သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

ဗုဒ္ဓကိုယ်တော်မှာ ဂရုဂါရ၀ပြုစရာများ ရှိပါသေးသလား

ဗုဒ္ဓကိုယ်တော်မှာ ဂရုဂါရ၀ပြုစရာများ ရှိပါသေးသလား
ဒကာ။ ။ မြတ်စွာဘုရား၏ ဘဂ၀ါဂုဏ် ဘုန်းတန်ခိုးအရာ သူ့ထက်ကြီးမြတ်သူမရှိပါ၊ အတုလဂုဏ် တူသူပြိုင်သူ မပေါ်မရှိပါ၊ အနုတ္တရဂုဏ်တော် သူ့ထက်လွန်မြတ်သူ မရှိပါလို့ ဆိုထားတော့ကာ မြတ်စွာဘုရားရှင် ဂါရ၀ပြုစရာ ရိုသေလေးစားစရာများ ရှိပါသေးသလား ဆရာတော်၊ ရှိရင် သိပါရစေ ဘုရား။

ဆရာ။ ။ ရှိတယ် ဒကာကြီးတို့၊ ပဉ္စင်္ဂုတ္တရပါဠိတော် ၁၀၆၊ အဋ္ဌကထာ ၄၁ မှာ “ဓမ္မ ဂရု ဘိက္ခဝေ တထာဂတော ဓမ္မဂါရဝေါ။”
ရဟန်းတို့ ငါဘုရားဟာ တရားဓမ္မကို လေးစားရိုသေတယ်၊ တရားမြတ်ကို ဂရုဂါရ၀ ပြုတယ်လို့ ကိုယ်တော်တိုင် မိန့်ဆိုထားတယ်၊ အဲဒါကြောင့် ဘုရားရှင်တို့ရဲ့ ရိုသေလေးစားစရာဟာ တရားတော်မြတ်လို့ သိမှတ်ရမည် ဒကာကြီးတို့။
ဒကာ။ ။ သည်လို အမှန်တရားသိရတာ ကျေးဇူးတင်လှပါတယ် ဆရာတော်။

No comments: