သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Friday, June 18, 2010

ညွှန်ကြားလွှာ

ဘာသာရေးနှင့် ညွှန်ကြားလွှာ

ဟုတ်ပါသည်၊ မည်သည့်ဘာသာဝင်သူမဆို မိမိတို့ကြိုတင်၍ ဧကန်မုချ အသင့်ပြင်ဆင်ကာ အဟုတ်တကယ် ပြုလုပ်ဖြစ်ရှိသွားကြရမည်မှာ မိမိတို့ယုံကြည်ကိုးစား အလေးအမြတ်ထားသော ဘာသာတရား၏ပေးထား
သော “လုပ်ခ” မိမိရပိုင်ခွင့် အကျိုးဖလစွမ်းအင်နှင့် ရရှိခံစားမှု သုခမျိုးကိုသာ လိမ္မာပါးနပ်ဥာဏ်မြင်
တည့်မတ် မှန်ကန်စွာ စစ်ဆေးဝေဖန်တတ်သော သူများအဖြစ် အဟုတ်တကယ်ဖြစ်ရှိ ထားရပေမည်။
ဤကား အများနှင့်မဆိုင် ကိုယ်ပိုင်ကိစ္စအလုပ်သာဖြစ်သည်၊ မိတ်ဆွေ တစ်ခေါက်ပြန်ဖတ်ကြည့်စမ်းပါ။
ဘာသာရေး၌ ယင်းညွှန်ကြားချက်အတိုင်း မဖြစ်၊ မရှိ၊ မဟုတ်၊ မလုပ်သောသူ ဖြစ်ပါက “ပြောတိုင်းယုံ၊ ကြုံတိုင်းလိုက်၊ ခိုင်းတိုင်းလုပ်လျက်” မိမိယုံကြည်ချက်ဖြင့် ခံယူကိုးကွယ်
ထားသော ဘာသာတရား၌ ရရှိမည့်အမြိုက်အရသာ အကျိုးခံစားခွင့် အနှစ်သာရ သုခအာနိသင်၏ လမ်းဆုံးပန်းတိုင်ကိုလည်း ဘာမှမသိ၊ နားမလည် မလေးစား မှန်သည်၊ မှားသည်ကိုလည်း တန်ဖိုးမထား၊ အမှားမှားတွေ ၀င်ရောက် ၀င်ရောက်ကာ မိမိအယူ
ဘာသာထဲ ရောစွက်လျက် လာသမျှတွေ လက်ခံကိုးကွယ်၍နေသော လူ့ငပေါဘ၀ ရောက်ကာ လေတိုက်ရာ လွင့်ပါးနေသည့် အမှိုက်ထွေး သစ်ရွက်ခြောက် လူတန်းစားမျိုးသာ ဖြစ်သွားကြပေလိမ့်မည်။
ထို့ကြောင့် ဤသုတေသန သမ္မာမဂ္ဂင်္ဂ ပဥှာကျမ်းစာ၌ပါရှိသော အမေးပဥှာတို့၏ အခြေစကားရပ်အားလုံးတို့သည် ဗုဒ္ဓဘာသာစစ်စစ်မှ တစ်ပါးဖြစ်သော ဘာသာအယူဝါဒတို့နှင့် မသက်ဆိုင် ရောနှောခြင်းလည်းမရှိ၊ ၀င်ရောက်၊စွက်ဖက်လာခြင်းကိုလည်း လက်မခံပေ၊ နေရာမထား၊ ပယ်ရှား၊ ပယ်ရှားလျက် မိမိတို့ သဗ္ဗညု သမ္မာသမ္ဗုဒ္ဓ၏ မုက္ခပါဌ်တော်လာသည့်အတိုင်း သမ္မာဒိဌိ ဗုဒ္ဓဘာသာဝင်စစ်စစ် တိကျစွာ ဖြစ်လိုသူတို့အတွက်ကိုသာ သန့်ရှင်းပီသစွာ ညွှန်ကြားဖြေဆိုထားသော စကားရပ်များဖြစ်၍ မည်သူ၏ကိုးကွယ်မှု ဘာသာတစ်စုံတစ်ခုကိုမျှ မတားမြစ် မထိခိုက် မနစ်နာစေပါဟု မှတ်ယူကြစေလိုကြောင်း၊ ဘာသာဝင်မိတ်ဆွေအပေါင်းတို့။
ဤတွင်၍ ဘာသာရေးနှင့် ညွှန်ကြားလွှာပြီး၏။

No comments: