သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Tuesday, June 22, 2010

ဒုဗ္ဗလ ၀ိပဿနာဆိုတာ ဘာလဲ?

ဒုဗ္ဗလ ၀ိပဿနာဆိုတာ ဘာလဲ
ဒကာ။ ။ ၀ိပဿနာတရား ပွားများအားထုတ်တဲ့ ယောဂီအချို့ဟာ ဒုဗ္ဗလ၀ိပဿနာဖြစ်နေတယ်၊ ကြိုးစားအားထုတ်ပါ စသည့်ဖြင့် ဆရာသမားများက ဟောကြားတာကို မှတ်သားရဖူးပါတယ်၊ “ဒုဗ္ဗ၀ိပဿနာ”ဆိုတာ ဘာသဘောကို မှတ်ထားပါလဲ ဆရာတော်၊ အမှားလား၊ အမှန်လား၊ အနည်းငယ်ရှင်းပြပေးပါ ဘုရား။

ဆရာ။ ။ အင်း…. ဓမ္မကထိကမျိုးစုံနဲ့ တရားတွေမျိုးစုံ လိုက်နာ၊ နားမလည်တာရှိတော့ ဒီမှာလာမေး၊ ကိုင်း..အဖြေပေးမယ်၊ နားထောင် မှတ်သားပေတော့။
(ဒု) မကောင်းသဖြင့်၊ ၀ါ- မှားမှားယွင်းယွင်း ရုပ်နာမ်တို့သဘောကို ပိုင်းခြားသိမ်းဆည်း ဝေဖန်ခြင်းမရှိဘဲ ငါလည်းဖြုတ်ဘဲနဲ့။
(ဗလ) အားကောင်းကောင်းနဲ့၊ ၀ါ-ကြိုးကြိုးစားစား ငါတန်းလန်းကြီးနဲ့။
(၀ိပဿနာ) ရုပ် နာမ် သင်္ခါရတို့ ဖြစ်၊ ပျက်ခြင်း၊ ငါ ငါမဟုတ် အတ္တမှ ကင်းဆိတ်ခြင်း သုညသဘောကို ကြားနာရှုမှတ်ကာ နေခြင်းတဲ့။
ဆိုလိုရင်းကတော့ ဒုဗ္ဗလ၀ိပဿနာဆိုတာ ၀ိပဿနာဉာဏ် ဖြစ်ကြောင်း မူရင်းဖြစ်တဲ့ နာမရူပ ပရိစ္ဆေဒ ဉာဏ်၊ ပစ္စယ ပရိဂ္ဂဟဉာဏ် စတဲ့ သိရိုးသိစဉ်တွေကို ခုန်ကျော်ပြီး ရုပ်နာမ်တို့၏ ဖြစ်ပျက်မှု ငါ ငါ့ဥစ္စာ အတ္တမှ ကင်းဆိတ်မှုကို ငါသိမှတ်နေတဲ့ ၀ိပဿနာအတုကို ဒုဗ္ဗလ၀ိပဿနာ လို့ ခေါ်ဆိုကြတာပဲ၊ အကြောင်း၊ အကျိုး၊ သိမ်းဆည်းမှု အခြေခံဉာဏ် မပါသော ၀ိပဿနာလို့ ဆိုတယ်။
မှတ်ချက်။ ။ နာမရူပ ပရိစ္ဆေဒဉာဏ်၊ ပစ္စယ ပရိဂ္ဂဟဉာဏ် သစ္စာနှင့်စပ်တဲ့အသိဉာဏ်တွေနဲ့ ပွားများမှတ်သားတဲ့ ၀ိပဿနာအစစ်ကိုတော့ မှတ်လို့အားမကောင်းသေးရင် “တရုဏ ၀ိပဿနာ” လို့ခေါ်တယ်၊ ၀ိပဿနာအတုကိုတော့ “ဒုဗ္ဗလ ၀ိပဿနာ” လို့မှတ်ရမယ်။
ဒကာ။ ။ ကောင်းမြတ်ကျေနပ်ပါပြီဆရာတော်၊ အများအားဖြင့် ခုကာလယောဂီတွေက နာမရူပ ပရိစ္ဆေဒဉာဏ်၊ ပစ္စယ ပရိဂ္ဂဟဉာဏ်ကို ကြေညက်အောင် မသင်ကြားဘဲနဲ့ ငါမဟုတ်တဲ့ အနတ္တရုပ်နာမ် ဖြစ်၊ ပျက်မှုတွေကိုသာ ငါတန်းလန်းနဲ့ ကြိုးစားပွားများနေကြတာပဲ ဆရာတော်။

No comments: