သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

သောတာပန်၌ ဣဿာ မစ္ဆရိယ ရှိသေးသလော

သောတာပန်၌ ဣဿာ မစ္ဆရိယ ရှိသေးသလော
ဒကာ။ ။ သောတာပန်ပုဂ္ဂိုလ်များ ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာ လုံးဝပယ်တာကိုတော့ သိပါတယ် ဆရာတော်၊ သူတစ်ပါးက ကိုယ့်ထက်သာတာကို မလိုမုန်းထားတဲ့ ဣဿာတရားဆိုးနဲ့ မိမိပိုင် မိမိနဲ့စပ်ဆိုင်တဲ့ ဥစ္စာပစ္စည်းကို သူတစ်ပါးနဲ့ မဆက်ဆံ မခံစားစေလိုတဲ့ ၀န်တိုမှု မစ္ဆရိယတရားဆိုးများ ရှိပါသေးသလားဆရာတော်။

ဆရာ။ ။ သောတာပန်မှာ သက္ကာယဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာ သီလဗ္ဗတ ပရာမာသ ခေါ်တဲ့ သံယောဇဉ်သုံးပါးကို အကြွင်းမဲ့ပယ်လိုက်တာကတော့ ထင်ရှားပါတယ်၊ သုတ္တန်ပါဠိတော်များမှာလည်း
တီဏိ သံယောဇနာနိ ပဟီယန္တိ သက္ကာယဒိဋ္ဌိ ၀ိစိကိစ္ဆာ သီလဗ္ဗတပရာမာသော.. လို့ ဟောဆိုထားတာ ရှိပါတယ်၊ အဋ္ဌကထာဆရာကြီးတွေကတော့ အောက်ပါအတိုင်း….
သောတာပန်ပုဂ္ဂိုလ်သည် ကိုယ့်ထက်သာ မနာလိုမှု ငြူစူစောင်းမြောင်းခြင်း ဣဿာတရားနဲ့ မိမိပိုင်ဆိုင် စပ်သွယ်သော အရာဝတ္ထုတို့ကို သူတစ်ပါးနဲ့ မဆက်သွယ်မဆက်စပ်စေလိုခြင်း ၀န်တိုမှု မစ္ဆရိယတရားငါးပါးတို့ကို လည်း ပယ်ထားပြီဖြစ်ကြောင်း ဖွင့်ဆိုမိန့်မှာတော် မူကြတယ်၊ ဒါကြောင့် သောတာပန်ပုဂ္ဂိုလ်မှာ ဣဿာ မစ္ဆရိယ တရားဆိုးများ မရှိတော့ဘူးလို့ မှတ်ရမယ်၊ အရိယာအစစ်ဖြစ်နေမှပဲဟာ ဒီတရားဆိုးနှစ်ပါးကို ဘယ်လက်ခံထား တော့မှာလဲ ဒကာကြီးတို့ရ။
ဒကာ။ ။ ၀မ်းသာကျေနပ်ပါပြီ ဆရာတော်၊ တချို့က ရိပ်သာကပြန်လာပြီး သောတာပန်အမည်ခံကာ လင်သားအပေါ် မသင်္ကာမှုတွေနဲ့ ဆူလွန်းလို့ မေးရတာပါဘုရား၊ ခုတော့ ရှင်းသွားပါပြီ။

No comments: