သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Friday, June 18, 2010

ထပ်မံ၍ထင်ရှားစေခြင်းများ

ထပ်မံ၍ထင်ရှားစေခြင်းများ
ဤကျမ်းစာဖတ် ပညာတတ်တို့သတိချပ်ရန်မှာ သဗ္ဗညု သမ္မာသမ္ဗုဒ္ဓ၏ ဘာသာဝင် တပည့်ခံကာမျှ သာဝကအချို့တို့သည် ကြိုးကြား၊ကြိုးကြား မိမိတို့ ကြည်ညိုလေးစားကိုးကွယ်ထားသော သမ္ဗုဒ္ဓဘုရားရုပ်ပွားတော်၏ အောက်နား၌ တွဲဖက်ထည့်စွက်ကာ အိမ်ဦးခန်း၌ တည်ထားသော နတ်၊ သိကြား၊ ဘိုးတော်၊ မယ်တော် အနောက်ဖက် ရှင်မ၊ အိမ်တွင်း မင်းမဟာဂီရိ၊ မင်းကြီး၊ မင်းကလေး၊ ဘိုးမင်းကျော်၊ မနှဲကလေး၊ သူရဿတီ၊ မြင်းရုပ်၊ ဆင်ရုပ်၊ သရဲ၊ သဘက်၊ ထွက်ရပ်ပေါက်၊ ၀ိဇ္ဇာဓိုရ် စသည်တို့ကို ယုံကြည်စွာ ပွဲထိုး၍ ပန်း၊ ဆီမီး၊ အမွှေး၊ နံ့သာ အမျိုးမျိုးတို့ဖြင့် ပူဇော်ပသ ကိုးကွယ်ရှိခိုးကာ အားကိုးစွာဖြင့် ဆုတောင်းပတ္တနာမှုများ ပြုလုပ်နေကြသည်ကို ဤသုတေသနသမ္မာ မဂ္ဂင်္ဂကျမ်းစာက သို့မဟုတ် ကျမ်းဆရာက မပြုလုပ်ရ၊ မကိုးကွယ်ရ ဟု မတားမြစ်မကန့်ကွက် မပိတ်ပင်ပါ၊
ထိခိုက်နစ်နာစေခြင်းနှင့် ကဲ့ရဲ့ ပြစ်တင်ရှုံ့ချ ပျက်ပြားစေမှုများကိုလည်း မပြုလုပ်ပါ။ မိမိတို့ ယုံကြည်သလို တည်ထား၊ ကိုးစား၊ ပသ၊ ပူဇော်နိုင်ကြပါသည်။ သို့သော်ဗုဒ္ဓဘာသာ စစ်စစ်တို့အတွက်တော့ “ဥဇုပ္ပဋိပန္န သာဝက”” မဖြစ်နိုင်ချေဟု မှတ်ယူကြရပေမည်။ အကြောင်းကား နတ်၊ ၀ိဇ္ဇာ စသည်တို့ ဗုဒ္ဓထဲ ရောယှက်လာခြင်းကြောင့် ပေတည်း။
မှန်ပါသည်။ ကျမ်းဆရာ၏ ရိုးသားစွာဖြင့် အမှန်ညွှန်ကြား ရေးသားပြုလုပ်ထားချက်များကား “သမ္မာဒိဌိ ဗုဒ္ဓဘာသာ သန့်သန့်ရှင်းရှင်း စစ်စစ်ဖြစ်ဖို့ အရေးကိုသာ အမှန်အတိုင်း ရှင်းလင်းပြတ်သားစွာ ဖြေကြားညွှန်ပြပေးပါရန် အလေးအမြတ်ထား၍ မေးလာကြသောကြောင့် ယင်းတို့၏အမေးပုစ္ဆာ ပဥှာရပ်မျိုးကိုသာ ဗုဒ္ဓဘာသာဝင် ဖြူစင်လိုသူတို့၏ အတွက် အသက်ပမာ ကိုးကွယ်စရာ ရတနာ အစစ်ဖြစ်သော“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သာရဏံ ဂစ္ဆာမိ” ဤသရဏဂုံ အမြတ်သုံးပါးမှ အခြားတစ်ပါးသော ဆည်းကပ်ပူဇော် ဖူးမြော် ကိုးကွယ်စရာများကို အသစ်အသစ် မရှာမှီး မစွဲယူစေတော့ဘဲ သတိပြု ရှောင်ဖဲ တော်လှန်လျက် သဗ္ဗညုဗုဒ္ဓဘုရား ချမှတ်ညွှန်ကြား ပေးသွားတော်မူသော တရားလမ်းကြောင်းမှ မကောက်မကွေ့ မဝေ့မ၀ိုက် ဥဇုပ္ပဋိပန္န တစ်ခုတည်းသောလမ်းကြောင်း ဖြောင့်တန်းတည့်မတ်သည့် သမ္မာဒိဌိ ဗုဒ်္ဓဘာသာစစ်စစ် အဖြစ်သို့ ရောက်ကြပါစေ ဆိုတဲ့ စိတ်ထားဖြင့် ပြန်ကြားဖြေဆိုရေးသားပေးသွား ခြင်းသာ ဖြစ်ပါ၏။
ယင်းအဖြေစကားများထဲ၌ သဗ္ဗညု ဗုဒ္ဓဘာသိတ ပိဋကတ်တော် ဓမ်္မအမှန်တွေကိုသာ အထောက်အထားပြသွားသည့်အပြင် ပိဋကတ်တော်၌ မပါသောအခြား သက္ကဋ၊ ဝေဒ၊ ဥပနိသျှ၊ စသောကျမ်းတစ်ပါးတို့၌သာ ပါရှိသော သူရဿတီမယ်တော် စသည့်အမေးပဥှာများကိုလည်း ယင်းတို့၏ အမေးအားလျော်စွာ ထိုထိုကျမ်းတစ်ပါး၌ ပါရှိသောအဖြေများကို ထုတ်ယူဖော်ပြသွားသော ကျမ်းမြတ်တစ်ဆူ(သမ္မာဒိဌိ ဗုဒ္ဓဘာသာစစ်စစ် ဖြစ်လိုသူတို့အတွက်သာ) ဖြစ်ပါ၍ ဤကျမ်းစာ၌ လာရှိသော အဖြေစကားရပ်အစုစုသည် မည်သူမည်ဝါ၏ ကိုးကွယ်ရာ ဘာသာတစ်ခုခုကိုမျှ မပုတ်ခတ် မထိခိုက် မနစ်နာစေကြောင်း ထပ်လောင်း၍ ထင်ရှားထင်ရှား တင်ပြသွားရပါကြောင်း ဘာသာဝင်မိတ်ဆွေ အပေါင်းတို့။
ဤတွင် ထပ်မံ ထင်ရှားစေမှု ပြီး၏။

No comments: