သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

ပညာ အတိမ်အနက် သိနည်း

ပညာ အတိမ်အနက် သိနည်း
ဒကာ။ ။ လူ၊ ရှင်၊ ရဟန်း၊ ပုဂ္ဂိုလ်၊ တစ်ဦးတစ်ယောက်ရဲ့ ပညာရှိ မရှိ အတိမ်အနက်ကို သိနိုင်တဲ့နည်း များ ညွှန်ကြားချက် ပိဋကတ်တော်မှာ ပါရှိပါသလား ဆရာတော်၊ ပါရင် သိပါရစေ ဘုရား။

ဆရာ။ ။ အင်း… ညွှန်ကြားချက်တွေ များစွာပဲ ရှိပါတယ်လေ၊ ဒကာကြီးတို့ လွယ်လွယ်နဲ့ သိထားဖို့ကို တစ်ခုပဲ ထုတ်ပြပေးမယ် မှတ်ထားလိုက်ပါ။
သာကစ္ဆာယ တဿ ပညာ ဝေဒိတဗ္ဗာ။
ပညာရှိ မရှိ သိချင်ရင် ထိုသူနဲ့ ဆွေးနွေးမေးမြန်းမှု ပြုပါတဲ့၊ ထိုသူ၏ ပညာအတိမ်အနက် ပေါ်လာပါလိမ့် မယ် တဲ့၊ ဒါကလည်း ပညာဓါတ်ခံလေး ရှိထားဦးမှ သိရမှာနော်။
ဒကာ။ ။ ၀မ်းသာလှပါတယ် ဆရာတော်၊ သူနဲ့ပေါင်းကြည့်မှ သိရမှာပဲကိုး။

No comments: