သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

အနတ္တဆိုတာ ဘာတွေလဲ၊ ဘာကြောင့် ဘာဖြစ်လို့ အနတ္တမည်တာလဲ

အနတ္တဆိုတာ ဘာတွေလဲ၊ ဘာကြောင့် ဘာဖြစ်လို့ အနတ္တမည်တာလဲ
ဒကာ။ ။ ဗုဒ္ဓဘာသာဝင်တိုင်း အနတ္တ အနတ္တနဲ့ ပါးစပ်က ပြောကြတယ်၊ အနတ္တဆိုတာ ဘယ်ဟာတွေ လဲ၊ ဘာကြောင့် ဘာဖြစ်လို့ အနတ္တခေါ်တာလဲ၊ တိုတိုနဲ့ နားလည်အောင် ရှင်းပြပေးပါဦး ဆရာတော်။ (ပန်းမောင်-သုဓမ္မ၀တီ)

ဆရာ။ ။ သဗ္ဗေ ဓမ္မာ အနတ္တာ တဲ့၊ ဘယ်ဟာမဆို ဘာမဆို ရှိသမျှတွေဟာ အနတ္တချည်းပဲ၊ အားလုံးကုန်အောင်စုံ တရားဓမ္မတွေဟာ အနတ္တတွေသာ ဖြစ်တယ်လို့ မှတ်ရမယ်။
၁။ အ သာရကတ္ထေန အနတ္တာ။ ။ အနှစ်သာရ အခိုင်အမာ အားထားမှီခိုစရာ တစ်တိုတစ်စမျှ မရှိသောကြောင့် မရှိလို့ အနတ္တခေါ်တယ်။
၂။ အ ၀သ၀တ္တနတော အနတ္တာ။ ။ ငါလည်းမဟုတ် ငါဥစ္စာလည်းမရှိ ငါ့အလိုမလိုက် ငါ့အကြိုက်မပါ ငါလိုရာမပြီး အချည်းနှီးအပျက်သဘောကိုသာ ဆောင်နေသောကြောင့် ဆောင်နေလို့ အနတ္တခေါ်တယ်။
၃။ အ နိဿရေန အနတ္တာ။ ။ စိုးရပိုင်ဆိုင် ကိုယ်ပိုင်ဆိုတာ ဘာတစ်ခုမျှမရှိသောကြောင့် မရှိလို့ အနတ္တခေါ်တယ်။
၎။ ယံ ဒုက္ခံ တံ အနတ္တာ။ ။ ဆင်းရဲဒုက္ခ အစု အစုသဘောတွေ မှန်သမျှဟာ အားလုံးကုန် အနတ္တချည်းပဲ၊ အနတ္တလို့ ခေါ်တယ်မှတ်။
အဲဒါအတိုဆုံး အသိရလွယ်နိုင်ဆုံးအဖြေပဲ၊ သဘောပေါက်ကြပါ၊ မြတ်ဘုရားကို ခံတိုက်တဲ့အထဲမှာ အနတ္တမကြိုက်တဲ့ သူတွေဟာ အများဆုံးပဲ၊ နေရာတကာ အတ္တချည်း ယူနေကြတာ ဒကာကြီးတို့ရဲ့၊ အဲဒီထဲမှာ သုဓမ္မ၀တီ ဒကာကြီး ဦးပန်းမောင်က ပထမ နေမှာပဲနော်။

No comments: