သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

နိဗ္ဗာန်ဟာ နိစ္စ သုခရှိနေတဲ့ အတ္တလော

နိဗ္ဗာန်ဟာ နိစ္စ သုခရှိနေတဲ့ အတ္တလော
ဒကာ။ ။ သည်လိုဆို အနှစ်သာရအခိုင်အမာ နိစ္စ သုခ သဘောကိုဆောင်ပြီး မပျက်မစီးဘဲ အမြဲတစေ ငြိမ်းအေးချမ်းသာနေတဲ့ နိဗ္ဗာန်တရားဟာ အတ္တမည်တာပေါ့ ဆရာတော်၊ ဘယ်လိုယူဆပါသလဲ။

ဆရာ။ ။ နိဗ္ဗာန်တရားမြတ်ဟာ နိစ္စ = မြဲသော၊ သုခ = ငြိမ်းအေး ချမ်းသာတာတော့ အမှန်ပဲ၊ ဒါပေမယ့် ဒကာကြီးတို့ ပိုင်ဆိုင်တဲ့ ကိုယ်ပိုင်ပစ္စည်း အတ္တဟုတ်ကဲ့လား၊ သူ့ကို အစိုးတရ ယူသုံးခံစားနိုင်သလား၊ အကယ်၍ ငါ့ဥစ္စာ ငါ့ဟာပိုင် အစိုးတရနေနဲ့ ဆွဲယူသုံးစားနိုင်တဲ့အတ္တဖြစ်ရင် အခုပဲ နိဗ္ဗာန်ကိုထုတ်ယူပြီး သုံးစွဲခံစား ပြစမ်းပါ ဒကာကြီးတို့၊ ဆရာတော် ကြည့်ချင်လို့ပါ၊ နောအတ္တ = ငါ့မဟုတ်လို့၊ န မေ သိယာ = ငါ့ဟာ မဖြစ်တာပေါ့၊ ဒါကြောင့် သဗ္ဗေ ဓမ္မာ အနတ္တာ လို့ ဟောထားလို့ မှတ်ရမယ်။
ဒကာ။ ။ မှန်ပါ့၊ သဘောပေါက်ပါပြီ ဆရာတော်။

No comments: