သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

ဝိပဿနာပညာနှင့် ၀ိပဿနာဉာဏ် ထူးသလော
ဒကာ။ ။ ၀ိပဿနာတရား သင်ကြားအားထုတ်ရာ၌ ၀ိပဿနာပညာနှင့် ၀ိပဿနာဉာဏ်ဆိုတာမှာ ဉာဏ်နဲ့ပညာဟာထူးလို့လား ဆရာတော်၊
ကျမ်းဂန်က အထူးများ ပြထားပါ သေးသလား၊ မိန့်ကြားပါဦးဘုရား။
ဆရာ။ ။ အင်း… အချို့ဆရာတော်ကြီးတွေကလည်း ပညာသိနဲ့ ဉာဏ်သိဟာ မထူးပါဘူးကွာ၊ ကုလားကြီးနဲ့ အရာကြီး နာမည်တာထူးတာပါ၊ သဘောက အတူတူပါပဲ ဟု ပြောကြ တယ်၊ ၀ိသုဒ္ဓိမဂ် အဋ္ဌကထာ ဆရာကတော့….
ပစ္စုပ္ပန္နာနံ ဓမ္မာနံ
ဝိပရိဏာမာနုပဿနု ပဿနေ ပညာ၊
ဖြစ်ဆဲပစ္စုပ္ပန် ရုပ်နာမ် ဓမ္မတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို အထပ်ထပ်အဖန်ဖန် သိမြင် ရှုမှတ်နေခြင်းကို ပညာခေါ်တယ်။
ဥဒယဗ္ဗယာနုပဿနေ ဉာဏံ။
ရုပ်နာမ်တို့၏ ဖြစ်ပျက်မှု ဥဒယဗ္ဗယသဘောကို ရှုမှတ်ပွားများရင်း ပေါ်လာတဲ့တရားအစဉ် အဆင့်ဆင့်ကို (၀ါ) ဉာဏ်စဉ်ဆယ်ပါးကို ၀ိပဿနာဉာဏ်လို့ ခေါ်တယ်၊ အဲဒီလိုမိန့်ဆိုထားတယ်၊ အဲဒါဟာ ကျမ်းဂန်ကလာတဲ့ အထူးပါပဲ၊ ကဲ - ကျေနပ်ရဲ့လား။
ဒကာ။ ။ ကျေနပ်နှစ်သက်ပါတယ် ဆရာတော်၊ ၀ိသုဒ္ဓိမဂ်ဆရာ၏ ဆုံဖြတ်ချက်များကို အငြင်းပွားနေစရာ မလိုတော့ပါဘူး။

No comments: