ဓါတ်သဘောဆိုတာ ဘာတွေလဲ၊
တိုတိုနဲ့ ထိထိမိမိ သိပါရစေ ဆရာတော်
ဒကာ။ ။ ခုခေတ် ရှင်လူတွေက ဓါတ်သဘောတွေပဲ ဓါတ်သဘောတွေပဲနဲ့ ပြောဟောနေကြတာ ဓါတ်ဆိုတဲ အဘိဓါန်ပုဒ်ရဲ့ အနက်သဘောကို ရှင်းပြပါဦး ဆရာတော်။
ဆရာ။ ။ အဘိဓမ္မာ ဓါတုဝိဘင်း အဋ္ဌကထာဆရာကြီးက ဓါတ်သဘောကို ဟောသလို ဖွင့်ဆိုထားတယ်။
၁။ ဓာတွတ္ထောနာမ သဘောဝတ္ထော၊
၂။ သဘာဝတ္ထောနာမ သုညတတ္ထော၊
၃။ သုညတတ္ထောနာ နိသတ္တ နိဇ္ဇီဝေါ။
၁။ ဓါတ်ဆိုတာ (သူရဲ့ဆောင်ကြဉ်းမှု) သဘောတရားကလေးတွေကိုသာ ဆိုတာပါပဲတဲ့။
၂။ “သဘောတရားကလေးသာ” လို့ဆိုတာဟာလည်း ငါ သူတစ်ပါး ယောက်ျား မိန်းမ လူ နတ် ဗြဟ္မာ အထည်ကိုယ်ဒြပ် ဘာမှမရှိတဲ့ သုညသဘောပါပဲတဲ့။
၃။ သုညသဘောဆိုတာကလည်း သတ္တ၀ါမဟုတ် အသက်ဇီဝမဟုတ် ၀ိညာဉ်လိပ်ပြာမဟုတ် သူ့သဘော သူဆောင်နေတဲ့ ဓမ္မသဘောသက်သက်ကို ဆိုတာပါတဲ့။
ဓါတ်တစ်ခုရဲ့ သူ့သဘာဝ
ဒကာ။ ။ တော်တော် နက်နဲ ခက်ခဲ သိမ်မွေ့တဲ့ သဘောတရားတွေပါလား ဆရာတော်၊ ကျေနပ် အားရအောင် ဓါတ်တစ်ခုလောက် ရှင်းပြပေးပါဘုရား၊ သူ့ရဲ့သဘာဝကို သိရအောင်ပါ။
ဆရာ။ ။ စက္ခုဝိညာဏဓါတ်ခေါ်တဲ့ ငါမဟုတ်သော မြင်သိစိတ်ဓါတ်ဟာ မြင်တာကိုသိအောင် ဆောင် ပေးနေတာပဲတဲ့၊ တခြား ကြားသိသဘော ၊ နံသိသဘော၊ စားသိသဘောတွေကို ဆောင်မပေးဘူး၊ သူ့သဘော မြင်သိတစ်ခုတည်းကိုသာ သူဆောင်ရွက်သွားတယ်၊ ကဲ….ရှင်းရဲ့လား၊ တခြားဓါတ်တွေကိုလည်း ဒီအတိုင်းပဲ မှတ်ပေတော့။
ဒကာ။ ။ ရှင်းလင်း ကျေနပ်လှပါပြီ ဆရာတော်၊ သဘောပေါက်ပါပြီ။
သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး
သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး
+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။
အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ
No comments:
Post a Comment