သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

ရဟန္တာများ အမှားရေး အမှားဆိုပုံ

ရဟန္တာများ အမှားရေး အမှားဆိုပုံ
ဒကာ။ ။ လောဘ၊ ဒေါသ၊ မောဟ၊ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ ကင်းစင်တဲ့ ရဟန္တာအရှင်မြတ်များ ဟာ (ပမာဒ လေခ) အမှားရေး အမှားဆိုတွေရှိတယ်လို့ ပြောကြတာမှန်ပါသလား ဆရာတော် ရှင်းပြပေးပါဘုရား။

ဆရာ။ ။ ရဟန္တာက သူ့လို ငါ့လို ရိုးရိုး(သုက္ခ ၀ိပဿက) ရဟန္တာက တစ်မျိုး၊ မြေလျှိုး မိုးပျံ( ဆဠဘိည ပဋိသမ္ဘိဒါပတ္တ) ရဟန္တာက တစ်မျိုး၊ နှစ်မျိုးနှစ်စားရှိတယ်၊ အဲဒီနှစ်မျိုးနှစ်စားထဲ က နိရုတ္တိပဋိသမ္ဘိဒါဉာဏ်မရတဲ့ ရဟန္တာ ရိုးရိုးမျိုးက….
သမုဒ္ဓေါ - လို့ ရေးရ ဆိုရမှာကိုပင် သမုဒ္ဓေါ သမုဋ္ဌောလို့ သဒ္ဒါနည်းမမှန်ဘဲ အမှားတွေ ရေးမိ ဖတ်မိကြတယ်လို့….. ဆရာသမားများထံမှ သင်ကြားပေးလိုက်တာ ကြား-သိ- မှတ်သားရဖူးတယ်၊ ဒါကြောင့် ရိုးရိုးရဟန္တာ ပြုစုရေးသားတဲ့ ကျမ်းစာမျိုးကို သတိထား စိစစ်ရမယ် ဒကာကြီးတို့။
ဒကာ။ ။ အားရနှစ်သက်ကျေနပ်စွာနဲ့ ကျေးဇူးတင်လှပါတယ် ဆရာတော်။

No comments: