သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

ဝိပဿနာကံက ဇာတိကိုမပေးတော့ဘူးလား

ဝိပဿနာကံက ဇာတိကိုမပေးတော့ဘူးလား
ဒကာ။ ။ ဆရာတော်များ တရားဟောရင် ၀ိပဿနာဉာဏ်အမြင်ကိုချည်း ဦးစားပေးဟောကြတာပဲ၊ “အသင်္ခတဂါမိမဂ္ဂေါ ၀ိပဿနာ” ၀ိပဿာကုသိုလ်ကမှ နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းဖြစ်တယ်ဆိုတော့ကာ အခုရှင်ရဟန်းတွေ ကြိုးပမ်းအာထုတ်နေကြတဲ့ ၀ိပဿနာကုသိုလ်ကံက နောက်ဘ၀ဇာတိ ပဋိသန္ဓေကို မပေးတော့ဘူးလား ဆရာတော်။

ဆရာ။ ။ ဒီပုစ္ဆာမျိုးကို လွန်ခဲ့သော ၃ နှစ်လောက်က လာမေးလို့ ဖြေပြီးသားလို့ထင်တယ်၊ ကဲ… နား ထောင်ကြပေါ့၊ ဗုဒ္ဓရဲ့ သာဝကဟာ “ဥဇုပ္ပဋိပန္န” နိဗ္ဗာန်ကို ဖြောင့်တန်းစွာ ရည်မှန်းကာ ၀ိပဿနာဓမ္မကို ကြိုးစားပွားများနေရင်…
ဝိပဿနာ သမ္မာဒိဋ္ဌိ ပဋိသန္ဓိံ နာဍ္ဎတိ။
အဲဒီ ၀ိပဿနာ သမ္မာဒိဋ္ဌိကုသိုလ်က နောင်ဘ၀ဇာတိ ပဋိသန္ဓေကို မစွဲယူမကပ်ငြိတော့ဘူးလို့ ဧကင်္ဂုတ္တရ အဋ္ဌကထာက ဆိုတယ်။
မဟာဝဂ္ဂသံယုတ် ပါဠိတော်ကလည်း “ဣဒံ ၀ိပဿနာ ကမ္မံ ကမ္မက္ခယာယ သံဝတ္တတိ” ဤသမ္မာဒိဋ္ဌိ ၀ိပဿနာကုသိုလ်ကံဟာ ဘ၀ဒုက္ခကိုပေးစေတတ်တဲ့ ကံကို ကုန်ခန်းချုပ်ပျောက်စေတတ်တယ်လို့ ဆိုထား တယ်။
ဒါကြောင့် ၀ိပဿနာကုသိုလ်ကို အမွှန်းတင်ပြီး ဟောကြားတိုက်တွန်းနေကြတာ ဒကာကြီးတို့ရဲ့၊ နောက် ပြီးတော့လည်း ၀ိပဿနာတရား အားထုတ်သူ၏ အကျိုးခံစားခွင့်ကို ရှေးဆရာတော်ကြီးတွေက….
ရောဂါကြီးမူ၊ ညည်းညူမရှိ၊ သတိမမေ့၊ သေနေ့သိပြန်၊ မျက်ဖြူလန်၍၊ ပြင်းထန်ကြောဆွဲ၊ မရှိဘဲနှင့်၊ သေလဲတောင့်တင်း၊ ၃ ရက်တွင်း၌၊ ပုပ်ခြင်းကင်းသည်၊ ကျိုးရင်းဝိပဿနာ တန်ခိုးတည်း။
လို့ ရေးသားစပ်ဆိုတော် မူထားကြတယ်၊ ကဲ.. ကျေနပ်လောက်ပါပြီနော်၊ အဲသည် ၀ိပဿနာအကျိုးရ လင်္ကာထဲမှာ ဘ၀တစ်ပါး နတ်ပြည်လားသည်လို့ မပါဘူး၊ အဲဒါ သတိထားစရာပဲ။
ဒကာ။ ။ ကျေနပ်နှစ်သက်လောက်တဲ့ ဖြေဆိုချက်ပါပဲ ဆရာတော်၊ မှတ်မိပါပြီဘုရား၊ ဆရာတော် အရင် ဖြေတုန်းက ဒီလင်္ကာမပါဘူး။

No comments: