သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Monday, June 21, 2010

ဒုက္ခနဲ့ အရင်းတည်မှ သုခနိဗ္ဗာန်ကို ရတော့မှာလား

ဒုက္ခနဲ့ အရင်းတည်မှ သုခနိဗ္ဗာန်ကို ရတော့မှာလား
ဒကာ။ ။ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာကို ရှာဖွေရယူတဲ့အခါမှာ ရှာဖွေရေးကိစ္စနဲ့ ကျင့်ကြံ ပွားများမှု လုပ်ငန်းကိစ္စက ဆင်းရဲလှပါတယ် ဆရာတော်၊ ချမ်းချမ်းသာသာနဲ့ ရယူနိုင်တဲ့နည်းများ မရှိဘူးလား ဘုရား၊ ရှိရင် ညွှန်ကြားတော်မူပါ။

ဆရာ။ ။ အင်း… ဆင်းရဲတဲ့ ဘုံဘ၀ဋ္ဌာနမှာ ဆင်းရဲကောင် လာဖြစ်နေတဲ့ ဆင်းရဲသားဟာ ဆင်းရဲနေမှာ ပေါ့၊ သူ့နေရာဋ္ဌာနက ချမ်းသာတစ်စက်မှ မရှိတဲ့ ဆင်းရဲဋ္ဌာနကြီး သက်သက်ပဲ ဥစ္စာ၊ ဒုက္ခဆင်းရဲထဲကနေပြီး ချမ်း သာကိုရှာပေါ့။
ဒီကိစ္စနဲ့စပ်ပြီး မဇ္ဈိမပဏ္ဏာသပါဠိတော် စာမျက်နှာ ၂၇၉ အဋ္ဌကထာ ၁၅၄၊ ၂၃ မှာ….
န ခေါ သုခေန သုခံ အဓိဂန္တဗ္ဗံ။
ဒုက္ခေန ခေါ သုခံ အဓိဂန္တဗ္ဗံ။
သုခလိုချင်ရင် သုခနဲ့ ရှာဖွေလို့ မရနိုင်ဘူး၊ ဒုက္ခနဲ့ အရင်းတည်ပြီး ရှာဖွေမှသာ သုခကို ရနိုင်မယ်လို့ မိန့်ဆို မှာကြားထားတာရှိတယ်။
ဒါကြောင့် “မခံသာ မှန်ပါဘိ သည်တရား၊ ခံသာလျှင် သံသာကြော မျောမည်မမှား”…တဲ့၊ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာဆိုတဲ့ သုခချမ်းသာအစစ်ကို လိုချင်ရင် ဒုက္ခဆင်းရဲနဲ့ အရင်းတည်ပြီး ရှာဖွေရမှာချည်းပဲလို့သာ မှတ်ပေတော့၊ ပင်ကိုက ဒုက္ခကောင်ဟာ ဒုက္ခပဲရှိတာ ဘာမေးနေစရာ လိုသေးသလဲ၊ ဒုက္ခထဲက ထွက်ပေါက်ကို ဒုက္ခပစ္စည်းနဲ့ အရင်းတည်ပြီးတော့ ရှာဖွေပေါ့၊ ဒါမှ ဒုက္ခသစ္စာအမှန်တရားကို ပိုင်းခြားသိ မြင်ရမှာ။
ဒကာ။ ။ မှန်ပါ့၊ ကောင်းပါပြီ ဆရာတော်၊ မိမိလက်ရှိပစ္စည်းက ဒုက္ခဆင်းရဲအမှန်ဆိုတာ သိပါပြီဘုရား။

No comments: