သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Tuesday, June 22, 2010

ဆရာမရှိဘဲ တရားအားထုတ်ချင်ရင် ဘာတွေ သိထားရမှာလဲ

ဆရာမရှိဘဲ တရားအားထုတ်ချင်ရင် ဘာတွေ သိထားရမှာလဲ
ဒကာ။ ။ တရားပြပေးမည့် ဆရာမထားဘဲ ကိုယ့်ဟာကိုယ်အားထုတ်ချင်တဲ့ သူဟာ ဘယ်လို အကြား အမြင် အသိ သုတတွေနဲ့ ပြည့်စုံထားရမှာလဲ ဆရာတော်၊ ကျမ်းစာမှာ ညွှန်ပြမှုများ ရှိပါသလား သိပါရစေဘုရား။

ဆရာ။ ။ အင်း…. ၀ိသုဒ္ဓိမဂ်ဆရာ မှာကြားတဲ့အတိုင်း ပြောရရင်တော့ ဆရာမရှိဘဲ ကိုယ့်ဟာကိုယ် အားထုတ်မည့်ပုဂ္ဂိုလ်ဆိုရင် သီလနဲ့ပြည့်စုံရမယ်၊ နောက် ခန္ဓာ အာယတန ဓါတ် ဣနြေ္ဒ သစ္စာ ပဋိစ္စသမုပ္ပါဒ် နာမ်ရုပ်တို့ ဖြစ်လာပုံ မူလအကြောင်းနဲ့ အကျိုးစတဲ့ သစ္စာနဲ့စပ်တဲ့ ဓမ္မသဘောတွေကို ကျေပွန်စွာ လေ့လာဖတ် မှတ် သင်ကြားထားရမှာ ဖြစ်တယ်၊ သူရဲ့ဆရာဟာ ပရိယတ္တိ စည်းမျဉ်းပဲ၊ အဲဒီပရိယတ္တိက ပြပေးနေတာပဲ။
လိုရင်း အချုပ်ကတော့ နာမရူပ ပရိစ္ဆေဒဉာဏ်နဲ့ ပစ္စယ ပရိဂ္ဂဟဉာဏ်ကို ပိုင်နိုင်ကျေပွန်စွာ ပြုလုပ်ထား ရင် အကောင်းဆုံးပဲ၊ ဘာ့ကြောင့်လဲဆိုတော့ တရားအားထုတ်နေတဲ့အခါမှာ မဂ်တု ဖိုလ်တုတွေက အဟုတ်ကြိုးစားတဲ့သူအဖို့ အဟုတ်တကယ် မဂ်ဖိုလ်ထင်မှတ်ရအောင် ရှုပ်ထွေးစွာ ပေါ်ပေါ်လာတတ်ကြတယ်၊ အဲဒီလိုပေါ်လာရင် ကိုယ်ပိုင်ဉာဏ်သုတနဲ့ ရှင်းလင်းဆုံးဖြတ်နိုင်ဖို့အတွက်ပါပဲ၊ တယ်တော့မလွယ်လှဘူး၊ မဂ်တုမဂ် စစ် အဆုံးအဖြတ်ပေးဖို့က ပရိယတ္တိအခြေခံ ကိုယ်ပိုင်ဉာဏ် အင်မတန်လိုပါတယ်၊ ယင်းဟာ ယောဂီရဲ့ ဆရာပါပဲ၊ ခုခေတ်မဂ်တု ဖိုလ်တု ရဟန္တာတွေ ရှိတယ်နော်။
ဒကာ။ ။ အထူးပဲ အားရကျေနပ်ပါပြီဆရာတော်၊ တချို့က တရားအားထုတ်တာဟာ စာပေပရိယတ္တိ တွေမလိုပါဘူး၊ စာခံနေရင် တရားမတက်နိုင်ဘူးဟု စာပေတွေကို ပယ်ပယ်နေကြလို့ပါ ဆရာတော်။
ဆရာ။ ။ အဲဒီသူတွေက အပါယ်သွားမည့် အပယ်သမားတွေဖြစ်တယ်၊ ပရိယတ္တိစာပေကို ပယ်ရင် သာသနာကွယ်မှာပဲ ဒကာကြီးတို့။

No comments: