သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

ဆရာကောင်း ရှာနည်းများ ဘုရားဟောရှိပါသလား

ဆရာကောင်း ရှာနည်းများ ဘုရားဟောရှိပါသလား
ဒကာ။ ။ လူသားအပေါင်းတို့၏ ကောင်းကျိုးချမ်းသာရေး အစစ်အမှန်ကို ပေးနိုင်တဲ့ ဆရာမျိုးကို လိုချင်တဲ့သူဟာ ဘယ်ပုံဘယ်နည်းနဲ့ ဘယ်လိုအရည်အချင်းရှိတဲ့ ဆရာမျိုးကို ရှာဖွေဆည်းကပ်ရမည်ဆိုတဲ့ အမှာစကားများကို မြတ်စွာဘုရား မှာကြားချက်များ ထားရှိပါသလား ဆရာတော်။

ဒကာ။ ။ အင်း… ဒါဟာ အရေးကြီးတဲ့ အမေးအမြန်းမျိုးပဲ၊ သတ္တ၀ါများ ဆရာအထား မှားမည်ကို မြတ်စွာဘုရားက အထူးသနား ကြောင့်ကြတော်မူတယ် ဒါကြောင့်…။
ယထာဘူတ ဉာဏယ ဘိက္ခဝေ
သတ္ထာ ပရိယေသိတဗ္ဗာ။
ချစ်သား ချစ်သမီးတို့ အဟုတ်ရှိ အမှန်ရှိတရားကို အဟုတ်အမှန်အတိုင်း သိမြင်၍ သူတစ်ပါးကိုလည်း အဟုတ်အမှန်အတိုင်း “ယထာဘူတဉာဏ်” ရအောင် ပြသဟောကြားပေးနိုင်တဲ့ ဆရာမျိုးကို ရှာဖွေဆည်းကပ် ကိုးစားကြကုန်ဟု မှာကြားတော်မူခဲ့တယ်။

No comments: