သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

ဗုဒ္ဓပိဋကတ်တော်၌ ကျန်းမာရေးရာ ဒေသနာရှိပါသလား

ဗုဒ္ဓပိဋကတ်တော်၌ ကျန်းမာရေးရာ ဒေသနာရှိပါသလား
ဒကာ။ ။ ဗုဒ္ဓဘုရားက အာရောဂျံ ပရမံ လာဘံ ဆုလာဘ်အပေါင်းတို့တွင် ကျန်းမာရေးလာဘ်ဟာ အမြတ်ဆုံးပဲလို့ ဟောကြောင်းနဲ့ သိရပါတယ်။
ဗုဒ္ဓရဲ့ ဒေသနာတော်မှာ အသက်ရှည်ရာ အနာကင်းကြောင်းအတွက် ဟောပြညွှန်ကြားချက်များ ရှိပါသလား ဆရာတော်၊ ရှိရင် သိပါရစေဘုရား။

ဆရာ။ ။ ပဉ္စင်္ဂုတ္တရပါဠိတော် အာယုဿ ၂ သုတ်ပေါင်း ဆယ်ပါးထဲမှ တူရာကို ပေါင်းလိုက်ရင် ၇ ပါး ရတယ်။
အဲဒီ ၇ ပါးကို ဗုဒ္ဓဘုရား ညွှန်ကြားတယ်လို့ ဆိုရမှာပဲ ဒကာကြီးတို့၊ ကဲ.. ရေးမှတ်ပေတော့။
၁။ သပ္ပာယ ကာရီ။ ။ ကျန်းမာရေးလေ့ကျင့်မှုနဲ့ အစာ ရေ လေ တို့ကို လတ်ဆတ်စေခြင်း၊ ရာသီ ဥတု၌ မျှတစွာနေထိုင်ခြင်း။
၂။ သပ္ပာယေ မတ္တံ ဇာနာတိ။ ။ ကိုယ်နှင့် သင့်သော်လည်း အတိုင်းအရှည်ပမာဏကို သိ၍သုံး စားရခြင်း။
၃။ ပရိဏတ ဘောဇီဝ ဟောတိ။ ။ ကြေညက်လွယ်သော အစာများကိုသာ မှီဝဲရခြင်း။
၎။ ကာလ စာရီ စ ဟောတိ။ ။ သွားလာရေး၌ အချိန်ကာလကို ပါးနပ်လိမ္မာရခြင်း၊ (အချိန်၊ ပူ၊ အေး မိက အသက်အန္တရာယ်)။
၅။ ဗြဟ္မစာရီ စ။ ။ မေထုန်ကို ရှောင်ကြဉ် ဆင်ခြင်ရခြင်း၊ ယင်းလွန်များက အသက်တိုစေသည်။
၆။ သီလ၀ါ။ ။ ကိုယ်ကျင့်တရား မပျက်စေရ၊ (ကိုယ်ကျင့်ပျက်ပါက အသက်တိုသည်)။
၇။ ကလျာဏ မိတ္တော စ။ ။ ကျန်းမာရေးကို ပြုပြင်ပေးတတ်သော ဆေးဆရာမိတ်ဆွေကောင်းများ ရှိထားရခြင်းတဲ့ ဒကာကြီးတို့ရဲ့။
ဒကာ။ ။ တပည့်တော်တို့ လိုက်နာစရာတွေ သိရလို့ ကျေးဇူးတင်လှပါတယ် ဆရာတော်၊ ဘုရားဟော ပိဋကတ်တော်မှာ လိုလေသေးမရှိ ပြည့်စုံလှပါကလား ဘုရား။

No comments: