သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

လောကဓံရဲ့ မူရင်းအစစ်ဆိုတာ ဘာလဲ

လောကဓံရဲ့ မူရင်းအစစ်ဆိုတာ ဘာလဲ
ဒကာ။ ။ လောကဓံဆိုတာ ဘယ်ဟာကိုခေါ်တာလဲ၊ ဘာဖြစ်လို့ လောကဓံခေါ်တာလဲ ဆိုတာ သူ့ရဲ့မူရင်းဓမ္မကို ရှင်းပြပေးစေချင်ပါတယ် ဆရာတော်။

ဆရာ။ ။ လောကဓမ္မအကြောင်းကို ခန္ဓ၀ဂ္ဂသံယုတ် ပါဠိတော် ၁၁၃၊ အဋ္ဌကထာ ၂၉၃ စာမျက်နှာမှာ….
လောကဓံ အစစ်ဆိုတာဟာ ခန္ဓငါးပါးပဲတဲ့၊ မှန်ပါတယ်တဲ့၊ အဲဒီခန္ဓာငါးပါးဆိုတဲ့ လောကဓံတရားဟာ မမြဲခြင်း ပျက်စီးခြင်း သဘောသာရှိတယ်တဲ့၊ ဒါကြောင့်မို့ နိမ့်တုံ မြင့်တုံ တရားရှစ်ပါးဖြစ်ပေါ်ရတာပါတဲ့။
ဒကာ။ ။ အော်.. လောကဓံရဲ့ မူလဓမ္မက ခန္ဓာငါးပါးတရားပဲကိုး၊ ဒီခန္ဓာအကြောင်းပြုပြီးတော့ နိမ့်ချီ မြင့်ချီနဲ့ အနိစ္စ ဒုက္ခတွေ ဖြစ်ပေါ်လာတာ ခုမှပဲ ရှင်းတော့တယ် ဆရာတော်။

No comments: