သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

ရိပ်သာသောတာပန်နှင့် ရဟန္တာများ၊ လုပ်ရဟန္တာများ

ရိပ်သာသောတာပန်နှင့် ရဟန္တာများ
ဆရာ။ ။ အင်း… ဒါမျိုးတွေက သူတို့တရားထိုင်တဲ့ ရိပ်သာထဲမှာသာ သူတို့ဆရားသမားများက တင်စားပေးလိုက်တဲ့ သောတာပန် ရဟန္တာတွေပါ၊ ဓမ္မသဘောအမှန်နဲ့ ဖြစ်တာတော့ဟုတ် မထင်ပါဘူး။
လုပ်ရဟန္တာများ
အဲဒါတွေကို လုပ်ပေးထားတဲ့ လုပ်ရဟန္တာမျိုးတွေလို့ မန္တလေးသကျသီဟ နာယကဒကာကြီးတွေက
နာမည်ပေးကြတယ်၊ ရန်ကုန်မှာ အားကြီးပေါတယ်တဲ့၊ သူတို့ဟာ အဟုတ်ရဟန္တာမျိုး မဟုတ်ပါဘူးတဲ့၊ ဒါကြောင့်မို့ လုပ်ထားသောတာပန်နဲ့ လုပ်ထားတဲ့ရဟန္တာတွေကို သတိထားပေါ့ ဒကာကြီးတို့၊ မန္တလေးမှာတော့ မရှိပါဘူးတဲ့၊ ရန်ကုန်မှာပဲ လုပ်ယူထားတဲ့ ရဟန္တာတွေ ပေါတယ်တဲ့။
ဒကာ။ ။ မှန်ပါ့၊ ဆရာတော့်အမိန့်အတိုင်း လုပ်ယူပေးထားတဲ့ သောတာပန်နှင့် ရဟန္တာတွေရှောင်ကာ အဟုတ်ဖြစ်လာတဲ့ သောတာပန် ရဟန္တာတွေကိုသာ လိုက်ရှာကိုးကွယ်ဆည်းကပ်ပါတော့မည် ဆရာတော်။

No comments: