သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Saturday, November 27, 2010

ဒုက္ကရစရိယာဆိုတာ မိစ္ဆာဒိဋ္ဌိ အကျင့်လား

ဒုက္ကရစရိယာဆိုတာ မိစ္ဆာဒိဋ္ဌိ အကျင့်လား

          ဒကာ။           ။ အလောင်းတော်သိဒ္ဓတ္ထမင်းသားဟာ တောထွက်ပြီး ခြောက်နှစ်တို့ကာလပတ်လုံး ရုပ်အဆင်းတွေ ပျက်စီးကာ သေလုမတတ် ဆင်းရဲဒုက္ခအမျိုးမျိုးတွေ ခံစားပြီးတော့ ကျင့်ကြံအားထုတ်တာဟာ မှားသောအကျင့် မိစ္ဆာဒိဋ္ဌိ အလုပ်တွေသာဟု တချို့က ပြောဆိုဝေဖန်ကြတာ မှန်ပါသလား ဆရာတော်၊ စာပေက ဘယ်လိုများ လာရှိပါသလဲ။
         

Friday, November 26, 2010

သိဒ္ဓိတ္ထမင်းသားဟာ ဈာနသမာပတ်ကို ဘယ်အရွယ်ကာလက ဘယ်ဆရာနဲ့ ရရှိဝင်စားနိုင်ခဲ့ပါသလဲ


သိဒ္ဓိတ္ထမင်းသားဟာ ဈာနသမာပတ်ကို ဘယ်အရွယ်ကာလက
ဘယ်ဆရာနဲ့ ရရှိဝင်စားနိုင်ခဲ့ပါသလဲ

          ဒကာ။           ။ အလောင်းတော် သိဒ္ဓိတ္ထမင်းသားဟာ တောထွက်ပြီးနောက် အာဠာရ, ဥဒက ရသေ့ကြီးများထံမှ နည်းခံယူ၍ ကျင့်သောကြောင့် လောကီဈာန်သမာပတ်များကို ရတာဟု ဆရာတော်တချို့က ဟောကြားကြပါတယ်။
                   ဆရာအချို့ကလည်း အလောင်းတော် သိဒ္ဓတ္ထမင်းသားဟာ ဒီဘ၀မှာပင် သဗ္ဗညုဉာဏ်တော်ရှင် ပါရမီ ပြည့်ပြီးသားဖြစ်တယ်၊ ဒီလောကီ ဈာန်သမာပတ်လောက်ကို ဆရာမရှိဘဲနဲ့ ကလေးအရွယ်ထဲက ရတာပါလို့ ပြောဆိုကြပါတယ်၊ ဘယ်ဟာကို အမှန်ယူရမှာလဲ ဆရာတော်၊ ရှင်းပြပေးပါဦး။
         

Monday, November 22, 2010

ဒိဗ္ဗစက္ခု အဘိညာဉ်၏ တန်ခိုးစွမ်းအင် အဘယ်မျှ ရှိသနည်း


ဒိဗ္ဗစက္ခု အဘိညာဉ်၏ တန်ခိုးစွမ်းအင် အဘယ်မျှ ရှိသနည်း

ဒကာ။           ။ အလောင်းတော်မြတ်ဟာ မဇ္ဈိမယံ၌ ဒိဗ္ဗစက္ခု အဘိညာဉ်ကို ရတော်မူပြီးသောအခါ ထိုအဘိညာဉ်မှ ဆင့်ကဲဆင့်ကဲ ထူးခြားသော အဘိညာဉ်တွေ တက်တက်ပြီး သဗ္ဗညု ဗုဒ္ဓအဖြစ်ကို ရယူနိုင်တာလို့ ဟောပြောနေကြတာ ဟုတ်ရဲ့လား ဆရာတော်၊ ဒိဗ္ဗစက္ခုအဘိညာဉ်ရဲ့ တန်ခိုးစွမ်းအင်များကို သိပါရစေ ဘုရား။

မဂ်, ဖိုလ်နောင် ပစ္စဝေက္ခဏာဉာဏ်က ဘာတွေကို ဆင်ခြင်တာလဲ

မဂ်, ဖိုလ်နောင် ပစ္စဝေက္ခဏာဉာဏ်က ဘာတွေကို ဆင်ခြင်တာလဲ

ဒကာ။           ။ ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာ အရိယာတို့ ၀ိပဿနာ ဓမ္မ အားထုတ်လျက် မဂ်, ဖိုလ် ရပြီးသောအခါ ပစ္စဝေက္ခဏာ ဆင်ခြင်တယ်ဆိုတာ ဘာတွေကို ဆင်ခြင်တာပါလဲ ဆရာတော်၊ အလွယ်ဆုံး တိုတိုနဲ့ မိန့်ကြားပေးပါဘုရား။

ရှင်ရဟန်း ပြုမပေးနိုင်တဲ့ သာဝက ရဟန်းတော်များရယ်လို့ ရှိကောင်းပါသလား


ရှင်ရဟန်း ပြုမပေးနိုင်တဲ့ သာဝက ရဟန်းတော်များရယ်လို့ ရှိကောင်းပါသလား

ဒကာ။           ။ မြတ်စွာဘုရားသာသနာတော်အတွင်း၌ ရှင်သာမဏေ ပြုမပေးနိုင်ခြင်း၊  ရဟန်းခံမပေးနိုင်ခြင်းဆိုတဲ့ တားမြစ်မှုကို အမြဲတစေ ခံနေရတဲ့ သီလသိက္ခာနဲ့ ပြည့်စုံသော တပည့်သား သာဝက မဟာထေရ် ရဟန်းတော်များ ရှိကောင်းပါသလား။

ဧဟိဘိက္ခု ရဟန်းဖြစ်အောင် ပြုလုပ်နည်း

ဧဟိဘိက္ခု  ရဟန်းဖြစ်အောင် ပြုလုပ်နည်း

ဒကာ။           ။ မြတ်ဗုဒ္ဓရဲ့ သာသနာတော်မှာ ဧဟိဘိက္ခုရဟန်း အဖြစ် ရအောင် ဘာကို ဘယ်လို ပုဂ္ဂိုလ်အား ပေးလှူကာ ဘယ်လို ပတ္ထနာ ပြုရမည်ဆိုတဲ့ ညွှန်ကြားချက်များ ရှိပါသလား ဆရာတော်၊ ကျမ်းညွှန်းနဲ့ ပြပါဘုရား။

Tuesday, November 16, 2010

အဘိညာဉ်ဇောစိတ်တကြိမ်နဲ့ ဘ၀များစွာကို သိနိုင်တယ်ဆိုတာ ဟုတ်ပါမည်လား

အဘိညာဉ်ဇောစိတ်တကြိမ်နဲ့ ဘ၀များစွာကို သိနိုင်တယ်ဆိုတာ ဟုတ်ပါမည်လား

ဒကာ။           ။ သင်္ဂြိုဟ်ကျမ်းက (မဂ္ဂါဘိညာ သကိံ မတာ) လို့ဆိုထားတဲ့အတိုင်း မဂ်ဇော အဘိညာဉ်ဇောတို့ဟာ တကြိမ်သာ စောရိုး ဖြစ်ရိုး ရှိကောင်းတယ်လို့ ဆိုတော့ကာ အဲဒီ ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်ဇောစိတ်ကလေး တကြိမ်တည်းနဲ့ ဘ၀များစွာက ဖြစ်လာသမျှ အာရုံ ဘ၀အစဉ်တွေကို ဘယ်လိုလုပ်ပြီး သိတာပါလဲ ဆရာတော်၊ မိန့်ကြားပါဦး ဘုရား၊ အဘိညာဉ်ဇောစိတ် တကြိမ်က ဖြစ်ပြီးပျက်သွားတာပဲဟာ၊ တစ်ခဏသာ ဖြစ်တာမဟုတ်လား။

သိဒ္ဓတ္ထမင်းသားကို ပရိက္ခရာရှစ်ပါးနဲ့ ဘယ်သူက ရဟန်းပြုပေးလို့ ၀တ်ရုံတတ်တာလဲ


သိဒ္ဓတ္ထမင်းသားကို ပရိက္ခရာရှစ်ပါးနဲ့ ဘယ်သူက ရဟန်းပြုပေးလို့ ၀တ်ရုံတတ်တာလဲ

ဒကာ။           ။ အလောင်းတော်မြတ် သိဒ္ဓတ္ထမင်းသား တောထွက်၍ အနော်မာသောင်ကမ်းသို့ ရောက်သောကာလ ဃဋိကာရဗြဟ္မာကြီး ဆက်ကပ်သော ပရိက္ခရာသင်္ကန်းကို ဘယ်သူက ဆရာလုပ်ပြီး သင်္ကန်းဆိုတာ ဒီလိုဝတ်ရတယ်, ဒီလိုရုံရတယ် ဟု ပြပေးလို့ အချိုးကျကြည်ညိုဖွယ်ဖြစ်အောင် ၀တ်ရုံတတ်တာပါလဲ ဆရာတော်၊ သူက မင်းသားပဲ သင်္ကန်းမြင်ဖူးတာမှ မဟုတ်ဘဲဟာ။

သိဒ္ဓတ္ထမင်းသား ဥယျာဉ်ကစားသွားရာ နိမိတ်ကြီး ၄ ပါးကို တကြိမ်တည်းနဲ့ မြင်တာလား၊ ဘယ်လိုလဲ


သိဒ္ဓတ္ထမင်းသား ဥယျာဉ်ကစားသွားရာ နိမိတ်ကြီး ၄ ပါးကို
တကြိမ်တည်းနဲ့ မြင်တာလား၊ ဘယ်လိုလဲ

ဒကာ။           ။ အလောင်းတော်မင်းသား ဥယျာဉ်တော်သို့ သွားရာ၌ နိမိတ်ကြီး ၄ ပါးကို မြင်တော်မူတယ်ဆိုရာမှာ တချို့ဆရာများက တကြိမ်တခါတည်းနဲ့ လေးပါးလုံးကို မြင်သွားတယ်လို့ ဟောကြပါတယ်။
တချို့ဆရာတော်များကလည်း ယင်းသို့ မဟုတ်ဘဲ လေးကြိမ်လေးခါ ဥယျာဉ်တော်သွားလို့ တခါကို တမျိုးစီ မြင်တာဟု ပြောဟောကြပါသည်၊ စာပေက ဘယ်လိုဆိုလို့ ဘယ်ဟာကို ယုံရမှာလဲ ဆရာတော်။

Wednesday, November 10, 2010

မယ်တော်မာယာ သက်တော်ဘယ်လောက်မှာ ဘုရားအလောင်းပဋိသန္ဓေနေသလဲ


မယ်တော်မာယာ သက်တော်ဘယ်လောက်မှာ ဘုရားအလောင်းပဋိသန္ဓေနေသလဲ

ဒကာ။           ။ အလောင်းတော် သိဒ္ဓတ္ထမင်းသားဟာ မယ်တော်မာယာ သက်တော် ဘယ်လောက်မှာ ပဋိသန္ဓေတည်နေစွဲယူပါသလဲ ဆရာတော်၊ သက်တော် ဘယ်လောက်ထဲမှာ နတ်ရွာစံပါသလဲဘုရား၊ ဒါဟာ ဗုဒ္ဓဘာသာရဲ့ မှတ်ကျောက်ပါပဲ ဆရာတော်။

ဃဋိကာရဗြဟ္မာမင်း ပေးလှူသွားတဲ့ မြေသပိတ်တော်ဟာ ဘယ်မှာကွဲပျောက်လို့ ကျောက်ညိုသပိတ်လေးလုံးကို လာလှူရတာလဲ


ဃဋိကာရဗြဟ္မာမင်း ပေးလှူသွားတဲ့ မြေသပိတ်တော်ဟာ ဘယ်မှာကွဲပျောက်လို့ ကျောက်ညိုသပိတ်လေးလုံးကို လာလှူရတာလဲ

ဒကာ။           ။ ဘုရားဖြစ်တော်မူစ အချိန်၌ တပုဿ, ဘလ္လိက ညီနောင်တို့ လာလှူတဲ့ ပျားမုန့်ဆုပ်ကို ခံယူစရာ သပိတ်မရှိလို့ စတုမဟာရာဇ်နတ်မင်းကြီးလေးပါးက ဣန္ဒနီလာ ပတ္တမြားညို သပိတ်တော်လေးလုံးကို လာရောက် ဆက်ကပ်ရတယ်လို့ ကြားသိဖူးပါတယ်။
          အလောင်းတော် တောထွက်တော်မူစဉ်က အနော်မာသောင်ကမ်း၌ ဃဋိကာရဗြဟ္မာမင်းကြီး ကပ်လှူသွားသော ပရိက္ခရာရှစ်ပါးထဲမှာပါတဲ့ မြေသပိတ်တော်ဟာ ဘယ်အချိန်ကာလက ဘယ်နေရာမှာ ကွဲပျောက်သွားလို့ မရှိဘဲ ဖြစ်ရတာလဲ ဆရာတော်၊ ရှင်းပြပါဦး ဘုရား။

မာရ်နတ်ကြီးဟာ နတ်ပြည်ခြောက်ထပ် ဗြဟ္မာနှစ်ဆယ်ကို အစိုးရသော နတ်မင်းကြီးလား


မာရ်နတ်ကြီးဟာ နတ်ပြည်ခြောက်ထပ် ဗြဟ္မာနှစ်ဆယ်ကို
အစိုးရသော နတ်မင်းကြီးလား

ဒကာ။           ။ ဗုဒ္ဓ၀င်တရားတော် ဟောကြားကြတဲ့အခါ ဗောဓိပင်နဲ့ ပလ္လင်တော်ကို မာရ်နတ်ကြီးက ၀ဲယာ အရှေ့တို့၌ ၁၂ ယူဇနာစီ အနောက်ဘက်ကမူ စကြ၀ဠာအဆုံးထိအောင်သော စစ်သည်ဗိုလ်ပါတို့ဖြင့် လာတိုက်တဲ့အခါ မြတ်စွာဘုရား၏ အနီးအပါး၌ လေးစားပူဇော်နေကြတဲ့ နတ်တွေ ဗြဟ္မာတွေဟာ တစ်ယောက်တလေမျှ မကျန်အောင် ထွက်ပြေးကြတယ်။
သိကြားမင်းကလည်း သူ့ရဲ့ ၀ိဇယုတ္တရ ခရုသင်းကြီးကို ကျော၌ပိုး၍ ပြေးလွှားကာ စကြ၀ဠာနှုတ်ခမ်းပေါ်မှာ ရပ်တည်နေတယ်၊ မဟာဗြဟ္မာမင်းကြီးကလည်း ထီးဖြူတော်ကြီးကို စကြ၀ဠာတိုက် အစွန်းနား၌ ပစ်ချကာ ဗြဟ္မာ့ပြည်သို့ ပြန်သွားတယ်၊ ကာလနဂါးမင်းကြီးကလည်း ရံရွေတော်နဂါးအပေါင်းတို့ကို စွန့်ပစ်ကာ မြေ၌ငုပ်လျှိုးဝင်ပြေး၍ သူ့နေရာဗိမာန်၌ လက်ဖြင့်မျက်နှာကို ပိတ်လျက် အိပ်လေ၏။ မြတ်စွာဘုရားရှင်၏ အနီးအပါး၌ နတ် ဗြဟ္မာ တစ်ဦးတစ်ယောက်မျှ မရှိတော့ပေဟု ဟောကြားကြတာကို မှတ်မိရဖူးပါတယ်။
ဒါလောက် ဘုန်းတန်ခိုးကြီးမားတဲ့ မာရ်နတ်သားကြီးဟာ နတ်ပြည်ခြောက်ထပ်နဲ့ ဗြဟ္မာနှစ်ဆယ်ကိုပါ အစိုးရတဲ့ နတ်မင်းကြီးဖြစ်နေလို့လားဆရာတော်။

Monday, November 1, 2010

နောင်တော်ကြီးစေတီတော်ဟာ ရွှေတိဂုံစေတီ၏ နောင်တော်ကြီးလား

နောင်တော်ကြီးစေတီတော်ဟာ ရွှေတိဂုံစေတီ၏ နောင်တော်ကြီးလား

ဒကာ။           ။ ရွှေတိဂုံစေတီ၏ တနင်္ဂနွေထောင့်၌ တည်ရှိသော နောင်တော်ကြီး အမည်ဘွဲ့တော်ခံ စေတီတော်မြတ်ဟာ ရွှေတိဂုံစေတီ၏ အရင် ရှေးဦးစွာ ပုံစံယူရန် တည်ထားလို့ နောင်တော်ကြီး အမည်ရတာလား ဆရာတော်၊ သူအချို့က သည်အတိုင်းပဲ အမှန်ယူ ပြောဆိုနေကြပါတယ်၊ ဆရာတော်က ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ကြီး၏ သြ၀ါဒါစရိယမို့ မေးကြတာပါဘုရား။

မြတ်စွာဘုရားအား တီးမှုတ် သီဆိုမှုတို့ဖြင့် ပူဇော်, ဖူးမြော်ခြင်း မပြုရဟု တားမြစ်မှုများ ရှိသလား


မြတ်စွာဘုရားအား တီးမှုတ် သီဆိုမှုတို့ဖြင့်
ပူဇော်, ဖူးမြော်ခြင်း မပြုရဟု တားမြစ်မှုများ ရှိသလား

ဒကာ။           ။ မြတ်စွာဘုရားထံ ပူဇော်ကန်တော့ ပေးလှူမှုနှင့် တရားတော်နာယူရေးအတွက် သွားရောက်ကြသော မင်းပရိသတ် တိုင်းသူပြည်သား ပရိသတ်တို့ကို ကခုန်ပျော်ပါး, တီးမှုတ်, သီဆိုခြင်းများ မပြုရဟု တားမြစ်ပိတ်ပင်မှုများ စာပေ ကျမ်းဂန်တို့၌ ပါရှိပါသလား ဆရာတော်၊ ခုခေတ် ဘုရားပူဇော်ပွဲတွေမှာတော့ တီး, မှုတ်, သီဆိုမှုတွေ သဲသဲလှုပ်နေတာပဲ။

ဘုရားသခင်၏ သပိတ်တော်ဟာ ရွှေလား, မြေလား, သံလား, ကျောက်လား


ဘုရားသခင်၏ သပိတ်တော်ဟာ ရွှေလား, မြေလား, သံလား, ကျောက်လား

          ဒကာ။           ။ မြတ်စွာဘုရားသခင် အမြဲသုံးဆောင်တော်မူတဲ့ သပိတ်တော်ဟာ မြေသပိတ်တော်လား၊ ရွှေသပိတ်တော်လား၊ သံ သပိတ်တော်လား ဆရာတော်၊ ၀ိနည်းတော်က မြေသပိတ်နဲ့ သံသပိတ်နှစ်မျိုးကိုသာ ခွင့်ပြုတော်မူတယ် ဆိုလို့ပါ။