သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Tuesday, June 22, 2010

ရဟန်းတော်များ နေ့သန့်စင်တယ်ဆိုတာ ဘယ်ဟာပါလဲ

ရဟန်းတော်များ နေ့သန့်စင်တယ်ဆိုတာ ဘယ်ဟာပါလဲ
ဒကာ။ ။ ရဟန်းတော်များ နေ့သန့်စင်တယ်ဆိုတာ ဆွမ်းစားပြီးချိန် ကျိန်းစက်အိပ်နေမှုကို ခေါ်ဆိုတာ လား ဆရာတော်၊ ကျမ်းစာတွေမှာ အရှင်သာရိပုတ္တရာနေ့သန့်စင်တော်မူခိုက် စသည် မကြာမကြာတွေ့ရပါတယ်၊ “နေ့သန့်စင်” ဆိုတဲ့ အဘိဓါန်ပုဒ်ကို ရှင်းပြပါဦး ဘုရား။

ဆရာ။ ။ နေ့သန့်စင် ဆိုတာ ဆွမ်းစားပြီးတော့ ကျိန်းစက်အိပ်နေတာကို ဆိုတာမဟုတ်ပါဘူး၊ ဘုန်းကြီး တွေ မဂ်ဖိုလ်ရရေးအတွက် ပြုလုပ်စရာတရားအားထုတ်မှု ကိစ္စမရှိကြတော့လို့ နေ့အချိန်အခါမှာ ဈာန်သမာပတ် ၀င်စား၍နေခြင်း အရဟတ္တဖိုလ် သမာပတ်ကို ၀င်စား၍နေခြင်းနဲ့ အထူးသန့်ရှင်းစင်ကြယ်တဲ့စိတ်ဖြင့် နေ့အချိန်ကို ကုန်လွန်စေတာပါပဲ။
အဲဒီ ဈာနသမာပတ်၊ ဖလသမာပတ်၊ နိရောဓသမာပတ် ၀င်စားဝင်စားကာ နေ့လည် နေ့ခင်း ကုန်စေတာ ကို “နေ့သန့်စင်” တယ်လို့ ခေါ်တာပဲ၊ ကဲ… ရှင်းရဲ့လား။
ဒကာ။ ။ ခုမှပဲ ရှင်းလင်းသောအဖြေရလို့မို့ ကျေနပ်လှပါတယ် ဆရာတော်၊ တပည့်တော်က ဘုန်းကြီတွေ ဆွမ်းစားပြီးတော့ အိပ်စက်တော်မူတာကို “နေ့သန့်စင်” တယ် မှတ်နေလို့ပါ ဆရာတော်။

No comments: