သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

ဥပုသ်သည်များ သီချင်းဆိုသံကို နားထောင်ကောင်းသလား

ဥပုသ်သည်များ သီချင်းဆိုသံကို နားထောင်ကောင်းသလား
ဒကာ။ ။ သီလ စောင့်ထိန်းသော သီတင်းသည်နဲ့ တရားအားထုတ်သော ယောဂီများဟာ သီချင်း(ဂီတ) သံကို နားထောင်ကောင်းပါသလား ဆရာတော်၊ ကျမ်းဂန်နဲ့အညီ ရှင်းပြပေးပါဘုရား၊ တချို့က နား ထောင်ကောင်းတယ် ပြောဟောနေကြလို့ပါ။

ဆရာ။ ။ ဒီဃနိကာယ် သုတ်မဟာဝါ အဋ္ဌကထာမှာ ဖွင့်ဆိုထားတာကတော့
ယံ ပန အတ္ထနိဿိတံ ဓမ္မနိဿိတံ ကုမ္ဘဒါသီ ဂီတမ္ပိ
သုဏန္တဿ ပသာဒေါဝါ ဥပ္ပဇ္ဇတိ နိဗ္ဗိဒါဝါ သဏ္ဌာတိ
ဧ၀ရူပေါ သဒ္ဒေါ သေ၀ိတဗ္ဗော။
အဲသည် သီချင်း ဂီတသံဟာ “အတ္ထိနိဿိတ” ခေါ်တဲ့ အကြောင်းကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရား ဖြစ်သော ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာတို့ကို ကြည်ညိုလိုချင်လာအောင် စပ်ဆိုထားတဲ့ ဂီတသံမျိုးနဲ့ လောကီကု သိုလ်၊ အကုသိုလ်ကံတို့ကြောင့် ရရှိမည့် ဆင်းရဲဒုက္ခ အကျိုးတို့ကို လန့်ကြောက် ရွံ့မုန်းလာအောင် စပ်ဆိုထားတဲ့ ဂီတ၊ သီချင်းသံမျိုးကိုဖြစ်စေ၊ “ဓမ္မနိဿိတ” ခေါ်တဲ့ အကျိုးကိုဖြစ်စေတတ်သော ကုသိုလ်ကံ အကုသိုလ်ကံ အရိယမဂ်လေးပါးတို့တွင် ပြုလုပ်သင့်တာ အမြန်ပြုလုပ်အောင် ရှောင်ကြဉ်သင့်တာကို အမြဲရှောင်ကြဉ်အောင် ရေးစပ်သီကုံးထားတဲ့ သီချင်းမျိုးဆိုလျှင် အိုးထိန်းသည်၏ ကျွန်မက သီဆိုတဲ့ သီချင်းသံပင်ဖြစ်ပလေစေ နားထောင်ကောင်းတယ်တဲ့၊ အဲဒါပဲ။ (မှတ်ချက် - နားထောင်တဲ့အခါ သာယာမှုဖက်တဲ့ တဏှာသံမပါရဘူး၊ သဒ္ဓါသက်သက် တက်ကြွမှုစိတ်ဓါတ် ဖြစ်ရမည့် တေးဂီတမျိုးသာဟု မှတ်ရမည်၊ ခုခေတ် ထူးမခြားနားတို့၊ တေးဘုမ္မာတို့လို သာယာစွာ အတီးအမှုတ်တွေနဲ့ တွဲပြီးသီဆိုထားတဲ့ ဂီတသံစုံမျိုးကား (အပါယ ဂမိက) အပါယ်လားမျိုးသာဟု မှတ်ပါလေ) ဆင်ခြေတက်စရာ မလိုဘူး ဒါပဲ။
ဒကာ။ ။ ကောင်းမြတ်မှန်ကန်တဲ့ အဖြေစကားသြ၀ါဒများဖြစ်လို့ ယာဝဇီဝံ အသက်ရှည်သမျှ လိုက်နာ စောင့်ရှောက်ပါမည် ဆရာတော်။

No comments: