သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Thursday, June 17, 2010

နိဒါန ကထာ

နိဒါန ကထာ
ဗုဒ္ဓေါ သုဇနာနံ ဇယံ ဒေတု
သုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာကျမ်း
ကျမ်းဆရာ၏ သမ္မာဝိတက်ဖြင့် နှုတ်ခွန်းဆက်လွှာ

ဤသည့်သုတေသနသမ္မာမဂ္ဂင်္ဂပဥှာကျမ်းစာအုပ် စီစဉ်ပြုလုပ်ထုတ်ဝေရခြင်း၏ အကြောင်းရင်းမူလ ၀ိသေသမှာ

၁။ သမ္မာဒိဌိ အမည်ကို ခံယူနေကြသောဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့ ဗုဒ္ဓဘာသာ သမ္မာဒိဋ္ဌိစစ်စစ်ကြီးတွေ ဖြစ်ဖြစ်သွားစေနိုင်ကြဖို့အရေး မိမိတို့ကိုးကွယ်၊ လေးစား၊ အားထား၊ ပူဇော် ကော်ရော် ကြည်ညို၊ ရိုသေလေးမြတ်စွာဖြင့် ကျင့်ကြံ၊ အားထုတ် ပြုလုပ်၊ ပသ ဂါရ၀ ပေးကြရာ၌ အရေးတကြီးလိုအပ်နေသော သမ္မာဒိဋ္ဌိအသိဉာဏ်စဉ် မဂ္ဂင်အချက်အလက်တို့၏ ဟာကွက် လျော့ကွက် ပျော့ကွက်တို့နှင့် ပေါ့ပျက်မှုများကို ပယ်ဖျက်ဖြိုခွင်းလျက် ယထာဘူတဉာဏ်အမြင် အလင်းရောင်တွေ ၀င်းဝင်းပြောင်ပြောင် ထောင်ရောင်နေပမာ ဝေေ၀ဆာဆာ ခိုင်မာတောင့်တင်း ဖွံ့ဖြိုးတိုးတက်ခြင်း
နှင့်ပြည့်စုံကာ သဗ္ဗညုမြတ်စွာ၏ ဘာသာအယူ မူမှန်စစ်စစ်ကြီးတွေ ဖြစ်ကာဖြစ်ကာ လာနိုင်ကြစေရန် ရည်သန်သောစိတ်ထားဖြင့်လည်းကောင်း။
၂။ ဗုဒ္ဓဘာသာ သမ္မာဒိဋ္ဌိပုဂ်္ဂိုလ်စစ်ကြီးတွေသာ ဖြစ်ကာဖြစ်ကာနေလိုသူတို့နှင့် မသက်မဆိုင်မသင့်မလျော် မတော်မတန် ပိုလျှံမှားယွင်းနေသော ဗုဒ္ဓဘာသာအစစ်တို့ မလိုလားအပ်သည့် ကိုးကွယ်ဆည်းကပ် ရည်မှတ်ပူဇော် ကော်ရော်ပသ တောင့်တနေမှု တောင်းဆုပတ္တနာ အချက်အလက်များစွာတို့ကိုလည်း ပယ်ဖျက်ပယ်ရှား တော်လှန်၍ သွားနိုင်ကြစေရန် ရည်သန်လျက်လည်းကောင်း။
၃။ ဤကျမ်းစာပါ သမ္မာဒိဋ္ဌိဗုဒ္ဓဘာသာစစ်စစ်ဖြစ်လိုသူတို့၏ သုတေသနအမေးပဥှာများစွာတို့ကို သဗ္ဗညု သမ္မာသမ္ဗုဒ္ဓ၏ အလိုတော်ကျအတိုင်း ဆုတ်ဆိုင်းမနှောင်း အဖြေပေါင်းများစွာ ပြန်လည်ဖြေကြားပေးထားရာ မိမိတို့နှစ်သက်ရာရာကို လိုသလိုတူးလှန်၍ ထူးကဲမှန်ကန်သော အသိဥာဏ်ဖြင့် ဝေဖန်စစ်ဆေး ညှိနှိုင်းဆွေးနွေးကာ ရွေးချယ်ထုတ်ယူလျက် သားစဉ်မြေးဆက် အဆက်မပြတ် ကိုးကွယ်၊ ဆည်းကပ်၊
ကျင့်ကြံ၊ အားထုတ် တတ်ကြဖို့ အတွက်လည်းကောင်း။
၎။ ဤသို့လျင် သဗ္ဗညု သမ္မာသမ္ဗုဒ္ဓ၏ ဟောကြားမိန့်မြွတော်မူချက် မုက္ခပါဌ်တော်နှုတ်ထွက် ဓမ္မစက်လာ ပါဠိတော်မြတ်နှင့် အဌကထာတို့မှာ ပါရှိသည့်တရားများကိုသာ အမှန်အဟုတ်မယုတ်စေဘဲ သိစွဲခံယူစေလိုသောစိတ်ထားဖြင့် မိန့်ကြားထုတ်ဖော်ကာ ဖြေဆိုရေးသားသွားသည့် သမ္မာဒိဋ္ဌိပညာရှိတို့ လေးစားလက်ခံအပ်သော ကျမ်းမြတ်တစ်ဆူ ဖြစ်ကြောင်းကို ဓမ္မမိတ်ဆွေ စာပေပညာဝန် အပေါင်းတို့အား ကောင်းချီးသြဘာ မင်္ဂလာစကား အဦးထားလျက် နှုတ်ခွန်းဆက် ပြောကြားရပါကြောင်း။

No comments: