သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

မိမိ အရိယာဖြစ်ကြောင်း မပြောပြကောင်းဘူးလား

မိမိ အရိယာဖြစ်ကြောင်း မပြောပြကောင်းဘူးလား
ဒကာ။ ။ သစ္စာလေးပါး သိမြင်လို့ အရိယာဖြစ်သွားတဲ့ သူဟာ မိမိအရိယာဖြစ်ကြောင်း သူတစ်ပါးအား မပြောကြားကောင်းဘူးလား ဆရာတော်၊ ဗုဒ္ဓစာပေက ဘယ်လို ပါသလဲလို့ ကွဲပြားအောင် မိန့်ကြားပါဦး ဘုရား။

ဆရာ။ ။ ဒကာကြီးအမေးရဲ့ အဖြေနဲ့ ဆင်တူကို သုတ်မဟာဝါ အဋ္ဌကထာ ၂၇၀ မှာ….
ပဋိသဒ္ဓဘာဝံ ပန နိဓိလဒ္ဓ ပုရိသောဝိယ န အညဿ
အာရောစေတုကာမော ဟောတိ။
ဘ၀တာမှာ သုံးစားလို့ မကုန်နိုင်အောင် တန်ဖိုးရှိတဲ့ ရတနာရွှေအိုးကြီးကို တွေ့သိ ရယူထားတဲ့သူဟာ သူတစ်ပါးအား မော်ကြွားလိုတဲ့ စိတ်ထားနဲ့ မပြောကြားလိုဘဲ သိုသိပ်စွာ သုံးဆောင်နေသလို မိမိကိုယ်တိုင်အ ဟုတ်အမှန် ရရှိထားလို့ မဂ်ဖိုလ်ပိုင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ အစစ်ဖြစ်တဲ့ ပုဂ္ဂိုလ်တွေဟာလည်း သူတို့ ရရှိထားတဲ့ အတိုင်းမသိ တန်ဖိုးရှိတဲ့ မဂ်ဖိုလ်တရားကို မည်သူအားမျှ မပြောကြားဘူး လို့ ဆိုတယ် ဒကာကြီးတို့ရ၊ ကဲ… ဘာပြောချင်သေးလဲ။
ဒကာ။ ။ သည်လိုဆိုရင် ၀န်တိုမစ္ဆေရ ဖြစ်ရာ မကျဘူးလား ဆရာတော် ရှင်းပြပါဦး ဘုရား။
ဆရာ။ ။ ၀န်တိုခြင်း မဖြစ်ပါဘူး၊ သူတို့ရဲ့အလို စိတ်သဘော သန့်ရှင်းစင်ကြယ်စွာ ဖြစ်ပုံကို သုတ်မဟာဝါ အဋ္ဌကထာဆရာကြီး ဆက်ပြီးတော့ ပြဆိုပုံက…
အဟောဝတ မယာ ပဋိလဒ္ဓဂုဏံ သဒေ၀ကော လောကော ခိပ္ပမေ၀ ပဋိဝိဇ္စျေယျာတီတိ စိတ္တံ ဥပ္ပဇ္ဇဟိ။
ငါရ သိပြီးတဲ့ မဂ်ဖိုလ်တရားထူး ဂုဏ်ကို နတ် လူ အပေါင်းတို့ လျင်မြန်စွာ ထိုးထွင်းသိမြင်ကြပါစေ ဟူသော စိတ်အကြံ အလိုတော်ဖြစ်၏လို့ ဆိုထားတယ်၊ သူများကို မပြောပြချင်ဘူး၊ သူတို့ရသလို ရစေချင်တယ်၊ ဒါပဲ၊ အဲဒါ အတိုင်းမသိ တန်ဖိုးရှိတဲ့ တရားရတနာ အစစ်တွေမို့လို့ပဲ။
ဒကာ။ ။ ရှင်းလင်းကောင်းမြတ် ကျေနပ်လှပါတယ် ဆရာတော်။

No comments: