သီလသိက္ခာပုဒ်တစ်ခုပျက်က အကုန်ပျက်သလား
ဒကာ။ ။ လူ၊ ရှင်၊ ရဟန်းတို့ စောင့်ထိန်းကြသော သီလသိက္ခာပုဒ်တွေဟာ တစ်ပါးပါးကို ကျူးလွန်လို့ ပျက်သွားရင် အကုန်လုံးပျက်သွားရောလား ဆရာတော်၊ တစ်ပါးပျက်တာနဲ့ အကုန်လုံးပျက်ပြုန်းသွားရတယ်ဆို တာ ဖြစ်နိုင်ပါသလား ရှင်းပြပေးပါဘုရား။
ဆရာ။ ။ အင်း… ဣတိဝုတ္တကအဋ္ဌကထာ ၂၂၃ မှာ လူ၊ ရှင်၊ ရဟန်း၊ ခွဲပြထားတာတွေ့ဖူးတယ်၊ အကျယ်ကို အဲဒီမှာ ကြည့်ပေါ့။
ဂဟဋ္ဌာနံ ယံ တံ ၀ီတိက္ကန္တံ တံ တဒေ၀ ဘိဇ္ဇတိ၊
ဣတရံ န ဘိဇ္ဇတိ၊ ပဗ္ဗဇ္ဇိတာနံ ပန ဧကသ္မိံ ၀ီတိက္ကန္တေ
သဗ္ဗာနိ ၀ိဘဇ္ဇန္တီတိ။
ကိုးပါးသီလယူထားတဲ့ လူများမှာ တစ်ပါးပျက်ဆီးသွားလျှင် ထိုတစ်ပါးသာ ပျက်၏။ ကျန်ရှစ်ပါးကား မပျက်စီးပါတဲ့ တည်နေတာပဲတဲ့။ ရှင်ရဟန်းများကျတော့ကာ သိက္ခာပုဒ်တစ်ပါးပျက်သွားလျှင် ကျန်သိက္ခာပုဒ်တွေ ပါ အကုန်လုံး ပျက်စီးကုန်ပါရောတဲ့။
ဒကာ။ ။ အင်း.. ဒါကြောင့် ဘုန်းကြီးတွေ၊ မကြာမကြာ အာပတ်ဖြေကြတာကို နားလည်ကျေနပ်ပါပြီ ဆရာတော်။
သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး
သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး
+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။
အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ
No comments:
Post a Comment