သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Tuesday, June 22, 2010

မိစ္ဆာဒိဋ္ဌိကို ဘယ်တရားနဲ့ ပယ်ရှားရမည်လဲ

မိစ္ဆာဒိဋ္ဌိကို ဘယ်တရားနဲ့ ပယ်ရှားရမည်လဲ
ဒကာ။ ။ မိစ္ဆာဒိဋ္ဌိခေါ်တဲ့ အယူအစွဲ အကျင့် အကြံအမှား အပါယ် လေးပါးပို့တဲ့ တရားဆိုးတရားညစ် တွေကို ဘယ်တရားမျိုးနဲ့ ပယ်ရှားရိုက်ချိုးသတ်ပစ်နိုင်ပါသလဲ ဆရာတော်၊ တိုတိုရှင်းရှင်းကလေးနဲ့သာ ဖြေကြားပါဘုရား၊ ရှည်လွန်းရင် ရှုပ်ထွေးကုန်ရော နားမလည်တော့ဘူး ဘုရား။

ဆရာ။ ။ အင်း… မဟာဝဂ္ဂသံယုတ် အဋ္ဌကထာဆရာက တိုတိုကျဉ်းကျဉ်းကလေးနဲ့ လိုရင်းကို ဟောဒီလို ပြဆိုထားတယ်။
ဒိဋ္ဌိယော နာ ၀ိပဿနာယ ဧ၀ ပဟီနာ။
ဘယ်ဒိဋ္ဌိမဆို ဒိဋ္ဌိမျိုး မှန်သမျှတွေကို ၀ိပဿနာတရား တစ်ခုတည်းနဲ့သာ ပယ်ရှားရိုက်ချိုး သတ်ပစ်နိုင်တယ်တဲ့ ဒကာကြီးတို့ရဲ့။
ဝိပဿနာအာရုံထဲမှာ ဒိဋ္ဌိအယူအစွဲဟာ တစ်ပဲသားတောင် မပါရဘူး၊ ကဲ… ရှင်းရဲ့လား၊ ရုပ်နာမ်ဓမ္မတို့၏ ဖြစ် ပျက်မှု ဆင်းရဲအစုကိုသာအာရုံပြု ရှုမှတ်နေရင် အပါယ်တံခါး ပိတ်တာပဲ။
ဒါကြောင့် ၀ိပဿနာတရားအမှန်ကို သေချာစွာ ပြပေးတတ်တဲ့ စာတတ်ပေတတ် ဆရာကောင်းကို ရှာမှီး ဆည်းကပ် ပွားများအားထုတ်သွားရင် မိစ္ဆာဒိဋ္ဌိကို ပယ်ရှားတာပဲ၊ ဒါန၊ သီလ၊ သမထကို ပယ်ဖို့ ပြောနေတာ မဟုတ်ဘူး။
ဒကာ။ ။ ကျေးဇူးတင် ၀မ်းသာလှပါတယ် ဆရာတော်၊ ၀ိပဿနာတရားကိုလည်း ကြိုးစားအားထုတ် ပွားများပါမည်ဘုရား။

No comments: