သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

လူ့ပြည်၌ ပြန်ဖြစ်သော သောတာပန်များ ရှိသလား သောတာပန်သေရင် သူဆင်းရဲမျိုး၌ ဖြစ်သလား

လူ့ပြည်၌ ပြန်ဖြစ်သော သောတာပန်များ ရှိသလား
သောတာပန်သေရင် သူဆင်းရဲမျိုး၌ ဖြစ်သလား
ဒကာ။ ။ အရိယာပိုင်းရဲ့ အောက်ထစ်ဆုံး သောတာပန်သေရင် ယုတ်ညံ့ဆင်းရဲ မွဲတေသော အမျိုး၌ ဖြစ်ကောင်းပါသေးသလား ဆရာတော်။
ပိဋကတ်တော်စာပေများမှာ သောတာပန်သေလို့ လူ့ပြည်ပြန်ဖြစ်တဲ့ သောတာပန်ဝတ္ထုအကြောင်းများ ရှိရင်လည်း သိပါရစေ ဆရာတော်၊ ညွှန်ကြားပြပါဦး ဘုရား။

ဆရာ။ ။ အင်း.. သည်ကိစ္စနှင့်စပ်ပြီး သာရတ္ထသင်္ဂဟ အဋ္ဌကထာ ဆရာကြီး ညွှန်ကြားရှင်းပြထားတာ ရှိတယ်၊ နားထောင်မှတ်သားပေတော့။
သောတာပန္နကာလတော ပဋ္ဌာယ နိစကုလေ ဥပ္ပတ္တိနာမ နတ္ထိ၊ မဟာဘောဂ ကုလေသုမေ၀ နိဗ္ဗတ္တတိ။
သောတာပန်ဖြစ်တဲ့ ဘ၀ကာလမှ စုတိပြီးတဲ့ အချိန်ကစ၍ ယုတ်နိမ့်ဆင်းရဲတဲ့ အမျိုး၌ မဖြစ်ရတော့ဘဲ ပစ္စည်းဥစ္စာ ပေါများချမ်းသာသော အမျိုးတို့၌သာလျှင် ဖြစ်ရတယ်တဲ့။
သောတာပန်သေလို့ လူ့ပြည် လူ့ဘ၀မှာ ပြန်ဖြစ်လာတဲ့ ၀တ္ထုကြောင်းများကိုတော့ ပိဋကတ်တော် စာပေ ကျမ်းဂန်တွေမှာ မတွေ့မိသေးဘူး ဒကာကြီးတို့ရ၊ တခြားစာပေကျမ်းဂန်နှံ့စပ်တတ်သိတဲ့ ဆရာသမားများထံ မေး မြန်းစုံစမ်းပါဦးလေ၊ ယင်းအဋ္ဌကထာဆရာကြီးညွှန်ကြားချက်က လူပြန်ဖြစ်တာ သေချာနေတယ်၊ ဒီကတော့ မတွေ့ဖူးသေးဘူးပဲ။
ဒကာ။ ။ သည်ကိစ္စရပ်ကို ဆရာတော်တို့လို ကျမ်းဂန် နှံ့စပ်တတ်သိတဲ့ ဆရာတော်မျိုးကမှ မသိရရင် သည့်ပြင် ဆရာတော်များလည်း သည်လိုပဲ ဖြေကြမှာပါ ဆရာတော်၊ ဒါ အမှန်ပဲပေါ့။

No comments: