သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Friday, June 18, 2010

စာဖတ်သူတို့၏ ချင်ခြင်းတစ်မျိုး

စာဖတ်သူတို့၏ ချင်ခြင်းတစ်မျိုး
ဤကျမ်းမြတ်ဖတ်သူတို့သည် ကျမ်းစာပြုသူအရှင်၏ ဘ၀ဖြစ်စဉ်(အတ္ထုပ္ပတ်္တိ) ကို သိလိုကြပေလိမ့်မည်။ ဤကား စာဖတ်သူတို့၏ ချင်ခြင်းတစ်မျိုးပင်ဖြစ်၏။

ဟုတ်ပါသည်။ ကျမ်းပြုသူ၏ လက်ရှိဘ၀ဖြစ်စဉ်(အတ္ထုပ္ပတ်္တိ) ကို အဂ္ဂမဟာပဏ္ဍိတ ဖြစ်တော်မူကြကုန်သော ရန်ကုန်မြို့ ဒေ၀သာဂရသိမ်ကုန်းဆရာတော် ဘဒ္ဒန္တရေ၀တ၊ ရန်ကုန်မြို့ ဗဟန်း ဝေဠုဝန်ဆရာတော် ဘဒ္ဒန္တ ခေမာစာရ၊ ရန်ကုန်မြို့ သရက်တောကျောင်းတိုက် နှစ်ကျိပ်ရှစ်ဆူဆရာတော် ဘဒ္ဒန္တ ဉာဏိက၊ ဤအဂ္ဂမဟာ ပဏ္ဍိတ မထေရ်မြတ်ကြီးတို့က မိမိ၏ ဘ၀ဖြစ်စဉ် ထေရုပ္ပတ်္တိကို မိမိကိုယ်တိုင် အရှိကိုအရှိအတိုင်း အဟုတ်ကိုအဟုတ်အတိုင်း မ၀ါ၊ မကြွားဘဲ မိမိပြုလုပ်ခဲ့သော အကောင်းရော အဆိုးပါဖြစ်စဉ်အတိုင်းသာ မှန်ကန်စွာ ရေးသားထည့်သွင်းပေးရမည်ဟု စေခိုင်းချက်အရ ပညာရှိအပေါင်းတို့ နှစ်ထောင်းအားရ မြတ်နိုးစွာ သိဿာနုသိဿ တပည့်အဆက်ဆက် သားစဉ်မြေးဆက်တို့ ကြည့်ရှုဖတ်သွား မှတ်သားနိုင်ရန်အတွက် စာပေပညာရှင်တိုင်း ခံယူသိမ်းပိုက်ထားကြသော “သုတေသန သရုပ်ပြအဘိဓါန်ကျမ်းကြီး”၏ နောက်ဆက်တွဲစာမျက်နှာ (၆၄၉)မှစ၍ စာမျက်နှာ(၈၂၀)အထိ အရှိကိုအရှိအတိုင်း အဟုတ်ကိုအဟုတ်အတိုင်း ထုတ်ဖော်၍ မိမိကိုယ်တိုင် ရှင်းရှင်းလင်းလင်းဘွင်းဘွင်းကြီး အကောင်းရောအဆိုးပါ ဖြစ်သမျှတွေကို ရိုးရိုးသားသားနဲ့ ထင်ရှားစွာ ရေးသားဖော်ပြထားပြီးဖြစ်၍ ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာကျမ်း၌ ထပ်မံဖော်ပြရန် မလိုတော့ပါ၊ သိလိုသောပုဂ်္ဂိုလ်များသည် ထိုသုတေသန သရုပ်ပြအဘိဓါန် ကျမ်းကြီး၌ ကြည့်ရှုဖတ်သားကြပါကုန်။
ဤတွင် စာဖတ်သူတို့၏ ချင်ခြင်း ပြီး၏။

No comments: