သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

နိယတ ဂတိကော မြဲသောဂတိဆိုတာ ဘာတွေလဲ၊ ဂတိမြဲတာ ဘယ်သူတွေလဲ၊

နိယတ ဂတိကော မြဲသောဂတိဆိုတာ ဘာတွေလဲ
ဒကာ။ ။ ဆရာတော်တို့ ရေစက်ချတဲ့အခါ (နိယတ ဂတိကော) မြဲသော ဂတိရှိသည်ဆိုတာ ဘာကို မြဲသောဂတိလို့ ဆိုတာလဲဆရာတော်။

ဆရာ။ ။ အင်း… သေပြီးတဲ့နောက် လူ့ဘ၀ နတ်ဘ၀ ဗြဟ္မာ့ဘ၀ မုချဧကန်ရောက်ရတာကို မြဲသောဂတိလို့ ဆိုတယ်၊ အပါယ်လေးပါး မလားနိုင်တဲ့ ပုဂ္ဂိုလ်တွေပေါ့။

ဂတိမြဲတာ ဘယ်သူတွေလဲ
ဒကာ။ ။ အဲဒီဂတိမြဲတာက ဘယ်လိုသူမျိုးတွေလဲ ဆရာတော်၊ ဒကာကြီးတို့ နားလည်အောင် နည်း နည်းလောက်ရှင်းပြ ပါဦး ဘုရား။
ဆရာ။ ။ ကောင်းပြီး နားထောင် ရေးမှတ်ပါ၊ တိုတိုနဲ့ လိုရင်းရှင်းပြမည်၊ ပါဠိကျမ်းဂန်တွေ ထုတ်ပြမနေ တော့ဘူး၊ အပါယ်မလားဘဲ ဂတိမြဲတဲ့ ပုဂ္ဂိုလ်အမျိုးအစားတွေက…..
၁။ ဈာန်ရနေတဲ့ ဈာနလာဘီပုဂ္ဂိုလ်တွေသေရင် ဗြဟ္မာ့ပြည်လားတယ်။
၂။ ဗြဟ္မာ့ပြည်ရောက်နေတဲ့ ဗြဟ္မာကြီးတွေသေရင် လူ၊ နတ်၊ ဗြဟ္မာ အဲဒီဋ္ဌာနတွေမှာသာ ပြန်ဖြစ်လေ့ရှိ တယ်၊ အပါယ်သို့ တိုက်ရိုက်မလားနိုင်ဘူး။
၃။ မဂ်ရောက် ဖိုလ်ဝင် အရိယာအရှင်မြတ်တွေ။
၎။ရုပ်နာမ်ကို ပိုင်းခြားထားပြီး ဒိဋ္ဌိစင်ကာ ၀ိပဿနာတရား ပွားများအားထုတ်နေတဲ့ ၀ိပဿနာယောဂီ တွေရယ်။
၅။ မြောက်ကျွန်းသူတွေ ငါးပါးသီလမြဲလို့ အပါယ်မလားဘူးတဲ့။
အဲသည် ပုဂ္ဂိုလ် ၅ မျိုးဟာ လားရာဂတိမြဲတဲ့ ပုဂ္ဂိုလ်တွေပဲဖြစ်တယ်၊ အဲဒါကိုပင် (နိယတ ဂတိကော- မြဲသောဂတိ ရှိသည်လို့) ဆိုတာ၊ ကဲ… ရှင်းရဲ့လား။
ဒကာ။ ။ ရှင်းပါပြီ ဆရာတော်၊ သည်စကားဟာ ရေစက်ချဆရာက ထည့်ဆိုနေပေမင့် မြဲအောင်လုပ်မှ မြဲမှာပါ၊ ထည့်ဆိုနေတာဟာ အပိုချိန်ဖြုန်းတာနဲ့ ရေဖြုန်းနေတာပဲ ထင်တယ်။
ဆရာ။ ။ ဒကာကြီးရှေ့ မဆက်နဲ့ တော်တော့၊ ရေစက်ချ ဆရာတော်တွေက မေတ္တာဝစီကံနဲ့ ဆိုပေး တာ၊ ဂတိမြဲ မမြဲကတော့ ကိုယ့်ရဲ့ အလုပ်ပဲ၊ ကိုယ့်ဟာကိုယ် မြဲအောင်လုပ်ပေါ့။

No comments: