သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Monday, June 21, 2010

ဈာန်ကုသိုလ်စိတ်နဲ့ ၀ိပဿနာကုသိုလ်စိတ်ဟာ အတူတူပဲလား

ဈာန်ကုသိုလ်စိတ်နဲ့ ၀ိပဿနာကုသိုလ်စိတ်ဟာ အတူတူပဲလား
ဒကာ။ ။ ဈာန်ဝင်စားနေတဲ့ ပုဂ္ဂိုလ်တွေဟာ ကာမဆန္ဒစတဲ့ ကိလေသာစိတ်တွေ ငြိမ်းအေးနေတယ်လို့ ဆိုကြတယ်၊ ၀ိပဿနာ ရှုမှတ်ပွားများနေတဲ့ သူဟာလည်း ကာမဆန္ဒစိတ်တွေ ငြိမ်းအေးနေတယ်လို့ ပြောကြတော့ကာ ကာမဂုဏ်တွေ ငြိမ်းအေးနေတဲ့ ကုသိုလ်စိတ်ချင်း အတူတူပဲဟာ သမထနဲ့ ၀ိပဿနာ ဘာများ ထူးသေးသလဲ၊ ထူးတာရှိရင် ရှင်းပေးပါဦးဘုရား။

ဆရာ။ ။ ကုသိုလ်စိတ်ချင်းက မတူဘူးဒကာကြီးတို့ရ၊ ဈာန်ဝင်စားနေတယ်ဆိုသူရဲ့ ဈာန်ကုသိုလ်စိတ် က ရူပါဝစရကုသိုလ်စိတ်နဲ့ အရူပါဝစရကုသိုလ်စိတ်တို့ ဖြစ်တယ်၊ အဲဒီကုသိုလ်စိတ်တို့ရဲ့ လုပ်ခအကျိုးက ဗြဟ္မာ့ပြည်လာပြီးတော့ ဗြဟ္မာ့သင်္ချိုင်းကုန်း သွားရတယ်။
ဝိပဿနာတရားပွားများရှုမှတ်နေတဲ့ ယောဂီရဲ့ ကုသိုလ်စိတ်ကိုတော့ ကာမာဝစရ မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ်လို့ ခေါ်တယ်၊ အဲဒီကုသိုလ်စိတ်က ရုပ်နာမ်တို့ ဖြစ်ပျက်မှု ဥဒယ ၀ယသဘောမျှသာ ဉာဏ်နဲ့ ယှဉ်ပြီး ရှုမှတ်နေလို့ ခဏတိုင်း ခဏတိုင်းမှာ ဖြစ်နေတဲ့စိတ်တွေဟာ လောဘ ဒေါသ မောဟတို့ကို မပါမ၀င် မယှဉ်စေဘဲ ကိလေသ၀ဋ်သုံးပါးမှ သန့်ရှင်းစင်ကြယ်တဲ့ စိတ္တ၀ိသုဒ္ဓိတို့သာ ဖြစ်သောကြောင့် သင်္ချိုင်းကုန်းမှ ကင်း ဝေးတဲ့ နိဗ္ဗာန်ဆီကိုသာ သွားနေတာဖြစ်တယ်။
အထူးကတော့။ ။ ဈာန်ကုသိုလ်စိတ်က ဗြဟ္မာသင်္ချိုင်းကုန်းကို သွားတယ်၊ ၀ိပဿနာကုသိုလ်စိတ်က နိဗ္ဗာန်ကို သွားတယ်၊ အဲဒါဟာ ထူးတာပဲလို့ မှတ်ပေတော့၊ ပါဠိတွေ ရွတ်နေစရာ မလိုပါဘူး ရှင်းပါတယ်။
ဒကာ။ ။ သင်္ချိုင်းကုန်းပို့တဲ့ ကုသိုလ်မျိုးက ကြောက်လှပါပြီ ဆရာတော်၊ နိဗ္ဗာန်သွားရာ ၀ိပဿနာကုသိုလ်ပဲ ကြိုးစားပွားများပါတော့မယ် ဘုရား၊ ဒါမှ သမ္မာဒိဋ္ဌိအစစ်ဖြစ်မှာပဲဟာ။

No comments: