သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

မြတ်ဗုဒ္ဓလက်ထက် ကျွတ်တမ်းဝင်သူ အရေအတွက်

မြတ်ဗုဒ္ဓလက်ထက် ကျွတ်တမ်းဝင်သူ အရေအတွက်
ဒကာ။ ။ မြတ်စွာဘုရားသခင် သက်တော်ထင်ရှား တရားဟောစဉ် နိဗ္ဗာန်ဝင်သော ဘ၀ပြတ် သာဝကဦးရေ မည်မျှရှိကြောင်း ပိဋကတ်တော်မှတ်တမ်းများ ရှိပါသလား ဆရာတော်၊ ရှိရင် သိပါရစေဘုရား။

ဆရာ။ ။ “အဋ္ဌရသ ဗြဟ္မကောဋိယော” ဗြဟ္မာဦးရေ တစ်ဆယ့်ရှစ်ကုဋေ၊ “အပရိမာနာစ ဒေ၀တာယော” နတ်ဦးရေတွေကတော့ အတိုင်းမသိ ရေတွက်လို့ မရနိုင်အောင် ကျွတ်တမ်းဝင်ကြတယ်လို့ မိလိန္ဒပဥှာကျမ်းမှာ အဆိုရှိတယ်၊ လူဦးရေကို မပြဆိုပေမင့် ကုဋေနဲ့ ချီပြီး ရေတွက်မှာပဲ၊ ဒါကြောင့် အတိုင်းမသိ ကုဋေများစွာ ဗုဒ္ဓလက်ထက်တော်မှာ ကျွတ်တမ်းဝင်တယ်လို့ မှတ်ပေတော့။
ဉာဏစာရီ ဆရာတော်ရေးသားပြုစုတဲ့ ၀ိပဿနာနယ၀ိတ္ထာရဒီပနီ စာမျက်နှာ ၅၇ ၌ ၂၄ သင်္ချေ ကုဋေ ၆၀၊ ဗိုလ်ခြေတစ်သိန်း ကျွတ်တမ်းဝင်သွားကြောင်းဟု ဖော်ပြထားတာ သိမှတ်ဖူးသေးတယ်၊ ကျမ်းညွှန်းတော့ မပါဘူး၊ အဲဒါ ဘ၀ပြတ် သာဝကတွေပဲ။

No comments: