နိဗ္ဗာနဆုတောင်းကိစ္စ အမေးကလေး
ဒကာ။ ။ ဗုဒ္ဓဘာသာဝင် စစ်စစ်တွေဟာ ဘာကုသိုလ်ပဲပြုပြု နိဗ္ဗာန်ချမ်းသာ ရ ရပါလို၏လို့ ဆုတောင်း ကြတာ ဘာဖြစ်လို့လဲ ဆရာတော်၊ လူ နတ် ချမ်းသာကိုတော့ ချန် ချန်ထားကြတယ်။
ဆရာ။ ။ နိဗ္ဗာန်က မအို၊ မနာ၊ မသေ၊ ချမ်းသာတွေ အားလုံးစုရုံးကိစ္စပြီး၊ အကောင်းဆုံး ချမ်းသာခေါင် ထိပ်ကြီးဖြစ်လို့ပေါ့။
ဗုဒ္ဓသာသနာတော်က လိုချင်ရာ ချမ်းသာတကာကို ပေးနိုင်တဲ့ ကိုယ်ကြိုက်ရာ ဖြစ်စတမ်း သဗ္ဗကိစ္စပြီး ဋ္ဌာနကြီးဖြစ်တယ်၊ ဒါကြောင့် အဲဒီနိဗ္ဗာန်ကို မတောင်းခံရင်….
ကိုယ်လိုချင်ရာ အခေါင်အထိပ် ချီးမြှောက် မ စ ပေးနိုင်တဲ့ ၀ိဇ္ဇာဓိုရ် သိဒ္ဓိရှင်ကြီးနဲ့ပက်ပင်းတွေ့ရတဲ့ ဆင်ဖြူရှင်ဘုရင် (တရဖြား) မင်းက လိုရာပြီးအဖိုးတန်ရတနာကို မတောင်းခံဘဲ အနောက်ဆောင်က မိဖုရားတွေ ရောဂါထွေလွန်းလို့ မီးယပ်ဆေးကောင်းကောင်း တစ်လက်ကိုသာ မ စ ချီးမြှောက်ရန် တောင်းယူလိုက်သည့်အ လား အင်းဝခေတ်ရှေ့ပိုင်း ရာဇ၀င်ပုံမှားလို ဖြစ်သွားမှာပေါ့ ဒကာကြီးတို့ရ၊ နိဗ္ဗာန်ဆိုတာ ဆုတောင်းပတ္ထနာ ဆန္ဒပြုရတယ်၊ မမေ့ရဘူးနော် ဒါဟာ ပညာရှိတို့ရဲ့ အလုပ်ပဲ။
ဒကာ။ ။ မှန်ပါ့၊ ကောင်းလိုက်တဲ့ ပုံပမာ ထိလိုက်မိလိုက်တာ ဘုရား၊ ကျေနပ်လှပါတယ် ဆရာတော်။
သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး
သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး
+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။
အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ
No comments:
Post a Comment