သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Tuesday, June 22, 2010

ဇာတိမျိုးရိုးလိုက်၍ သူယုတ် သူမြတ် ပညာရှိဖြစ်သလော

ဇာတိမျိုးရိုးလိုက်၍ သူယုတ် သူမြတ် ပညာရှိဖြစ်သလော
ဒကာ။ ။ လောက၌ သူယုတ်မျိုး သူမြတ်မျိုး၊ ပညာရှိမျိုးဆိုတာ မျိုးရိုးဇာတ်ကိုစွဲပြီး ဖြစ်ပေါ်လာတာ လား ဆရာတော်၊ ပိဋကတ်တော်၌ ဘယ်လိုများ အဆိုအမှာရှိပါသလဲ ဘုရား၊ မိန့်ကြားပါဦး။

ဆရာ။ ။ (၁) ကမ္မုနာ ၀သလော ဟောတိ၊
န စေ၀ ဟောတိ ဇာတိယာ။
(၂) ကမ္မုနာ ပဏ္ဍိတော ဟောတိ၊
န စေ၀ ဟောတိ ဇာတိယာ။
(၁) ယုတ်ညံ့သော မျိုးဇာတ်ရယ်လို့ သီးခြားသတ်မှတ်မှု မရှိ၊ မိမိပြုလုပ်သော မကောင်းမှုကံကြောင့်သာ သူယုတ်မာ ဖြစ်ရတာ ဟူ၏။
(၂) ပညာရှိမျိုးရိုးဇာတ်ရယ်လို့ သတ်မှတ်ချက် သီးခြားမရှိ၊ မိမိပြုလုပ်သော ကောင်းမှုကံကြောင့်သာ ဉာဏ်ပညာကြီးမားသော ပညာရှိကြီး ဖြစ်ရသည် ဟူ၏။
ကဲ.. အဲဒါ စာပေလာ မှတ်သားစရာ အဆိုအမှာ စကားပါပဲ၊ ဗုဒ္ဓ၀ါဒက “ကမ္မ၀ါဒ” သူကောင်းတာလုပ်လို့ ကောင်းမြတ်ချမ်းသာသောသူ၊ ဉာဏ်ပညာထက်မြက်ကြီးကျယ်သူ ဖြစ်လာရတာပါ၊ မျိုးရိုးဆက်နွယ်ကြောင့် မဟုတ်ပါဘူး၊ ယုတ်ညံ့ဆင်းရဲသောသူ ဉာဏ်ပညာတုံးသော ဘ၀ဆိုတာမှာလည်း သူ့ရဲ့မကောင်းလုပ် ကံကြောင့်
မကောင်းတာ ဖြစ်လာရတာပါ၊ မျိုးရိုးနဲ့မဆိုင်ပါဘူး၊ “ကမ္မံ သတ္တေ ၀ိဘဇ္ဇတိ” တဲ့၊ ကံဆိုတာ ပြုလုပ်မှုကို ခေါ်ဆိုတာ ဖြစ်တယ်။
ဒကာ။ ။ ကျေနပ်ပါတယ် ဆရာတော်၊ ကိုယ့်လုပ်ခ ကိုယ်ရတာပဲကိုး၊ ကံသာလျှင် ကိုယ့်ဥစ္စာလို့ ယုံကြည်ပါတယ်ဘုရား။

No comments: