သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

ပကိဏ္ဏက ပဥှာ ကဏ္ဍ

ဘ၀ကို မြတ်စွာဘုရား ချီးမွမ်းသည် မဟုတ်ပါလော
ဒကာ။ ။ ဘ၀ဆိုတာ မကောင်းဘူး၊ ဒုက္ခသစ္စာသာဖြစ်တယ်၊ ဘ၀ပြတ်လုပ်ရမယ်၊ ဘ၀ကို ထပ်မလိုချင်နဲ့စသည်ဖြင့် ရိပ်သာတကာမှာ ဟောကြားနေကြတာ ကြားရပါတယ်။ မြတ်စွာဘုရားက (မနုဿတ္တဘာဝေါ ဒုလ္လဘော) လူ့ဘ၀ဆိုတာ ရခဲတယ်၊ လူ့ဘ၀ရသူဟာ အရတော်တယ်ဟု ဆိုသဖြင့် ဘ၀ကို ရအောင်လုပ်ဖို့ ချီးမွမ်းတိုက်တွန်းရာ မကျဘူးလား ဆရာတော်၊ အနည်းငယ်မျှ ရှင်းပြပါဦး ဘုရား။

ဆရာ။ ။ ဘ၀ကို ဘုရားမချီးမွမ်းဘူး၊ ကဲ့ရဲ့ရှုတ်ချ အပြစ်တွေကိုသာ ပြတော်မူတယ်၊ စက်ဆုပ် ရွံ့ရှာတော်မူတယ်၊ ဒီအကြောင်းကို ဧကင်္ဂုတ္တရ ပါဠိတော်မှာ….
သေယျထာပိ ဘိက္ခဝေ အပ္ပမတ္တကောပိ
ဂူထော ဒုဂန္ဓော ဟောတိ၊ ဧ၀မေ၀ ခေါ ဘိက္ခဝေ
အပ္ပမတ္တကံပိ ဘ၀ံ န ၀ဏ္ဏေမိ၊ အန္တမသော
အစ္ဆရာ သံဃာတမတ္တမ္ပိ။
ရဟန်းတို့ မစင်ကျင်ကြီးဟာ အနည်းငယ်မျှကလေးပင် ဖြစ်စေကာ မကောင်းသောအနံ့ သာ ဖြစ်သလို နံသလို၊ ရဟန်းတို့ ဤနည်းအတူပင် ဘ၀ကို အနည်းငယ်ကလေးမျှ ငါဘုရား မချီးမွမ်းဘူးလို့ မိန့်တော်မူတာရှိတယ်။
မှတ်ချက်။ ။ လူ့ဘ၀ကို ရခဲတယ်လို့သာ ဟောတော်မူတာ၊ လူ့ဘ၀ကနေပြီး ၀ဋ်ဘ၀ပြတ်ရာ နိဗ္ဗာန်ကို ယူစေချင်လို့ဟု မှတ်ရမယ်၊ လူ့ဘ၀ကို ချမ်းသာတယ် ကောင်းစားတယ်လို့ မှ မချီးမွမ်း မတိုက်တွန်းဘဲဟာ မကောင်းသော ဒုက္ခလို့မှတ်ပေါ့။
ဒကာ။ ။ ရှင်းလင်းပြတ်သား သိလွယ်တဲ့ အဖြေစကားမို့ ကျေးဇူးတင်လှပါတယ် ဆရာတော်၊ သာဓုပါဘုရား။

No comments: