သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Monday, June 21, 2010

ဗုဒ္ဓဘာသာဟာ သုည၀ါဒဆိုတော့ အနှစ်သာရ မရှိလို့လား

ဗုဒ္ဓဘာသာဟာ သုည၀ါဒဆိုတော့ အနှစ်သာရ မရှိလို့လား
ဒကာ။ ။ ဗုဒ္ဓဘာသာကို သုည၀ါဒ သုည၀ါဒလို့ ပြောဆိုနေကြတာ ဘာမျှအနှစ်သာရမရှိတဲ့ ဘာသာလား ဆရာတော်၊ ဘာကြောင့် သုည၀ါဒလို့ ခေါ်တာလဲ သိပါရစေ ဘုရား။

ဆရာ။ ။ သုည၀ါဒကို ၀ိသုဒ္ဓိမဂ်မဟာဋီကာဆရာကြီးက အနတ္တ ရှုထောင့်ကနေပြီးတော့ နှစ်ခုနဲ့ ထောက်ပြထားပုံက…
သုညမိဒံ နာမရူပံ အတ္တေန ၀ါ၊ အတ္တနိယေန ၀ါ။
ထင်ရှားရှိနေတဲ့ ရုပ်နာမ်ဆိုတာဟာ ငါမဟုတ် ငါဆိုတဲ့ အတ္တမှ ကင်းဆိတ်တဲ့ သုညသဘောသာဖြစ် တယ်တဲ့၊ အဲဒါဟာ သုည၀ါဒပဲ၊ ဆက်ပြောဦးမည်၊ ဉာဏ်ဝင်စားပါ။
ငါမဟုတ်( အတ္တမှ ကင်းဆိတ်) တဲ့ သည်ရုပ်နာမ်တရားဟာ ငါ့ဟာ မဟုတ်နိုင် ငါမပိုင်သော အတ္တနိယ ငါ့ဥစ္စာမှ ကင်းဆိတ်တဲ့ သုညသဘောမျှသာ ဖြစ်တယ်တဲ့။
ဆိုလိုရင်းက ငါမဟုတ်တဲ့ သည်နာမ်ရုပ်အစုဟာ ဘယ်လိုလုပ်ပြီး ငါ့ဥစ္စာဖြစ်နိုင် မှာလဲတဲ့၊ သုညသဘော မျှသာပဲတဲ့၊ ကဲ… သဘောကျရဲ့လား၊ ဉာဏ်သမားကြီးများအတွက်ဟောတာ။
ဒကာ။ ။ မှန်ပါ့၊ သဘောကျပါပြီ ဆရာတော်၊ ငါ၊ ငါ့ဟာ အတ္တမှ ကင်းဆိတ်ခြင်း သုညကိုဆိုတာ မှန်ပါ တယ် ဆရာတော်၊ ဒကာကြီးလက်တွေ့ ခံနေရတာပဲဟာ စဉ်းစားကြည့်လေ အကွင်းသားသိလေပဲ ဘုရား။

No comments: