သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

အနတ္တက အတ္တ ဖြစ်လာပြန်ခြင်းများ

အနတ္တက အတ္တ ဖြစ်လာပြန်ခြင်းများ
ဒကာ။ ။ သဗ္ဗေ ဓမ္မာ အနတ္တာ တို့၊ အနိစ္စ ဒုက္ခ အနတ္တတို့ဟာ နေရာတကာ ရိပ်သာတကာမှာ ဟောကြားနေကြတာပဲ ဆရာတော်၊ အားလုံးရှိသမျှ အနတ္တလို့လည်း ဟောသေးရဲ့၊ တချို့ဆရာတော်တွေက……
အတ္တာဟိ အတ္တနော နာထော
ကောဟိ နာထော ပရော သိယာ။
ငါ့ကို ငါသာ အားထားရာတည့်၊ ငါမှအခြား သူတစ်ပါးကား အားထားရာမဟုတ်၊ ငါလုပ် မှ ငါရသည်၊ ငါ့လုပ်ခ ငါသာရ၏ဟု ဟောကြားနေကြပြန်ပါသည်။
စသည်ဟောကြားချက်တွေဟာ မှားမနေဘူးလား ဆရာတော်၊ ရှင်းပြပါဦးဘုရား။

ဆရာ။ ။ အင်း… သည်ပဥှာဟာ မကြာမကြာ လာမေးတယ်ကိုး၊ မေးထိုက်ပါတယ်လေ၊ ရှင်းပြမည်၊ နားထောင်မှတ်သားပါ၊ ငါဆိုတဲ့ အတ္တစွဲက လေးမျိုးအပြားရှိတယ်၊ ဒီဒေသနာတော် က နိဗ္ဗာန်အတွက်၊ ကိုယ့်ဟာကိုယ် ကြိုးစားဖို့ ဟောကြားတာပါ။
၁။ ဒိဋ္ဌိ အတ္တ။ ။ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာဟု အခိုင်အမြဲ စွဲယူကာနေခြင်းမျိုး။
၂။ မာန အတ္တ။ ။ ငါဟ ငါကွ ငါတို့က ဟု မာန်ထောင်ကာ ပြောဆိုစွဲယူခြင်းမျိုး။
၃။ တဏှာ အတ္တ။ ။ ငါငါ၊ ငါငါ၊ တငါငါနဲ့ လိုချင်သာယာ နေခြင်းမျိုး။
၎။ ဝေါဟာရ အတ္တ။ ။ ငါ၏ ချစ်သားရဟန်းများဟု … မိန့်ကြားခေါ်ဝေါ်ကာမျှသော ငါမျိုး။
မှတ်ချက်။ ။ နံပါတ် ၁-၂-၃ ပါ ငါစွဲတို့ကား အပါယ်လားကြောင်း ဖြစ်၍ မစွဲရချေ၊ ၄ နံပါတ်ဝေါဟာရ ငါကား ဘုရားစကားတော် အတ္တစွဲမပါ မခေါ်ရင်မဖြစ်၍ ခေါ်ဝေါ်ကာမျှ ငါသာဖြစ်၏ဟု မှတ်ရာသည်တဲ့ ကဲ.. ကျေနပ်ရဲ့လား။
ဒကာ။ ။ ရင်ထဲမှာ တနုံ့နုံ့ဖြစ်နေလို့ မေးရတာပါ ဆရာတော်၊ နားလည်ပါပြီ ဆရာတော်၊ ကျေးဇူးတင်ပါတယ် ဘုရား။

No comments: