သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Thursday, September 30, 2010

မြတ်ဗုဒ္ဓ ဘယ်နှစ်ဝါအရမှာ မိန်းမများကို ရဟန်းပြုခွင့် ပေးသနားပါသလဲ/ ယနေ့အမျိုးသမီးများ ဘာ့ကြောင့်ရဟန်းမပြုရတာလဲ

မြတ်ဗုဒ္ဓ ဘယ်နှစ်ဝါအရမှာ မိန်းမများကို ရဟန်းပြုခွင့် ပေးသနားပါသလဲ

ဒကာ။           ။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် ဘယ်နှစ်ဝါအရမှာ မယ်တော် မဟာပဇာပတိ ဂေါတမီ စတဲ့ အမျိုးသမီးမာတုဂါမများကို ရဟန်းပြုရန် ခွင့်ပြုမိန့်ကြားတော်မူပါသလဲ ဆရာတော်၊ တိုတိုပဲ ဖြေပါဘုရား၊ ပါဠိတွေတော့ မရွတ်ပါနဲ့တော့။

Wednesday, September 29, 2010

ပဉ္စာနန္တရိယကံ ထိုက်သူတိုင်း အ၀ီစိငရဲ ကျသလော

ပဉ္စာနန္တရိယကံ ထိုက်သူတိုင်း အ၀ီစိငရဲ ကျသလော

ဒကာ။           ။ အဖေသတ်, အမေသတ်, မြတ်စွာဘုရားအား သွေးစိမ်းတည်အောင်ပြုလုပ်, ရဟန္တာသတ်, သံဃာသင်းခွဲသူတို့သည် အနန္တရိယကံကြီးထိုက်သူတို့ဖြစ်၍ သေ သေ ချင်း မဟာအ၀ီစိငရဲသို့လျှင် ကျရောက်ရမည်ဟု ဆရာသမားတို့ရဲ့ ဟောပြောသံကို မှတ်သားရဖူးသော်လည်း အဖေကိုသတ်တဲ့ အဇာတသတ်မင်းဟာ အ၀ီစိငရဲကို မလားဘဲ လောဟကုမ္ဘီငရဲမှာသာ သွားဖြစ်ရသည်ဟု ဟောပြောနေကြတာ ဟုတ်မှန်ပါရဲ့လား ဆရာတော်၊ ရှင်းပြပါဦးဘုရား။

Saturday, September 25, 2010

ဝိပဿနာရှုရာ၌ ဃန ခံတယ်ဆိုတာ ဘယ်လိုဟာလဲ/ ဝိပဿနာ၌ ဃန ဘယ်နှစ်မျိုးခံရှိနေပါသလဲ


ဝိပဿနာရှုရာ၌ ဃန ခံတယ်ဆိုတာ ဘယ်လိုဟာလဲ

ဒကာ။           ။ ဝိပဿနာတရား ရှုပွားရာ၌ ဃနကို ကျေအောင် ရှုမှတ်ရမည်၊ ဃန မခံစေနဲ့ဟု ဟောပြောကြရာ ဃနဆိုတဲ့သဘောကို သိပါရစေဆရာတော်။
ဆရာ။           ။ ဃနဆိုတာ အစိုင်အခဲ အတုံးအတစ် ခိုင်မြဲသော အမာခံ သဘောတရားပဲ၊ ဝိပဿနာက ရုပ်နာမ်တို့၏ မခိုင်မြဲမှု အနိစ္စလက္ခဏာကို ရှုမှတ်ပွားများခြင်း သဘောပဲ၊ ဒီ မခိုင်မြဲတဲ့ရုပ်နာမ်တွေကို မပြိုမကွဲ ခိုင်မြဲတယ်လို့ ထင်မှတ်စွဲယူနေတဲ့ ဒိဋ္ဌိစွဲဟာ ဃနပဲ၊ အဲဒီ ဃန ခံနေရင် ဝိပဿနာဉာဏ် မဖြစ်နိုင်တော့ဘူး၊ ဒါ့ကြောင့် ဃနကျေအောင် ရှုမှတ်ပွားများတတ်ဖို့ လိုတယ်၊ ဃနဆိုတာ ဒိဋ္ဌိသဘောပဲ။

Wednesday, September 22, 2010

အာဏာစက် ဓမ္မစက်ဆိုတာ ဘာတွေကိုခေါ်တာလဲ/ အာဏာစက်က ဘယ်မင်းလက်ထက်မှာ စတင်ပေါ်လာတာလဲ


အာဏာစက် ဓမ္မစက်ဆိုတာ ဘာတွေကိုခေါ်တာလဲ

ဒကာ။           ။ အာဏာစက်ပါမှ သာသနာတော်ကို ပြုလို့လွယ်ကူတယ်၊ ဓမ္မစက်သက်သက်နဲ့ဆိုရင် သာသနာပြုလို့ခက်တယ်၊ တိုးတက်စည်ပင်မှု မလျင်မြန်နိုင်ဘူးလို့ ဟောပြောနေကြတာ အာဏာစက်နဲ့ ဓမ္မစက်တို့ရဲ့ အနက်အဓိပ္ပါယ်ကို ရှင်းပြပေးပါဆရာတော်။

ဣရိယာပုတ်လေးပါးတို့တွင် ဘယ်ဣရိယာပုတ်ကို ဘုရားရှင် ကြည်ညိုလေးစားပါသလဲ

ဣရိယာပုတ်လေးပါးတို့တွင် ဘယ်ဣရိယာပုတ်ကို
ဘုရားရှင် ကြည်ညိုလေးစားပါသလဲ

ဒကာ။           ။ တရားဓမ္မ အားထုတ်မှတ်သား ပွားများတဲ့အခါ ထိုင် ရပ် လျောင်း သွား လေးပါးသော ဣရိယာပထတို့တွင် ဘယ်ဣရိယာပုတ်ကို မြတ်စွာဘုရား ကြည်ညိုလေးစားတော်မူပါသလဲ ဆရာတော်၊ ကျမ်းဂန်နဲ့ ထုတ်ဆောင်ပြပေးပါဘုရား။

Saturday, September 18, 2010

လောကနိဗ္ဗာန် ဆိုတာ မှန်သလား၊ ဘယ်တင်း ဘယ်ဟာလဲ


လောကနိဗ္ဗာန် ဆိုတာ မှန်သလား၊ ဘယ်တင်း ဘယ်ဟာလဲ

ဒကာ။           ။ လောကနိဗ္ဗာန် လောကနိဗ္ဗာန်နဲ့ ပြောဆိုနေကြတာ မှန်ပါသလား ဆရာတော်၊ နိဗ္ဗာန်ဆိုတာ လောကုတ္တရာအစစ်မဟုတ်ဘူးလား၊ လောကီထဲမှာ နိဗ္ဗာန်တရားရယ်လို့ ရှိသေးသလား၊ ရှိရင်လည်း လောကနိဗ္ဗာန် တရားအစစ်ကို သိပါရစေ ဆရာတော်။
ဆရာ။           ။ အင်း….နိဗ္ဗာန်ဆိုတာ ဇာတိ မဖြစ်တဲ့ တရားပဲ၊ လောကီကုသိုလ်တရားနဲ့ ဇာတိ မဖြစ်အောင် လုပ်တာဟာ လောကနိဗ္ဗာန် လောကီနိဗ္ဗာန် အစစ်ပဲပေါ့။

Thursday, September 16, 2010

သဿတနဲ့ ဥစ္ဆေဒဒိဋ္ဌိ ၂ ပါး ဘယ်ဟာက အပြစ်ကြီးမားသလဲ

သဿတနဲ့ ဥစ္ဆေဒဒိဋ္ဌိ ၂ ပါး  ဘယ်ဟာက အပြစ်ကြီးမားသလဲ

ဒကာ။           ။ သဿတဒိဋ္ဌိအယူနဲ့ ဥစ္ဆေဒဒိဋ္ဌိ အယူဝါဒသမား နှစ်ဦးမှာ ဘယ်အယူဝါဒသမားက ပိုမိုဆိုးဝါးအပြစ်ကြီးမားပါသလဲ ဆရာတော်။
ဆရာ။           ။ ဒကာကြီးတို့က ဘယ်လိုထင်လို့လဲ၊ ဒကာကြီးတို့ အယူအဆ ပြောပြပါဦးလေ သိရအောင်။

Monday, September 13, 2010

ဗုဒ္ဓဂေါတမဟာ အငြင်းအခုံ သန်သလားတဲ့


ဗုဒ္ဓဂေါတမဟာ အငြင်းအခုံ သန်သလားတဲ့

ဒကာ။           ။ တချို့သော ၀ါဒရှင်တွေက ဗုဒ္ဓဂေါတမဟာ အလွန်အငြင်းသန်တယ်၊ သူ မပေါ်ခင် လာရှိထားကြတဲ့ အယူဝါဒအစွဲတွေကို နိုင်အောင်ငြင်းပြီးတော့ ဖျက်စီးကာ အနိုင်လျှောက်ယူနေတာပဲ။ သစ္စကပရိဗိုဇ်စတဲ့ တကယ့်ပညာရှိဗြဟ္မဏကြီးတွေနဲ့လည်း ပြိုင်ငြင်းတာပဲ စသည်ဖြင့် ပြောသံကြားရလို့ပါ ဆရာတော်၊ မြတ်စွာဘုရားဟာ အငြင်းသန်သလား။

အားထုတ်ပြုလုပ်မှု သင်္ခါရဟာ ဆင်းရဲဒုက္ခတွေတဲ့လား


အားထုတ်ပြုလုပ်မှု သင်္ခါရဟာ ဆင်းရဲဒုက္ခတွေတဲ့လား

ဒကာ။           ။ ဆရာအချို့တွေက ဟောကြားနေကြပါတယ်။ “သဗ္ဗေသင်္ခါရာ ဒုက္ခာ” တဲ့။
သဗ္ဗေ သင်္ခါရာ = ကြိုးစားအားထုတ် ပြုလုပ်နေသမျှ အားလုံးတို့ဟာ၊ ဒုက္ခာ = ဆင်းရဲတို့သာဖြစ်ကုန်၏။
အဲဒီလို ဘာသာပြန် အနက်ပေးပြီးတော့ ခု, ဒါနပြုလုပ် ပေးလှူနေကြတာတွေ၊ သီလ - ထမင်း အငတ်ခံပြီး ဥပုသ်စောင့်နေကြတာတွေ၊ ဘာဝနာ - အညောင်းခံပြီးတော့ ကမ္မဋ္ဌာန်းတရား အားထုတ်နေကြတာတွေဟာ ဆင်းရဲဒုက္ခတွေသာ ဖြစ်တာ၊ ပြုလုပ်သမျှတွေဟာ လက်တွေ့မုချ ဒုက္ခဆင်းရဲတာအမှန်ပဲ၊ စိတ်ပင်ပန်းခံပြီး ပြုလုပ်အားထုတ် မနေကြနဲ့၊ စိတ်ကို သူ့တက်တိုင်း အငြိမ်းစား ထားမှ ချမ်းသာတယ်လို့ ဟောပြောနေကြတာ မှန်ပါသလား ဆရာတော်၊ အတော့်ကိုပဲ ခေတ်စားနေတယ် ဘုရား။

Saturday, September 11, 2010

အနာဂါမ်၏အရိုးများ ဓာတ်တော် ဖြစ်နိုင်သလား


အနာဂါမ်၏အရိုးများ ဓာတ်တော် ဖြစ်နိုင်သလား

ဒကာ။           ။ ပက္ကုသာတိမင်းကြီးဟာ ဘုရားနဲ့တွေ့ အနာဂါမ်ဖြစ် ရဟန်းပြုဖို့ သင်္ကန်းပရိက္ခရာ ရှာဖွေရင်း နွားဝှေ့၍ စုတိကျသွားတော့ ဗိမ္ဗိသာရမင်းကြီးက အလောင်းတော်ယူကာ ကောင်းစွာမီးသင်္ဂြိုဟ်ပြီး ဓာတ်တော်များကို ကောက်ယူ၍ စေတီတည်ထား ကိုးကွယ်တယ်လို့ ဟောပြောနေကြတာ မှန်သလား ဆရာတော်၊ အနာဂါမ်က ဓာတ်တော်ကျနိုင်ပါသလား၊ တိုတိုကျဉ်းကျဉ်းနဲ့ ရှင်းပြပါဦးဘုရား။

သုဘရာဇာလား အသုဘရာဇာလား


သုဘရာဇာလား အသုဘရာဇာလား

ဒကာ။           ။ သုသာန် သင်္ချိုင်းက စောင့်ပြီးတော့ ရောက်လာတဲ့ သူသေကောင်တွေကို မြေတူးမြှုပ်နှံမီးသင်္ဂြိုဟ်ပြုလုပ်နေကြတဲ့သူတွေကို သုဘရာဇာလို့ ဘာလို့ခေါ်ဆိုတာလဲ ဆရာတော်။
သူတို့အလုပ်က အသုဘအလုပ်တွေကို မြေတူးမြှုပ်နှံ မီးရှို့ခြင်း ပြုလုပ်နေရတဲ့ဟာပဲ၊ သုဘမှမဟုတ်တာ ဖြေကြားပါဦးဘုရား။

Tuesday, September 7, 2010

စိတ် စေတသိက် ရုပ် နိဗ္ဗာန် ဆိုတာ ပရမတ္တတရား ဟုတ်ရဲ့လား

စိတ် စေတသိက် ရုပ် နိဗ္ဗာန် ဆိုတာ ပရမတ္တတရား ဟုတ်ရဲ့လား

ဒကာ။ ။ “စိတ် စေတသိက် ရုပ် နိဗ္ဗာန် လေးတန် ပရမတ်” ဟု လယ်တီဆရာတော်ဘုရားကြီးများ ပရမတ္တတရားလေးပါးကို သင်ကြားပေးကြပါတယ်။
ဒါပေမဲ့ စိတ် စေတသိက် ရုပ် နိဗ္ဗာန် ဆိုတာ ပရမတ္တတရား မဟုတ်ဘူး၊ ပညတ်သာဖြစ်တယ်လို့ ဆရာအချို့က ဆိုကြပါတယ်၊ ဘယ်ဟာကို အမှန်ယူရမှာလဲ ဆရာတော်။

သဿတဒိဋ္ဌိ ယူစွဲပုံ တိုတိုကလေးမေး။ ဥစ္ဆေဒဒိဋ္ဌိ ယူပုံ တိုတိုကလေးမေး

သဿတဒိဋ္ဌိ ယူစွဲပုံ တိုတိုကလေးမေး

ဒကာ။ ။ သဿတဒိဋ္ဌိသမားတို့ရဲ့ ယူစွဲပုံ အလွယ်ဆုံးတိုတိုနဲ့ နားလည်အောင် ပါဠိ အထောက်အထားကလေးနဲ့ ရှင်းပြပေးပါဆရာတော်။

ဈာန်ရတိုင်း ဈာန်ပျံနိုင်သလား။ ကမ္မဋ္ဌာန်းတရားတိုင်း ဈာန်ရနိုင်သလား

ဈာန်ရတိုင်း ဈာန်ပျံနိုင်သလား

ဒကာ။ ။ ဈာန်ပျံတယ် ဈာန်ပျံတယ်ဆိုတာ ဈာန်ရရင် ဈာန်ပျံနိုင်တာပဲ မဟုတ်လား ဆရာတော်၊ တချို့က ဈာန်ရတိုင်း ဈာန်မပျံနိုင်ဘူး ပြောကြလို့ပါ။

ဆရာ။ ။ အင်း…ဈာန်က ပျံနိုင်တာမှ မဟုတ်ဘဲဟာ၊ အဘိညာဉ်တန်ခိုးနဲ့ ပျံတာ၊ ဈာန်ရတော့ ဈာန်ပဲရှိမှာပေါ့၊ မပျံနိုင်ပါဘူး။

ကမ္ဘာလောကကြီးကို ဖန်ဆင်းပေးသူ အစစ်အမှန်ဟာ ဘယ်သူလဲ

ကမ္ဘာလောကကြီးကို ဖန်ဆင်းပေးသူ အစစ်အမှန်ဟာ ဘယ်သူလဲ

ဒကာ။ ။ ပင်လယ် သမုဒ္ဒရာ ရေ မြေ တော တောင် ခေါ်ဆိုကြတဲ့ သြကာသလောက ဖြစ်တဲ့ ဤကမ္ဘာကြီးနဲ့ ကမ္ဘာပေါ်၌ နေထိုင်ကြတဲ့ ကမ္ဘာသား သတ္တဝါများ ဖြစ်ပေါ်လာအောင် ဘယ်သူက စီမံ ဖန်ဆင်းပေးပါသလဲ ဆရာတော်၊ ဖန်ဆင်းပေးနိုင်တဲ့ စွမ်းအင်တန်ခိုးရှင်ဆိုတာ ရှိပါသလား ဘုရား။

Wednesday, September 1, 2010

စိတ်ဟာ ဘယ်သူ့ကြောင့် ဖြစ်သလဲ

စိတ်ဟာ ဘယ်သူ့ကြောင့် ဖြစ်သလဲ

ဒကာ။ ။ ဆရာတော်တို့က စိတ်ကိုပဲ အရေးတကြီး ဟောကြား ဟောကြား နေကြတာပဲ၊ အဲဒီ စိတ်တွေက ဘယ်သူ့ကြောင့် ဖြစ်ပေါ် ဖြစ်ပေါ် နေတာလဲ ဆရာတော်။ သူ့အလိုလို ဖြစ်နေတာတွေ မဟုတ်လား၊ လူတိုင်းမှာဖြစ်နေတဲ့ စိတ်တွေဟာ။

ကမ္မဋ္ဌာန်းတရားတို့တွင် အကောင်းဆုံး အရှင်းဆုံး ကမ္မဋ္ဌာန်း

ကမ္မဋ္ဌာန်းတရားတို့တွင် အကောင်းဆုံး အရှင်းဆုံး ကမ္မဋ္ဌာန်း

ဒကာ။ ။ ကမ္မဋ္ဌာန်းတရားတွေထဲမှာ အကောင်းဆုံး အရှင်းဆုံး အလွယ်ဆုံး မြတ်စွာဘုရားတို့ အချီးမွမ်းဆုံး ကမ္မဋ္ဌာန်းတရားများရှိရင် ဒကာကြီးတို့ အားထုတ်ပွားများရအောင် ညွှန်ပြပါဦး ဆရာတော်။