သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Tuesday, June 22, 2010

ေ၀ေနယ်ဇၥ်ာသယ တရားဆိုတာ ဘာလဲ?

ေ၀ေနယ်ဇၥ်ာသယ တရားဆိုတာ ဘာလဲ
ဒကာ။ ။ မြတ်စွာဘုရားသခင် တရားဟောတော်မူတဲ့ အခါ (ဝေနေယျဇ္ဈာသယ) ဝေနေယျ၏ အလို အဇ္ဈာသယကို သိတော်မူတယ်လို့ ပြောဆိုကြပါတယ်၊ ဝေနေယျဇ္ဈာသယဆိုတဲ့ အဘိဓါန်ပုဒ်ရဲ့ အနက်အဓိပ္ပါယ် ကို မသိလို့ ရှင်းပြပေးပါ ဆရာတော်။

ဆရာ။ ။ မြတ်စွာဘုရား တရားဟောတော်မူတဲ့အခါ အမည်နာမပုဒ်တစ်ခုနဲ့ အနက်အဓိပ္ပါယ်တူတဲ့ အခြားအမည် နာမ်ပုဒ်တို့ကို ထုတ်ကာ ထုတ်ကာ ပုဂ္ဂိုလ်အမျိုးမျိုးတို့ သိလွယ်စေရန် နည်းပရိယာယ် အမျိုးမျိုးဖြင့် အစားထိုး၍ ပညတ်တင် ဟောကြားပြောဆိုကာ သိစေတော်မူသော အရာမျိုးကို (ဝေနေယျဇ္ဈာသယ)လို့ ခေါ်တယ်၊ ဒါက သုဂတဂုဏ်တော်ရဲ့ စွမ်းအင်ပဲ။ ပုံပမာ..လောဘ ဆိုတဲ့ အဘိဓါန်စကားပုဒ်ကို မြတ်ဘုရားက တဏှာ၊ ဥပါဒါန်၊ ရာဂ၊ အဘိဇ္ဈာ၊ တသ၊ နန္ဒီ၊ ဇော၊ အာသာ၊ နိကန္တိ၊ အာလယ၊ ကာမ- စသည်ဖြင့် သင့်သလို အစားထိုးခေါ်ဝေါ်ပြောဆိုပြီး ဟောကြားခြင်းမျိုးကို ဝေနေယျဇ္ဈာသယလို့ မှတ်ရမည်။
ယင်းပုဂ္ဂိုလ် သိနားလည်နိုင်တဲ့ အမည်နာမ အမျိုးမျိုးနဲ့ ဟောကြားတာပဲ ဒကာကြီးတို့ရဲ့၊ ကိုင်း… သဘောကျရဲ့လား။
ဒကာ။ ။ သဘောပေါက် ကျေနပ်ပါတယ် ဆရာတော်၊ အနက်သဘောတူတဲ့ အဘိဓါန်ပုဒ်တွေက တယ်များတာကိုး။

No comments: