သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

မိစ္ဆာဒိဋ္ဌိ ၆၂ ပါးကို ဘယ်သုတ်မှာ ဟောထားပါသလဲ

မိစ္ဆာဒိဋ္ဌိ ၆၂ ပါးကို ဘယ်သုတ်မှာ ဟောထားပါသလဲ
ဒကာ။ ။ မိစ္ဆာဒိဋ္ဌိ အမျိုးအစား ၆၂ ပါးကို မြတ်စွာဘုရား ဘယ်သုတ်များမှာ ဟောကြားတော်မူခဲ့ပါသလဲ ဆရာတော်။

ဆရာ။ ။ ယာနိ စိမာနိ ဒွါသဋ္ဌိ ဒိဋ္ဌိကတာနိ ဗြဟ္မဇာလေ ဘဏိတာနိ။
မိစ္ဆာဒိဋ္ဌိ အမျိုးအစား ၆၂ ပါးကို ဒီဃနိကာယ် ဗြဟ္မဇာလသုတ်တော်မှာ မြတ်စွာဘုရား ဟောကြားတော်မူ တယ်တဲ့၊ သိချင်ရင် အဲဒီကျမ်းမှာ ရှာကြည့်၊ စာကြည့်မပျင်းရဘူး၊ ၆၂ ပါးအရေအတွက်ကို ဆက်မေး မနေနဲ့တော့၊ ဆွမ်းစားသွားဖို့ ကားရောက်နေပြီ။
ဒကာ။ ။ ကျေနပ်လှပါတယ် ဆရာတော်။

No comments: