သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Thursday, June 24, 2010

ဘာဝနာကုသိုလ်ကို ၀စီကံနှုတ်ဖြင့် ရွတ်ဆိုပွားများမှု ပြုလို့ ရနိုင်သလား

ဘာဝနာကုသိုလ်ကို ၀စီကံနှုတ်ဖြင့် ရွတ်ဆိုပွားများမှု ပြုလို့ ရနိုင်သလား
ဒကာ။ ။ ဘာဝနာတရားပွားများအားထုတ်သူဟာ မနောကံစိတ်ဖြင့်သာ ပွားများနေရမှာလား၊ ၀စီကံနှုတ်ဖြင့်ကော ရွတ်ဆိုပွားများလို့ မရနိုင်ဘူးလား ဆရာတော်။

ဆရာ။ ။ စိတ်ဖြင့် နှလုံးသွင်းပွားများမှသာ ဘာဝနာကံမြောက်တာ မဟုတ်ဘူး၊ နှုတ်ဖြင့် ရွတ်ဆိုမှုဟာ လည်း ဘာဝနာဖြစ်တာပါပဲ။
နှုတ်က တတွတ်တွတ်ရွတ်ဆိုနေမှုက စိတ်ဖြင့် ကြံမှုကို ကျေးဇူးပြုတယ်၊ စိတ်ဖြင့် ကြံမှုက အမှန်တရားထိုးထွင်းသိမှုကို ကျေးဇူးပြုတယ်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အမှန်လက္ခဏာကို ထိုးထွင်းသိမှုက မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရောက်အောင် ပေါင်းကူးပေးတယ် ဒကာကြီးတို့ရ။
ဒကာ။ ။ ဒီလို ၀စီကံ ရွတ်အံပွားများပြီး အရိယာကြီးတွေ ဖြစ်သွားတာများ ဘုရားသာသနာတော်မှာ ရှိပါသလား ဆရာတော်၊ ရှိရင် သိပါရစေ ဘုရား။
ဆရာ။ ။ အင်း… လံကာဒီပ မလယ၀ါသီ မဟာဒေ၀မထေရ်ကြီးထံမှာ ကမ္မဋ္ဌာန်းလာတောင်းတဲ့ မထေရ်နှစ်ပါးတို့အား ကေသာ၊ လောမာ စတဲ့ ဒွတ္ထိံသ ကမ္မဋ္ဌာန်းတရားကို လေးလမျှရွတ်ဆိုပွားများကာ နေကြရမည်ဟု မဟာဒေ၀ထေရ်ကြီး က စေခိုင်းတော်မူလိုက်တယ်။
မထေရ်ကြီး စေခိုင်းတဲ့အတိုင်း လေးလပတ်လုံး ဒွတ္တိံသာကာရ ကမ္မဋ္ဌာန်းကို ရွတ်အံပွားများတဲ့ မထေရ်နှစ်ပါးဟာ အသုဘမှတစ်ဆင့် ဥဒယ၀ယဉာဏ်ကူးကာ သောတာပန် ဖြစ်သွားကြောင်းနှင့် သာသနာတော် မှာ ထင်ရှားစွာ လာရှိတယ်၊ သို့သော် နှုတ်နဲ့ရွတ်တဲ့ ၀စီကံက ၀ိပဿနာဉာဏ် မရောက်ဖူး၊ သမထမျှသာ ဖြစ်တယ်နော်၊ ဒါလည်းသတိရှိဦး။
ဒကာ။ ။ ဒီလို ဗဟုသုတမျိုး ရရှိတာ ၀မ်းသာလှပါတယ် ဆရာတော်၊ အင်း….ဒါ့ကြောင့် ငှက်တွင်းက သူတို့တစ်တွေ ရွတ်ဆိုနေကြတာကိုး။ သာဓု - သာဓု။

No comments: