သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

သာမုတ္တံသိက ဒေသနာဆိုတာ ဘာလဲ

သာမုတ္တံသိက ဒေသနာဆိုတာ ဘာလဲ
ဒကာ။ ။ ဆရာတော် ရေးပြုတဲ့ သုတေသန အဘိဓါန်ကျမ်း ဒေသနာတော် ထုတ်ပြရာကဏ္ဍ ၂ မျိုး၊ ၃ မျိုးထဲမှာ သာမုက္ကံသိက ဒေသနာတော်ရဲ့ အနက်အဓိပ္ပါယ်မပါလို့ ယင်းဒေသနာတော်ကို ရှင်းပြစေလိုပါတယ် ဆရာတော်။

ဆရာ။ ။ အင်း.. ဖွင့်လှစ်ထုတ်ဖော်ပြသဖို့ အချိန်ကာလ သမယ ကျရောက်သောအခါ မြတ်ဗုဒ္ဓ ကိုယ် တော်တိုင် ထုတ်ပြတော်မူသော ထင်လျား ပြတ်သားပေါ်လွင်တော်မူသည့် သစ္စာလေးပါး တရားတော်ကို ခေါ်ဆို တယ် ဒကာကြီးတို့။
ဒကာ။ ။ သစ္စာတရားများကို ဖွင့်လှစ်ထုတ်ပြဖို့ ကျရောက်တဲ့အချိန် သမယကတော့ ဟောဒီ ၅ ချက်ပဲ ဖြစ်တယ်၊ ဒကာကြီးတို့ -
၁။ ကလ္လ စိတ္တ။ ။ ဗုဒ္ဓဟောကြားသော တရားတော်ထဲ၌ နာယူသူစိတ် ခန့်ကျန်းခိုင်မြဲ နေချိန်ကာလ။
၂။ မုဒု စိတ္တ။ ။ စိတ်ဓါတ်သိမ်မွေ့ နူးညံ့နေချိန်ကာလ။
၃။ ၀ိနီဝရဏ စိတ္တ။ ။ ဈာန် မဂ် ဖိုလ်တရားတို့ကို တားဆီးပိတ်ဆို့တတ်တဲ့ နီဝရဏ တရား ၆ ပါး တို့ ကင်းစင်နေချိန်ကာလ။
၎။ ဥဒဂ္ဂ စိတ္တ။ ။ သစ္စာတရားသိမြင်အောင် အားထုတ်ကြိုးစားရေး၌ စိတ်တက်ကြွနေချိန်ကာလ။
၅။ ပသန္န စိတ္တ။ ။ “ကိလေသာအညစ်အကြေးတို့ သန့်စင်ကြည်လင်နေသော အချိန်ကာလသမယ” ကျမှ ထုတ်ဖော်ပြသတော် မူတယ်။ ဒေသနာတော် သရုပ်အပြားမျိုးကွဲများစွာကို သိချင်ရင် သုတေသန သရုပ်ပြအဘိ ဓါန် ၂၉၉ “ဒေ” ပိုင်း၌ ရှာကြည့်ပါလေ။
ဒကာ။ ။ ကောင်းလိုက်တဲ့ အဖြေပါလားဘုရား၊ တိကျပြတ်သားလှလို့ ၀မ်းမြောက်ကြပါတယ် ဆရာတော်။

No comments: