သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Monday, June 21, 2010

လောက၌ အရေးအကြီးဆုံး သက်စောင့် အဆောင်တရား တစ်ခု

လောက၌ အရေးအကြီးဆုံး သက်စောင့် အဆောင်တရား တစ်ခု
ဒကာ။ ။ လောက၌ သူမပါရင် မပြီးနိုင်တဲ့ အရေးအကြီးဆုံး ဆက်စောင့်အဆောင် ချမ်းသာရေးပေးနိုင် တဲ့တရားတစ်ခုလောက် တပည့်တော်တို့အတွက် ချီးမြှောက်မစ စေချင်ပါတယ် ဆရာတော်၊ မြတ်စွာဘုရား ဟောကြားသွားတာများ ရှိပါသလားဘုရား။

ဆရာ။ ။ အင်း.. သည်မေးမြန်း တောင်းဆိုချက်ဟာ အလွန်သဘာဝကျပြီး တန်ဖိုးရှိတဲ့ အချက်ပဲ၊ မြတ်စွာဘုရားတရားတော်ထဲမှာ လူသားတို့ လိုချင်တာ အပြည့်အစုံပါတယ်၊ သူ့ရဲ့ညွှန်ကြားချက်ကို လိုက်နာဆောင်ယူရင် မုချချမ်းသာနိုင်တယ်၊ ဒီဃနိကာယ် သုတ်မဟာဝါ အဋ္ဌကထာ ၃၇၈ မှာ….
သတိံ စ ခွါဟံ ဘိက္ခဝေ သဗ္ဗတ္ထိကံ ၀ဒါမိ။
ချစ်သား ချစ်သမီးတို့ တစ်ခုတည်းသောချမ်းသာရေးအဆောင်ကို ငါမိန့်ဆိုပြောကြားပေးခဲ့မည်။ ကောင်းလုပ်ကောင်းကံမှန်သမျှ သတိအမြဲရှိနေကြစေ၊ ဘယ်သောအခါ ဘယ်နေရာမျိုးမှာမှ သတိမေ့လျော့မှုကို မပြုကြလေနဲ့ အားထုတ်ကြိုးစား ပြုလုပ်ကြတဲ့။
ကဲ… အဲဒါပဲ၊ လူသားတို့ ချမ်းသာရေးအတွက် အရေးအကြီးဆုံး အဆောင်တရား တစ်ခုဟာ သတိပဲ ဒကာကြီးတို့ ကျေနပ်ရဲ့လား။
ဒကာ။ ။ တပည့်တော်တို့ သတိမေ့လို့ ဒုက္ခရောက်ရတာတွေများလှပြီမို့ သည်အဖြေစကားတော်ကို အားရကျေနပ် နှစ်သက်လှပါတယ် ဆရာတော်၊ ကနေ့ပဲ သတိမေ့လို့ ခါးပိုက်နှိုက် ခံလိုက်ရပြီဘုရား။

No comments: