီလသိက္ခာပုဒ်တစ်ခုပျက်က အကုန်ပျက်သလား

သီလသိက္ခာပုဒ်တစ်ခုပျက်က အကုန်ပျက်သလား
ဒကာ။ ။ လူ၊ ရှင်၊ ရဟန်းတို့ စောင့်ထိန်းကြသော သီလသိက္ခာပုဒ်တွေဟာ တစ်ပါးပါးကို ကျူးလွန်လို့ ပျက်သွားရင် အကုန်လုံးပျက်သွားရောလား ဆရာတော်၊ တစ်ပါးပျက်တာနဲ့ အကုန်လုံးပျက်ပြုန်းသွားရတယ်ဆို တာ ဖြစ်နိုင်ပါသလား ရှင်းပြပေးပါဘုရား။

လောကဓံရဲ့ မူရင်းအစစ်ဆိုတာ ဘာလဲ

လောကဓံရဲ့ မူရင်းအစစ်ဆိုတာ ဘာလဲ
ဒကာ။ ။ လောကဓံဆိုတာ ဘယ်ဟာကိုခေါ်တာလဲ၊ ဘာဖြစ်လို့ လောကဓံခေါ်တာလဲ ဆိုတာ သူ့ရဲ့မူရင်းဓမ္မကို ရှင်းပြပေးစေချင်ပါတယ် ဆရာတော်။

ရိပ်သာသောတာပန်နှင့် ရဟန္တာများ၊ လုပ်ရဟန္တာများ

ရိပ်သာသောတာပန်နှင့် ရဟန္တာများ
ဆရာ။ ။ အင်း… ဒါမျိုးတွေက သူတို့တရားထိုင်တဲ့ ရိပ်သာထဲမှာသာ သူတို့ဆရားသမားများက တင်စားပေးလိုက်တဲ့ သောတာပန် ရဟန္တာတွေပါ၊ ဓမ္မသဘောအမှန်နဲ့ ဖြစ်တာတော့ဟုတ် မထင်ပါဘူး။
လုပ်ရဟန္တာများ
အဲဒါတွေကို လုပ်ပေးထားတဲ့ လုပ်ရဟန္တာမျိုးတွေလို့ မန္တလေးသကျသီဟ နာယကဒကာကြီးတွေက

သောတာပန်၌ ဣဿာ မစ္ဆရိယ ရှိသေးသလော

သောတာပန်၌ ဣဿာ မစ္ဆရိယ ရှိသေးသလော
ဒကာ။ ။ သောတာပန်ပုဂ္ဂိုလ်များ ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာ လုံးဝပယ်တာကိုတော့ သိပါတယ် ဆရာတော်၊ သူတစ်ပါးက ကိုယ့်ထက်သာတာကို မလိုမုန်းထားတဲ့ ဣဿာတရားဆိုးနဲ့ မိမိပိုင် မိမိနဲ့စပ်ဆိုင်တဲ့ ဥစ္စာပစ္စည်းကို သူတစ်ပါးနဲ့ မဆက်ဆံ မခံစားစေလိုတဲ့ ၀န်တိုမှု မစ္ဆရိယတရားဆိုးများ ရှိပါသေးသလားဆရာတော်။

ဝိပဿနာယောဂီသေရင် နတ်ပြည်ရောက်တယ်ဆိုတာကော မှန်ပါသလား၊ ၀ိပဿနာအလုပ်နဲ့ ဘ၀ပြုတ် ရှုပ်ထွေးလာပြန်ခြင်း

ဝိပဿနာယောဂီသေရင် နတ်ပြည်ရောက်တယ်ဆိုတာကော မှန်ပါသလား
ဒကာ။ ။ အနို့ ၀ိပဿနာတရား အားထုတ်ပွားများတဲ့သူဟာ သေရင်နတ်ပြည်ရောက်တယ်လို့ ပြောဟောနေကြတာကော မှန်ပါသလား ဆရာတော်၊ ပိဋကတ်ကျမ်းဂန်များမှာ ပါလို့လား။

ဝိပဿနာ ကုသိုလ်သည် ဘ၀ကို ချုပ်ပြတ်စေသလား

ဝိပဿနာ ကုသိုလ်သည် ဘ၀ကို ချုပ်ပြတ်စေသလား
ဒကာ။ ။ အချို့ရိပ်သာ ဆရာတော်တွေက ဘ၀ပြတ်ကုသိုလ် ဘ၀ဆင်းရဲချုပ်တဲ့ ကုသိုလ်ဟု ၀ိပဿနာတရားတွေကို ဟောကြားအားထုတ်ခိုင်းနေကြတာ ရှိပါတယ်ဆရာတော်။
အခု ပုထုဇဉ်တွေ အားထုတ်ပွားများနေတဲ့ ၀ိပဿနာကုသိုလ်ကံက ဘ၀တစ်ပါးရဲ့ ပဋိသန္ဓေနေမှုကို မပေးတော့ဘူးလား ဆရာတော်၊ ပိဋကတ်ကျမ်းစာမှာ ဘယ်လိုများပါ ပါသလဲ။

မြတ်ဗုဒ္ဓလက်ထက် ကျွတ်တမ်းဝင်သူ အရေအတွက်

မြတ်ဗုဒ္ဓလက်ထက် ကျွတ်တမ်းဝင်သူ အရေအတွက်
ဒကာ။ ။ မြတ်စွာဘုရားသခင် သက်တော်ထင်ရှား တရားဟောစဉ် နိဗ္ဗာန်ဝင်သော ဘ၀ပြတ် သာဝကဦးရေ မည်မျှရှိကြောင်း ပိဋကတ်တော်မှတ်တမ်းများ ရှိပါသလား ဆရာတော်၊ ရှိရင် သိပါရစေဘုရား။

သာမုတ္တံသိက ဒေသနာဆိုတာ ဘာလဲ

သာမုတ္တံသိက ဒေသနာဆိုတာ ဘာလဲ
ဒကာ။ ။ ဆရာတော် ရေးပြုတဲ့ သုတေသန အဘိဓါန်ကျမ်း ဒေသနာတော် ထုတ်ပြရာကဏ္ဍ ၂ မျိုး၊ ၃ မျိုးထဲမှာ သာမုက္ကံသိက ဒေသနာတော်ရဲ့ အနက်အဓိပ္ပါယ်မပါလို့ ယင်းဒေသနာတော်ကို ရှင်းပြစေလိုပါတယ် ဆရာတော်။

ဗုဒ္ဓကိုယ်တော်မှာ ဂရုဂါရ၀ပြုစရာများ ရှိပါသေးသလား

ဗုဒ္ဓကိုယ်တော်မှာ ဂရုဂါရ၀ပြုစရာများ ရှိပါသေးသလား
ဒကာ။ ။ မြတ်စွာဘုရား၏ ဘဂ၀ါဂုဏ် ဘုန်းတန်ခိုးအရာ သူ့ထက်ကြီးမြတ်သူမရှိပါ၊ အတုလဂုဏ် တူသူပြိုင်သူ မပေါ်မရှိပါ၊ အနုတ္တရဂုဏ်တော် သူ့ထက်လွန်မြတ်သူ မရှိပါလို့ ဆိုထားတော့ကာ မြတ်စွာဘုရားရှင် ဂါရ၀ပြုစရာ ရိုသေလေးစားစရာများ ရှိပါသေးသလား ဆရာတော်၊ ရှိရင် သိပါရစေ ဘုရား။

နိဗ္ဗာန်ကို ကွန်ပျူတာစတဲ့ သိပ္ပံနည်းနဲ့ ရှာလို့ ရ မရ

နိဗ္ဗာန်ကို ကွန်ပျူတာစတဲ့ သိပ္ပံနည်းနဲ့ ရှာလို့ ရ မရ
ဒကာ။ ။ နိစ္စ- မြဲသော၊ သုခ- ချမ်းသာ၊ နိစ္စသုခ ဓါတ်သဘောရှိတဲ့ နိဗ္ဗာန်တရားမြတ်ကို ကွန်ပျူတာစ သော သိပ္ပံပညာရပ်ဖြစ်တဲ့ လောကဓါတ်နည်း အမျိုးမျိုးတို့ဖြင့် ကြံစည်စမ်းသပ် ရှာဖွေလို့ ရနိုင်၊ မရနိုင်၊ ပိဋကတ် တော် အထောက်အထားနဲ့ တိုတိုကျဉ်းကျဉ်းကလေးပဲ အများမှတ်ဖို့ ဆုံးဖြတ်ပေးပါ ဆရာတော်။

ဆု - မတောင်းကောင်းဘူးလား ဆု - တောင်းကောင်းသလား

ဆု - မတောင်းကောင်းဘူးလား ဆု - တောင်းကောင်းသလား
ဒကာ။ ။ ဘာသာရေးနဲ့ စပ်ပြီး အချို့ဆရာတော်တွေကလည်း ဆု - မတောင်းကောင်းဘူး၊ ဆုတောင်း လို့ ရတာမဟုတ်ဘူး၊ လုပ်ယူမှ ရတာဟု ဟောပြောကြပါတယ်၊ အချို့ဆရာတော်တွေကလည်း ဆုဆိုတာ တောင်းကောင်းတယ်၊ တောင်းသာတောင်းကြ၊ ဆန္ဒပြုပြီး တောင်းရင် ရနိုင်တယ်ဟု ပြောဟောနေကြပါတယ်။
ဒါပေမယ့် လူတိုင်းလိုလိုပဲ ကောင်းမှုပြုပြီးရင် ဘာဖြစ်ပါရစေ၊ ဘာဖြစ်ရပါလို၏ဟု ဆုတောင်းနေကြတာ သူတို့တောင်းတိုင်း ဖြစ်နိုင် ရနိုင်ပါသလား၊ တောင်းတိုင်းဖြစ်ရင် လားရာဂတိမြဲသူတွေ ဖြစ်ကုန်မှာပေါ့ ဆရာတော်၊ ကျမ်းဂန်သာဓကနဲ့ ဖြေရှင်းပေးပါဘုရား။

ဓမ္မစေတီ ဆိုတာ ဘာလဲ

ဓမ္မစေတီ ဆိုတာ ဘာလဲ
ဒကာ။ ။ ဗုဒ္ဓသာသနာတော်မှာ လူနတ်တို့ ကိုးစားဆည်းကပ်စရာ ဓမ္မစေတီရယ်လို့ ပိဋကတ်တော်များ ၌ ပါရှိပါသလား ဆရာတော်၊ ဘာကိုခေါ်ပါသလဲ သိပါရစေ ဘုရား။

ဒါန သီလ သမထသည် မှားသော မိစ္ဆာအကျင့်လော

ဒါန သီလ သမထသည် မှားသော မိစ္ဆာအကျင့်လော
ဒကာ။ ။ ဒါန အလှူပေးခြင်း၊ သီလ သီတင်းသီလ ဆောက်တည်ခြင်း၊ သမထ တရားပွားများခြင်း ပြုသူတို့ကို မိစ္ဆာ ပဋိပဒါ မှားသောအကျင့်လို့ ပြောဟောနေကြတာ မှန်ပါသလား ဆရာတော်၊ ဘုရားဟောရှိပါသ လား။

လူ့ပြည်၌ ပြန်ဖြစ်သော သောတာပန်များ ရှိသလား သောတာပန်သေရင် သူဆင်းရဲမျိုး၌ ဖြစ်သလား

လူ့ပြည်၌ ပြန်ဖြစ်သော သောတာပန်များ ရှိသလား
သောတာပန်သေရင် သူဆင်းရဲမျိုး၌ ဖြစ်သလား
ဒကာ။ ။ အရိယာပိုင်းရဲ့ အောက်ထစ်ဆုံး သောတာပန်သေရင် ယုတ်ညံ့ဆင်းရဲ မွဲတေသော အမျိုး၌ ဖြစ်ကောင်းပါသေးသလား ဆရာတော်။
ပိဋကတ်တော်စာပေများမှာ သောတာပန်သေလို့ လူ့ပြည်ပြန်ဖြစ်တဲ့ သောတာပန်ဝတ္ထုအကြောင်းများ ရှိရင်လည်း သိပါရစေ ဆရာတော်၊ ညွှန်ကြားပြပါဦး ဘုရား။

အနိစ္စ ဒုက္ခ အနတ္တ ကို ရွတ်ဆိုပြီး ပုတီးစိပ်ကောင်းပါသလား

အနိစ္စ ဒုက္ခ အနတ္တ ကို ရွတ်ဆိုပြီး ပုတီးစိပ်ကောင်းပါသလား
ဒကာ။ ။ ခုကာလမှာ ပုတီးစိပ်စေရာ စာပေတွေက အမျိုးမျိုးထွက်နေလို့ ဘယ်မှာနေတဲ့ဆရာတော်ဆီ ဘယ်က ဆန်ရောင်းစားသူ အမျိုးသမီးက ပေးခဲ့တဲ့ ပုတီးစိပ်နည်း၊ ဘယ်ဘုရားရုပ်ပွားတော်ရဲ့ ဓမ္မခဏ်မှာပါတဲ့ ပုတီးစိပ်နည်း၊ ဒီဟာကို ပုတီးစိပ်ရင် အသက်တစ်ထောင်ရှည်တယ်၊ ရွှေ၊ ငွေတွေ ပေါတယ်၊ ဆန်တွေရောင်းလို့ မကုန်နိုင်ဘူး စသည်ဖြင့် ညွှန်ကြားချက်မက်လုံးအမျိုးမျိုးနဲ့ စာအုပ်ပေလွှာတွေ ပလူပျံနေတာပဲ ဆရာတော်။

ယထာဘူတဉာဏ်ဆိုတာ ဘာလဲ

ယထာဘူတဉာဏ်ဆိုတာ ဘာလဲ
ဒကာ။ ။ ယထာဘူတဉာဏ်ဆိုတာက ဘယ်လိုဉာဏ်မျိုးပါလဲ ဆရာတော်၊ နည်းနည်း ထပ်ရှင်းပြပါဦး ဘုရား။

ဆရာကောင်း ရှာနည်းများ ဘုရားဟောရှိပါသလား

ဆရာကောင်း ရှာနည်းများ ဘုရားဟောရှိပါသလား
ဒကာ။ ။ လူသားအပေါင်းတို့၏ ကောင်းကျိုးချမ်းသာရေး အစစ်အမှန်ကို ပေးနိုင်တဲ့ ဆရာမျိုးကို လိုချင်တဲ့သူဟာ ဘယ်ပုံဘယ်နည်းနဲ့ ဘယ်လိုအရည်အချင်းရှိတဲ့ ဆရာမျိုးကို ရှာဖွေဆည်းကပ်ရမည်ဆိုတဲ့ အမှာစကားများကို မြတ်စွာဘုရား မှာကြားချက်များ ထားရှိပါသလား ဆရာတော်။

သာသနာပ လောကထဲမှာ ရဟန္တာတွေ အမြဲရှိနေသလား

သာသနာပ လောကထဲမှာ ရဟန္တာတွေ အမြဲရှိနေသလား
ဒကာ။ ။ လောကထဲမှာ ရဟန္တာတွေ အမြဲရှိနေတယ်၊ ဘယ်သောအခါမှ မဆိတ်သုဉ်း ဘူးဆိုတာ ကျမ်းစာထဲမှာ ပါပါသလား ဆရာတော်၊ ဘုရားမပွင့်တဲ့ သုညကမ္ဘာလောကထဲမှာ ရဟန္တာများ ရှိကောင်းလို့လား၊ ရှင်းပြပေးပါဆရာတော်။

ပညာနှင့်ဉာဏ် ထူးသလော

ပညာနှင့်ဉာဏ် ထူးသလော
ဒကာ။ ။ ဉာဏ်နှင့် ပညာ၊ သို့မဟုတ် ပညာနှင့် ဉာဏ်ဟာ ထူးထွေခြားနားမှုများ ရှိပါ သလား၊ အတူတူပဲလား

သုခဝေဒနာသည် ဒုက္ခသစ္စာလော

သုခဝေဒနာသည် ဒုက္ခသစ္စာလော
ဒကာ။ ။ ၀ိပဿနာတရား ရှုပွားတဲ့အခါ သုခဝေဒနာပေါ်လာရင် သုခဝေဒနာလို့ ရှုမှတ် ပွားများနေရမယ်လို့ ဝေဒနာနုပဿနာ သတိပဋ္ဌာန်က ဆိုထားတဲ့အတိုင်း သုခဝေဒနာ သုခဝေဒနာလို့ မှတ်သိနေရင် ဒုက္ခသစ္စာကို ပိုင်ခြားသိမြင်နိုင်ပါမည်လား ဆရာတော်၊ သုခနှင့် ဒုက္ခက ဆန့်ကျင်ဘက် မဟုတ်ပါလား၊ ကျမ်းဂန်က ဘယ်လိုဆိုပါသလဲ ဘုရား။

လက္ခဏာရေး သုံးပါးစလုံးကို ရှုပွားရမှာလား

လက္ခဏာရေး သုံးပါးစလုံးကို ရှုပွားရမှာလား
ဒကာ။ ။ သာသနာတော်မှာ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးပါးပိုင်းခြားရှုမှတ် ပွားများနိုင်ဖို့ဟာ အရေးအကြီးဆုံးအလုပ်ပဲဟု ဟောကြားကြပါတယ်၊ သုံးပါးစလုံးကိုပဲ လိုက် မှတ်ပွားများနေရမှာလား၊ တစ်ပါးတည်းကိုပဲ မိအောင်မြင်အောင် ရှုမှတ်နေရမှာလား၊ ကျမ်းစာ ကဘယ်လို မှာဆိုပါသလဲ ဆရာတော်။

ရဟန္တာများ အမှားရေး အမှားဆိုပုံ

ရဟန္တာများ အမှားရေး အမှားဆိုပုံ
ဒကာ။ ။ လောဘ၊ ဒေါသ၊ မောဟ၊ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ ကင်းစင်တဲ့ ရဟန္တာအရှင်မြတ်များ ဟာ (ပမာဒ လေခ) အမှားရေး အမှားဆိုတွေရှိတယ်လို့ ပြောကြတာမှန်ပါသလား ဆရာတော် ရှင်းပြပေးပါဘုရား။

မိစ္ဆာဒိဋ္ဌိ ၆၂ ပါးလုံးကို လိုက်သတ်ရမည်လား

မိစ္ဆာဒိဋ္ဌိ ၆၂ ပါးလုံးကို လိုက်သတ်ရမည်လား
ဒကာ။ ။ မိစ္ဆာဒိဋ္ဌိ ၆၂ ပါးကို ပယ်ရ သတ်ရမည်၊ လက်မခံရဘူးဟု ဟောကြားနေကြရာ တစ်ပါးစီလိုက်ပြီး ကုန်အောင်သတ်နေရမှာလား၊ တစ်ပြိုင်နက် တစ်ချက်တည်းသတ်လို့ရတဲ့ နည်းများကော မရှိဘူးလား ဆရာတော်၊ ၆၂ ပါးသော မိစ္ဆာဒိဋ္ဌိဆိုတာလည်း ပြောလို့သာ ကြား ရတယ်၊ ဘာတွေမှန်းလည်း မသိရဘူး၊ ရှင်းပြပါဦး ဆရာတော်။

အနတ္တက အတ္တ ဖြစ်လာပြန်ခြင်းများ

အနတ္တက အတ္တ ဖြစ်လာပြန်ခြင်းများ
ဒကာ။ ။ သဗ္ဗေ ဓမ္မာ အနတ္တာ တို့၊ အနိစ္စ ဒုက္ခ အနတ္တတို့ဟာ နေရာတကာ ရိပ်သာတကာမှာ ဟောကြားနေကြတာပဲ ဆရာတော်၊ အားလုံးရှိသမျှ အနတ္တလို့လည်း ဟောသေးရဲ့၊ တချို့ဆရာတော်တွေက……
အတ္တာဟိ အတ္တနော နာထော
ကောဟိ နာထော ပရော သိယာ။
ငါ့ကို ငါသာ အားထားရာတည့်၊ ငါမှအခြား သူတစ်ပါးကား အားထားရာမဟုတ်၊ ငါလုပ် မှ ငါရသည်၊ ငါ့လုပ်ခ ငါသာရ၏ဟု ဟောကြားနေကြပြန်ပါသည်။
စသည်ဟောကြားချက်တွေဟာ မှားမနေဘူးလား ဆရာတော်၊ ရှင်းပြပါဦးဘုရား။

လူနာများ လိုက်နာပြုကျင့်ရမည့် အင်္ဂါရှိပါသလား

လူနာများ လိုက်နာပြုကျင့်ရမည့် အင်္ဂါရှိပါသလား
ဒကာ။ ။ ဆရာတော် မကျန်းမမာဘူးကြားလို့ လာတာပါ၊ ဘယ်လိုဖြစ်တာလဲ သက်သာပါရဲ့လား။ ဗုဒ္ဓဘုရားကကော လူနာများအတွက် ကျန်းမာရေးနည်းလမ်းများ လိုက်နာပြုမူရန် ညွှန်ကြားပေးတာ ပိဋကတ်တော်မှာ ရှိပါသလားဆရာတော်။

ဗုဒ္ဓဘုရား၏ ငါစွဲ အတ္တ ရှိသေးသနော်

ဗုဒ္ဓဘုရား၏ ငါစွဲ အတ္တ ရှိသေးသနော်
ဒကာ။ ။ မြတ်စွာဘုရားကရော၊ ဆရာတော်တို့ကပါ အတ္တဒိဋ္ဌိမရှိရ မစွဲရ ငါစွဲဖြုတ်ပါ “သဗ္ဗေ ဓမ္မာ အနတ္တာ” ငါမရှိ ငါ့ဥစ္စာမရှိ အားလုံးရှိသမျှ အနတ္တချည်းသာလို့ ဟောပြောဆုံးမနေကြပေမင့် ဗုဒ္ဓဘုရားကတော့….
(၁) ဘိက္ခဝေ၊ ငါ၏ချစ်သား ရဟန်းများတို့။
(၂) ဧ၀- မဟံ ၀ဒါမိ၊ ငါဘုရား ဤသို့ ဟော၏။
(၃) သုဏာထ မမ ၀စနံ၊ ငါ့စကားကို နားထောင်ကြ…..
စသည်ဖြင့် စာပေကျမ်းဂန်တွေထဲမှာ ငါဘုရား၊ ဘုရားငါတွေ များစွာဖတ်ရလို့ ဘုရားသခင်မှာ ငါစွဲ အတ္တဒိဋ္ဌိ ရှိသေးတယ်နော် ဆရာတော်။

ဝိပဿနာပညာနှင့် ၀ိပဿနာဉာဏ် ထူးသလော
ဒကာ။ ။ ၀ိပဿနာတရား သင်ကြားအားထုတ်ရာ၌ ၀ိပဿနာပညာနှင့် ၀ိပဿနာဉာဏ်ဆိုတာမှာ ဉာဏ်နဲ့ပညာဟာထူးလို့လား ဆရာတော်၊

ပကိဏ္ဏက ပဥှာ ကဏ္ဍ

ဘ၀ကို မြတ်စွာဘုရား ချီးမွမ်းသည် မဟုတ်ပါလော
ဒကာ။ ။ ဘ၀ဆိုတာ မကောင်းဘူး၊ ဒုက္ခသစ္စာသာဖြစ်တယ်၊ ဘ၀ပြတ်လုပ်ရမယ်၊ ဘ၀ကို ထပ်မလိုချင်နဲ့စသည်ဖြင့် ရိပ်သာတကာမှာ ဟောကြားနေကြတာ ကြားရပါတယ်။ မြတ်စွာဘုရားက (မနုဿတ္တဘာဝေါ ဒုလ္လဘော) လူ့ဘ၀ဆိုတာ ရခဲတယ်၊ လူ့ဘ၀ရသူဟာ အရတော်တယ်ဟု ဆိုသဖြင့် ဘ၀ကို ရအောင်လုပ်ဖို့ ချီးမွမ်းတိုက်တွန်းရာ မကျဘူးလား ဆရာတော်၊ အနည်းငယ်မျှ ရှင်းပြပါဦး ဘုရား။

Saturday, June 19, 2010

သမ္မာဒိဋ္ဌိ ပဥှာကဏ္ဍ

သမ္မာဒိဋ္ဌိ ပဥှာကဏ္ဍ
ဒကာ။ ။ အရင် သုံးလေးလပိုင်းက ဆရာတော် မိန့်ကြားဖြေဆိုသွားတဲ့ ဥပါသကာဂုဏ်ရည် အမေးအဖြေကဏ္ဍထဲမှာ သရဏဂုံ ၃ ပါး ဆောက်တည်ခံယူပုံနည်းများနဲ့ ရတနာ ၃ ပါး၏ ဂုဏ်ကို မတုန်မလှုပ်ယုံကြည်ကိုးစား ကျင့်ပွားရပုံများကို လူအများ နားလည်နိုင်လောက် အောင် ဒကာကြီးတို့ကိုယ်တိုင်လည်း အားရကျေနပ်နှစ်သက်မှုရအောင် ပြောပြဖြေကြားသွား လို့ များစွာပဲ ကျေးဇူးတင် ၀မ်းသာရပါတယ် ဆရာတော်။
အဲဒီ သရဏဂုံ ၃ ပါးနဲ့ ရတနာ ၃ ပါးဆိုတဲ့စကားများထဲမှာ သမ္မာဒိဋ္ဌိ ခေါ်တဲ့ အဘိဓါန် ပုဒ် စကားလုံးကိုလည်း ခပ်များများ ထည့်သွင်းသုံးစွဲသွားတာကို မှတ်သားထားမိပါတယ်၊ ဒါကြောင့် သမ္မာဒိဋ္ဌိ ဆိုတဲ့ ဗုဒ္ဓဘာသာသုံး အဘိဓါန်ပုဒ်ရဲ့ အနက်အဓိပ္ပါယ်ကို သိပါရစေ ဆရာတော်။

Friday, June 18, 2010

ဥပါသကာ မေး ဖြေ ကဏ္ဍ

ဥပါသကာ မေး ဖြေ ကဏ္ဍ
ဒကာ။ ။ ဥပါသကာဆိုတာ ဘုရား၊ ကျောင်း၊ စေတီနားမှာ အ၀တ်ဖြူဝတ်ကာ ကြေးစည်ထုပြီး ပိုက်ဆံခံယူနေတဲ့ သူကို ခေါ်ဆိုတာလား ဆရာတော်။
၁။ ဥပါသကာဆိုတာ ဘယ်လိုလူလဲ။
၂။ ဘာ့ကြောင့် ဥပါသကာခေါ်သလဲ။
ဥပါသကာဆိုတဲ့ အဘိဓါန်ပုဒ်ကို အနက်အဓိပ္ပါယ် ထုတ်ပြပါဦးဘုရား။ ။
ဆရာတော်က မြန်မာအဘိဓါန်ကျမ်းပြုပုဂ်္ဂိုလ်မို့ အနက်မထင်တဲ့ (ဥပါသကာ) အဘိဓါန်ပုဒ်ကလေးကို လာရောက်ဆွေးနွေး မေးမြန်းမှု ပြုကြတာပါဆရာတော်။

အမေးပဥှာတွေများလာပုံ

အမေးပဥှာတွေများလာပုံ
၎င်းဓမ္မဂုဏ်တော် အနန္တထဲမှ ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာကျမ်းစာအုပ်ထဲသို့ပြေးကာ ပြေးကာ ၀င်ဝင်လာကြသော အမေးပဥှာအမျိုးမျိုးတွေ ကျယ်ပြန့်ကြီးထွားလာပုံ အကြောင်းရပ်တို့ကား ဤကျမ်းပြုသူမိမိသည်
(က) ၁။ မြန်မာပါဠိ အဘိဓါန်ကျမ်းကြီးကို ပြုစုထုတ်ဝေပေးခဲ့ခြင်း။
၂။ မြန်မာမှမြန်မာသို့ စံပြအဘိဓါန်ကျမ်းကြီးကို ပြုစုထုတ်ဝေပေးခဲ့ခြင်း။
၃။ စာပေ၀ိဒူ ရဟန်း၊ ရှင်၊ လူတို့အနှစ်သက်ဆုံးဖြစ်သော သုတေသန သရုပ်ပြအဘိဓါန်ကျမ်းကြီးကို ပြုစုထုတ်ဝေပေးခဲ့ခြင်း။
၎။ ယောဂီလက်စွဲ ကျမ်းမြတ်ကို ထုတ်ဝေပေးခဲ့ခြင်း။

တိပိဋကဓရနှင့်စာမှတ်ပုဂ်္ဂိုလ်

တိပိဋကဓရနှင့်စာမှတ်ပုဂ်္ဂိုလ်

ထိုအခါ သူဌေးကြီး၏ လျှောက်ထားတောင်းဆိုချက်အရ ဥက္ကဌဆရာတော်က မိမိကို ခေါ်ယူစစ်ဆေးလေသည်။
မိမိက အရှင်ဝဏ်္ဏိတသည် အထောက်အမလုံးဝမရှိဘဲ ထူးကဲကျေပွန်စွာရရှိသူ ဖြစ်ကြောင်း၊ ထိုနေ့မှတ်တမ်းဇယား၌ မိမိလက်မှတ်ထိုးစဉ်က ဤ(ထောက်ရ)မှတ်ချက်မရှိကြောင်း၊ နောက်မှရေးထည့်သောအရာဖြစ်နိုင်ကြောင်းနှင့် တင်ပြလျှောက်ထားရသည်။

ဤကျမ်းစာဖြစ်ပေါ်လာပုံ ခြင်းရာစုံ အကျဉ်းချုပ်ကား

ဤကျမ်းစာဖြစ်ပေါ်လာပုံ ခြင်းရာစုံ အကျဉ်းချုပ်ကား

ဤသုတေသန သမ္မာမဂ္ဂင်္ဂ ပဥှာကျမ်းစာအုပ်ကို ရေးပြုထုတ်ဝေသူ(မိမိ)သည် ဆဌသံဂါယနာ မဟာဓမ္မသဘင်ကြီး မတင်မီကပင် ကြိုတင်၍ ပါဝင်ပြုလုပ်ခဲ့မှုများမှာ
၁။ ပိဋကတ်သုံးပုံ ပါဠိတော်နှင့် အဌကထာ ဋီကာများကို စစ်ဆေးပြင်ဆင်လျက် အမှန်ရောက်နိုင်အောင် တင်ပြပေးရသော ဆဌ မူလ၀ိသောဓကအဖွဲ့ကြီး၏အကျိုးဆောင်အဖြစ်လည်းကောင်း။

ကျမ်းစာပြုသူအရှင်၏ ဘ၀ဖြစ်စဉ်(အတ္ထုပ္ပတ်္တိ)

ဖွားမြင်တော်မူခြင်း
အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်ရရှိတော်မူသော သုတေသန သရုပ်ပြ အဘိဓာန် ကျမ်းပြုဆရာတော် ဘဒ္ဒန္တ သြဘာသာဘိဝံသမထေရ်မြတ်သည် ဧရာဝတီတိုင်း မအူပင်မြို့အနီး ခရီးခြောက်မိုင်ခန့်အကွာ

စာဖတ်သူတို့၏ ချင်ခြင်းတစ်မျိုး

စာဖတ်သူတို့၏ ချင်ခြင်းတစ်မျိုး
ဤကျမ်းမြတ်ဖတ်သူတို့သည် ကျမ်းစာပြုသူအရှင်၏ ဘ၀ဖြစ်စဉ်(အတ္ထုပ္ပတ်္တိ) ကို သိလိုကြပေလိမ့်မည်။ ဤကား စာဖတ်သူတို့၏ ချင်ခြင်းတစ်မျိုးပင်ဖြစ်၏။

ထပ်မံ၍ထင်ရှားစေခြင်းများ

ထပ်မံ၍ထင်ရှားစေခြင်းများ
ဤကျမ်းစာဖတ် ပညာတတ်တို့သတိချပ်ရန်မှာ သဗ္ဗညု သမ္မာသမ္ဗုဒ္ဓ၏ ဘာသာဝင် တပည့်ခံကာမျှ သာဝကအချို့တို့သည် ကြိုးကြား၊ကြိုးကြား မိမိတို့ ကြည်ညိုလေးစားကိုးကွယ်ထားသော သမ္ဗုဒ္ဓဘုရားရုပ်ပွားတော်၏ အောက်နား၌ တွဲဖက်ထည့်စွက်ကာ အိမ်ဦးခန်း၌ တည်ထားသော နတ်၊ သိကြား၊ ဘိုးတော်၊ မယ်တော် အနောက်ဖက် ရှင်မ၊ အိမ်တွင်း မင်းမဟာဂီရိ၊ မင်းကြီး၊ မင်းကလေး၊ ဘိုးမင်းကျော်၊ မနှဲကလေး၊ သူရဿတီ၊ မြင်းရုပ်၊ ဆင်ရုပ်၊ သရဲ၊ သဘက်၊ ထွက်ရပ်ပေါက်၊ ၀ိဇ္ဇာဓိုရ် စသည်တို့ကို ယုံကြည်စွာ ပွဲထိုး၍ ပန်း၊ ဆီမီး၊ အမွှေး၊ နံ့သာ အမျိုးမျိုးတို့ဖြင့် ပူဇော်ပသ ကိုးကွယ်ရှိခိုးကာ အားကိုးစွာဖြင့် ဆုတောင်းပတ္တနာမှုများ ပြုလုပ်နေကြသည်ကို ဤသုတေသနသမ္မာ မဂ္ဂင်္ဂကျမ်းစာက သို့မဟုတ် ကျမ်းဆရာက မပြုလုပ်ရ၊ မကိုးကွယ်ရ ဟု မတားမြစ်မကန့်ကွက် မပိတ်ပင်ပါ၊

ညွှန်ကြားလွှာ

ဘာသာရေးနှင့် ညွှန်ကြားလွှာ

ဟုတ်ပါသည်၊ မည်သည့်ဘာသာဝင်သူမဆို မိမိတို့ကြိုတင်၍ ဧကန်မုချ အသင့်ပြင်ဆင်ကာ အဟုတ်တကယ် ပြုလုပ်ဖြစ်ရှိသွားကြရမည်မှာ မိမိတို့ယုံကြည်ကိုးစား အလေးအမြတ်ထားသော ဘာသာတရား၏ပေးထား
သော “လုပ်ခ” မိမိရပိုင်ခွင့် အကျိုးဖလစွမ်းအင်နှင့် ရရှိခံစားမှု သုခမျိုးကိုသာ လိမ္မာပါးနပ်ဥာဏ်မြင်
တည့်မတ် မှန်ကန်စွာ စစ်ဆေးဝေဖန်တတ်သော သူများအဖြစ် အဟုတ်တကယ်ဖြစ်ရှိ ထားရပေမည်။

ပန်ကြားလွှာ

ဘာသာဝင်အများတို့အား
ချစ်ကြည်လေးစားစွာဖြင့် ပန်ကြားလွှာ

ကမ္ဘာပေါ်ရှိ မိမိတို့ဆိုင်ရာ အားလုံးစုံသော ဘာသာဝင်မိတ်ဆွေအပေါင်းတို့အပေါ်၌ ငြိုငြင်မှု၊ မနာလိုမှု၊ ဣဿာ၊ မစ္ဆရိယ မထားပါ၊ ကျမ်းဆရာ၏တစ်ခုတည်းသော စိတ်ကူးမှာ မိမိတို့နေထိုင်ရာ ပြည်ထောင်စု

Thursday, June 17, 2010

နိဒါန ကထာ

နိဒါန ကထာ
ဗုဒ္ဓေါ သုဇနာနံ ဇယံ ဒေတု
သုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာကျမ်း
ကျမ်းဆရာ၏ သမ္မာဝိတက်ဖြင့် နှုတ်ခွန်းဆက်လွှာ

ဤသည့်သုတေသနသမ္မာမဂ္ဂင်္ဂပဥှာကျမ်းစာအုပ် စီစဉ်ပြုလုပ်ထုတ်ဝေရခြင်း၏ အကြောင်းရင်းမူလ ၀ိသေသမှာ