သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Monday, June 21, 2010

ဗုဒ္ဓဘုရားရှင်ဟာ ၀ိပဿနာတရားကို ပွားများ မှတ်သားသေးသလား

ဗုဒ္ဓဘုရားရှင်ဟာ ၀ိပဿနာတရားကို ပွားများ မှတ်သားသေးသလား
ဒကာ။ ။ သစ္စာလေးပါးကို ကိုယ်တိုင်သိမြင်တော်မူပြီးတဲ့ မြတ်စွာဘုရားသခင်ဟာ ၀ိပဿနာ အလုပ်တရားထဲမှာ စိတ်ထားပွားစီးမှုများ ရှိသေးသလား ဆရာတော်၊ လုပ်ဖို့ကော လိုပါသေးသလား။

ဆရာ။ ။ ဟာ… ရှိတာပေါ့၊ ဗုဒ္ဓရဲ့ဝါဒက “ယထာဝါဒီ တထာကာရီ” သည် အယူဝါဒကို ဟောပြောရင် အပြောနဲ့ညီအောင် လုပ်တော်မူတယ်၊ မူလပဏ္ဏာသ ပါဠိတော်မှာ - သော ခေါ အဟံ ဘိက္ခဝေ အဇ္ဈတ္တမေ၀ စိတ္တံ သဏ္ဌပေမိ။
ဘိက္ခဝေ၊ ချစ်သား ချစ်သမီးအပေါင်းတို့။ သော ခေါ အဟံ၊ သင်တို့ဆရာ ငါဘုရားသည်။ အဇ္ဈတ္တမေ၀၊ ၀ိပဿနာ အာရုံခေါ်သော ကိုယ်တွင်းသဏ္ဌာန်ရှိ ရုပ်နာမ်ဓမ္မတို့၏ ဖြစ်ပျက်မှု၌သာလျှင်။ စိတ္တံ၊ သိမှုခေါ်ငြား စိတ်တရားကို။ သဏ္ဌပေမိ၊ ကောင်းစွာမိအောင် တည်ထောင် တည်ထောင်ကာ မှတ်သိ၍နေ၏…. လို့ ဆိုထားတယ်၊ ဒါကြောင့် တရားဟောချိန်နဲ့ ကျွတ်တမ်းဝင်မည့် သတ္တ၀ါများ၏ ဣနြေ္ဒ အနုအရင့် ကြည့်ရှုတော်မူ တဲ့ အချိန်၊ နတ် လူတို့ အမေးပုစ္ဆာကို ဖြေဆိုတဲ့ အချိန်၊ ဖလသမာပတ်ဝင်စားနေသည့် အချိန်မှတစ်ပါး ကျန်တဲ့အ ချိန်များမှာ မြတ်စွာဘုရားသခင်လည်း ၀ိပဿနာစိတ်နဲ့ နေ တော်မူတာပဲလို့ မှတ်ရမယ် ဒကာကြီးတို့ရ။
ဒကာ။ ။ တန်ဖိုးရှိတဲ့ အဖြေစကားကို ကျေနပ်စွာနဲ့ မှတ်သားနာယူပါတယ် ဆရာတော်။

No comments: