သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Tuesday, June 22, 2010

ဒုက္ခသစ္စာကို ပိုင်းခြား သိမှတ်ရာ၌ နည်းသုံးဖြာဆိုတာ ဘာလဲ?

ဒုက္ခသစ္စာကို ပိုင်းခြား သိမှတ်ရာ၌ နည်းသုံးဖြာဆိုတာ ဘာလဲ
ဒကာ။ ။ ဒုက္ခသစ္စာခေါ်တဲ့ ရုပ်နာမ်ဓမ္မတို့၏ ဖြစ်ပျက်မှု အနိစ္စသဘောကို ရှုမှတ်ပွားများရာ၌…
(၁) ဒုက္ခကိုလည်း မြင်အောင် ရှုမှတ်ရမယ်တဲ့။
(၂) ဒုက္ခလက္ခဏကိုလည်း သိအောင်မှတ်ရမယ်တဲ့။
(၃) ဒုက္ခာနုပဿနာ သဘောကိုလည်း မိအောင် လိုက်ရမယ်လို့ ဆရာသမားများက ဟောကြားတာကို ရောထွေး ရှုပ်ပွေလို့ ဒုက္ခ၊ ဒုက္ခလက္ခဏာ၊ ဒုက္ခာနုပဿနာတို့ရဲ့ သဘောကလေးတွေကို ရှင်းပြပေးပါ ဆရာတော်။

ဆရာ။ ။ (၁) ဒုက္ခဆိုတာက။ ။ ရုပ် နာမ် ဓမ္မတို့ပဲ၊ ယင်းတို့ဟာ ဖြစ်လိုက် ပျက်သွားလိုက်၊ ဖြစ်လိုက် ပျက်သွားလိုက်နဲ့ ဖြစ် ပျက် နှစ်ပါးတို့ရဲ့ နှိပ်စက်ခြင်းကို အချိန်ကာလမစဲဘဲ အမြဲတစေ ခံနေရလို့ ဒုက္ခမည်တယ်၊ ဖြစ်ပျက်နှိပ်စက် ခံနေရတဲ့ ရုပ် နာမ် ဓမ္မကို ဒုက္ခလို့ မှတ်၊ ရုပ် နာမ်ဟာ ဒုက္ခပဲ။
(၂) ဒုက္ခလက္ခဏာဆိုတာက။ ။ ဖြစ်၊ ပျက်မူ ဥဒယ၀ယသဘောပဲ၊ ဖြစ်လိုက်နဲ့ ပျက်သွားလိုက် အဲဒီဖြစ် ပျက်နှစ်ပါးတို့ မပြတ်နှိပ်စက်နေတာကို ဒုက္ခလက္ခဏာလို့ ခေါ်ဆိုတယ်၊ ဖြစ် ပျက်နဲ့ နှိပ်စက်နေတာဟာ ဒုက္ခလက္ခဏာပဲ၊ ဒုက္ခရဲ့ အမှတ်အသားပဲ၊ နှိပ်စက်တတ်တဲ့ သဘောပဲ။
(၃) ဒုက္ခနုပဿနာ ဆိုတာက။ ။ဝိပဿနာယောဂီဟာ ရုပ် နာမ် ဓမ္မကို နည်းမှန်ကျကျနဲ့ ရှုမှတ်နေ ဆဲခဏမှာ အမြဲမပြတ် ဖြစ် ပျက်နေတာတွေကိုသာ တွေ့ တွေ့နေရလို့ အင်း.. ဒီမခိုင်မြဲမှုတွေဟာ ဆင်းရဲသက် သက်ပဲလို့ သိန်းသန်းကုဋေ သူ့ဉာဏ်ထဲမှာ သိမြင်လာတာကို ဒုက္ခနုပဿနာလို့ ခေါ်ဆိုတယ်။
ကဲ… ကွဲပြားရှင်းလင်းရဲ့လား၊ ဒါမျိုးက ၀ိပဿနာတရား ရှုပွားတဲ့သူများအတွက်သာ ဖြစ်တာ၊ အပြောသ မားများအတွက် မဟုတ်ဘူး၊ အလုပ်သမားများအတွက် သက်သက်လို့ မှတ်ယူရမှာ ဒကာကြီးတို့ရ။
ဒကာ။ ။ ရှင်းသွားပါပြီ ဆရာတော်၊ ဒကာကြီးလည်း အလုပ်သမားတစ်ယောက်ဖြစ်အောင် ကြိုးစားပါ တော့မည် ဘုရား။

No comments: