သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

ဒါန သီလ သမထသည် မှားသော မိစ္ဆာအကျင့်လော

ဒါန သီလ သမထသည် မှားသော မိစ္ဆာအကျင့်လော
ဒကာ။ ။ ဒါန အလှူပေးခြင်း၊ သီလ သီတင်းသီလ ဆောက်တည်ခြင်း၊ သမထ တရားပွားများခြင်း ပြုသူတို့ကို မိစ္ဆာ ပဋိပဒါ မှားသောအကျင့်လို့ ပြောဟောနေကြတာ မှန်ပါသလား ဆရာတော်၊ ဘုရားဟောရှိပါသ လား။

ဆရာ။ ။ အင်း.. ယခုလို သာသနာတော်ခေတ် အတွင်းအခါသည်နေရာမှာ အ၀ိဇ္ဇာဦးစီးပြီး ကိလေသ ၀ဋ် ကမ္မ၀ဋ်တို့နဲ့ ဘ၀ကို တောင့်တ သာယာကာ ပြုလုပ်တဲ့ ဒါန၊ သီလ၊ သမထတို့ဟာ မိစ္ဆာပဋိပဒါ မှားသောအ ကျင့်တွေသာ ဖြစ်တယ်ဒကာကြီးတို့ရ၊ ဒါနကုသိုလ် ပြုတတ်ဖို့ လိုတယ်နော်။
မြတ်စွာဘုရားက “အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ” လို့ ဟောထားတယ်၊ အ၀ိဇ္ဇာကြောင့်ဖြစ်တဲ့ ပုညာဘိသင်္ခါရ အာနေဉ္ဇာဘိသင်္ခါရခေါ်တဲ့ လောကီကုသိုလ်စု မှန်သမျှဟာ အို၊ နာ၊ သေ၊ ဖြစ် အနှစ်သာရမရှိတဲ့ ဘ၀ရဲ့ သင်္ချိုင်းကုန်းကို ပို့မှာချည်းပဲ၊ ဒါကြောင့်မို့ မှားသောအကျင့် ပဋိပဒါလို့ ခေါ်တာပဲဖြစ်တယ်။
အမှန်မြင်ဝိဇ္ဇာတရားနဲ့ ဒုက္ခသစ္စာကို မြင်အောင်ပွားရှုပြီးတော့ နိဗ္ဗာန်ကို ဆန္ဒပြုတဲ့ ဒါန၊ သီလ၊ သမထတို့ကို ဆိုတာ မဟုတ်ဘူး၊ ကဲ… ရှင်းရဲ့လား၊ အမှန်က ကိလေသ၀ဋ်မပါတဲ့ ကုသိုလ်ကမ္မ၀ဋ်ကို ပြုရမှာ ဖြစ်တယ်။
ဒကာ။ ။ ကောင်းခြင်းနဲ့ ပြည့်စုံ၍ ရှင်းလင်းကျေနပ်ပါတယ် ဆရာတော်၊ ဒကာကြီးတို့လည်း နောက်ကို အဲဒီအတိုင်းပဲ ပြုလုပ်တတ်ပါပြီဘုရား၊ တိုတိုလေးနဲ့ မိတဲ့ အဖြေပဲ ဆရာတော်။

No comments: