သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

ပုထုဇဉ်ရဟန်းသည် ဒက္ခိဏေယျအလှူကို ခံယူထိုက်သလော

ပုထုဇဉ်ရဟန်းသည် ဒက္ခိဏေယျအလှူကို ခံယူထိုက်သလော
ဒကာ။ ။ သံဃာ့ဂုဏ်တော် ၉ပါးထဲမှာ ဒက္ခိဏေယျ မြတ်သောအလှူကို ခံယူထိုက်တဲ့ ဂုဏ်ရှိရမည်ဆိုတာဟာ အရိယာသံဃာတော်များအတွက်သာ ဆိုတာမဟုတ်ပါလား ဆရာတော်။
အရှင်ဘုရားတို့လို ပုထှုဇဉ်သံဃာတော်များဟာ ဒက္ခိဏေယျအလှူခံထဲ ပါနိုင်ပါသလား ဆရာတော်၊ ကျမ်းဂန်နဲ့အညီ ရှင်းပြပေးပါဘုရား။

ဆရာ။ ။ အင်း… ဒီနေရာမျိုးမှာ ဒကာကြီးတို့ ရှေးဦးစွာမှတ်သားထားဖို့က အရိယာဆိုတာ နှစ်မျိုးရှိတယ်။
၁။ သေက္ခ အရိယာ။ ။ သောတာပတ္တိမဂ်ပုဂ္ဂိုလ်က စပြီးတော့ အရဟတ္တမဂ်ပုဂ္ဂိုလ်အထိ အဲဒီ ၇ ယောက်ကို သေက္ခ ၇ ယောက်လို့ ခေါ်တယ်။
၂။ အသေက္ခ အရိယာ။ ။အရဟတ္တဖိုလ်ပုဂ္ဂိုလ် ရဟန္တာအရှင်မြတ်ကို အသေက္ခပုဂ္ဂိုလ်လို့ ခေါ်တယ်။
ဒကာကြီးတို့က ကျမ်းဂန်နဲ့အညီ ကျမ်းဂန်နဲ့အညီလို့ ထည့်ထည့်ပြောတာဟာ ကျမ်းဂန်နဲ့ မညီတဲ့အဖြေ တွေများ ဒီက ပေးဖူးလို့လား၊ ကိုင်း… နားထောင်မှတ်သားပေတော့၊ ကျမ်းဂန်တွေအများကြီးနဲ့ ထုတ်ပြဖြေရှင်းပေး မယ်။
ဒုကဂုင်္တ္တရ အဋ္ဌကထာ ဆရာမြတ် အမိန့်မှတ်ချက်ချပုံကို နားထောင်မှတ်သားပါ။
သေက္ခောတိ ဣမိနာ သက္က သေက္ခေ ဒေဿတိ၊ ဧတ္ထ စ
သီလ၀န္တ ပုထုဇ္ဇနောပိ သောတာပန္နေနေ၀ သင်္ဂဟိတော။
သေက္ခဆိုတာ ဤ သေက္ခအရိယာ ၇ ယောက်ကို ပြဆိုတာပါပဲတဲ့။
သည်နေရာမျိုးမှာတော့ သီလနဲ့ပြည့်စုံတဲ့ ပုထုဇဉ်ရဟန်းကိုလည်း သောတာပန်ပုဂ္ဂိုလ်မျိုးထဲမှာ ထည့်ပြီး ရေတွက်ယူပါတဲ့။
နောက် ၀ိနည်းပိဋကတ်တော် ပါရာဇိကအဋ္ဌကထာ ဆရာမြတ်ကလည်း သည်လို မိန့်မှတ်ပြန်တယ်။
သေက္ခောတိ ပုထုဇ္ဇန ကလျာဏကေန သဒ္ဓိံ သတ္ထအရိယာတိ။ ။ တိေဿာသိက္ခာ သိက္ခန္တီတိ သေက္ခာ။
သေက္ခလို့ ဆိုတာဟာ ရုပ်နာမ်တို့၏ အနိစ္စသဘောကို ပိုင်းခြားသိမြင်တဲ့ ကလျာဏပုထုဇဉ် ရဟန်းနှင့်အ တူ သေက္ခအရိယာ ၇ ယောက်ကို ယူပါတဲ့။
အဓိသီလ အဓိစိတ္တ အဓိပညာ ဆိုတဲ့ သိက္ခာတော် ၃ ရပ်ကို ကျင့်ကြံအားထုတ်တတ်သောကြောင့် သေက္ခဆိုတဲ့ ဘွဲ့ထူးအမည်ကို ရကြတာပါတဲ့။
နောက် ၀ိမတိ ၀ိနောဒနီ ဋီကာဆရာ အရှင်မြတ်ကလည်း ဟောဒီလို မိန့်မှတ်ပြန်တယ်။
သတ္တာနံ သေက္ခာနန္တိ ဧတ္ထ ကလျာဏ ပုထုဇ္ဇနာပိ သင်္ဂဟိတာ။
အောက်မဂ်အောက်ဖိုလ် သေက္ခအရိယာပုဂ္ဂိုလ် ၇ ယောက်ဆိုရာမှာ ကလျာဏပုထုဇဉ် ရဟန်းတော် တွေကိုပါ ပေါင်းယူရေတွက်ကြတဲ့။
နောက်တစ်ချက် တေရသကဏ် ဋီကာဆရာမြတ်ကြီးကလည်း တေရသကဏ် ပထမအုပ်မှာ….
သီလ၀ါဝိ ဟိ ဣမာယ သိက္ခာယ သမန္နာဂတတ္တာ သေက္ခောတွေဝ ၀ုစ္စတိ။
မှန်ပါတယ်တဲ့၊ သီလရှိတဲ့ ရဟန်းတော်ဟာ ဤလို အကျင့်သိက္ခာတွေနဲ့ ပြည့်စုံတာဖြစ်လို့ သေက္ခအရိယာပုဂ္ဂိုလ် ခေါ်ဆိုထိုက်ပါတယ်တဲ့။
အဲဒီလို ကျမ်းတွေ ဂန်တွေ ပိဋကတ်စာတွေက ပြဆိုထားသောကြောင့် ဆရာတော်တို့လည်း ဒက္ခိဏေယျ အလှူခံထဲ ပါဝင်ပါတယ်လို့ ဖြေကြားလိုက်တယ်၊ ကဲ…သဘောကျရဲ့လား၊ ဘာများ စောဒက ၀င်ချင် သေးသလဲ။
ဒကာ။ ။ ကျမ်းဂန်တွေ စုံလွန်းလို့ သည်အဖြေစကားတော်များကို သဘောကျကျေနပ်လှပါတယ် ဆရာတော်။

No comments: