သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Monday, June 21, 2010

အဋ္ဌကထာဆိုတာ ဘာလဲ

အဋ္ဌကထာဆိုတာ ဘာလဲ
ဒကာ။ ။ အဋ္ဌကထာ အဋ္ဌကထာနဲ့ ပြောဆိုနေကြတာ အဋ္ဌကထာဆိုတာ ဘာလဲမေးတော့လည်း နားရှင်းအောင် မဖြေနိုင်ကြဘူးဆရာတော်၊ ဒါကြောင့် အဋ္ဌကထာအဘိဓါန်ပုဒ်ရဲ့ အနက်အဓိပ္ပါယ်ကို ရှင်းပြပါဦး ဘုရား။

ဆရာ။ ။ ဘဂ၀တော ဟိ အဓိပ္ပာယံ ဉ တွာ ဥပါလိ ထေရာဒီဟိ အဋ္ဌကထာ ထ၀ိတာ။
မြတ်စွာဘုရား ဟောကြားတော်မူမည့် စကားတော်ရဲ့ အနက်အဓိပ္ပါယ်တို့ကို မြတ်စွာဘုရား၏ အာဘော် ကျအတိုင်း တစ်သဝေမတိမ်း သိတော်မူကြတဲ့ အရှင်ဥပါလိ စတဲ့မထေရ်မြတ်တို့က “ဗုဒ္ဓဘုရားအကျဉ်းအားဖြင့် ဟောကြားသွားတဲ့စကားပုဒ် ကလေးတွေရဲ့ အနက်အဓိပ္ပါယ်ကို ထပ်ဆင့် ဖွင့်ပြတော်မူကြတာကို အဋ္ဌကထာလို့ ခေါ်တယ် ”ဒကာကြီးတို့ရ။
ဒီနေရာမှာ “အဋ္ဌ” က အနက် အဓိပ္ပါယ်အဖွင့်ကို ခေါ်ဆိုတယ်၊ “ကထာ” က စကားကို ဆိုတယ်၊ ဒါပါပဲ။
ဒကာ။ ။မှန်ပါ့၊ နားလည်ပါပြီ ဆရာတော်၊ ဗုဒ္ဓဘုရားသခင်ရဲ့ အကျဉ်းပါဠိစကားတော်များကို လူတိုင်း နားလည်အောင် အကျယ်ဖွင့်ဆိုတဲ့ ကျမ်းစာပေါ့။

No comments: