သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

သုဒ္ဓဓမ္မ ဉာဏ်အမြင်ဆိုတာ ဘာလဲ

သုဒ္ဓဓမ္မ ဉာဏ်အမြင်ဆိုတာ ဘာလဲ
ဒကာ။ ။ ၀ိပဿနာလုပ်ငန်းက သန့်ရှင်းစင်ကြယ်တဲ့ သုဒ္ဓဓမ္မသက်သက်ကို မြင်အောင်ရှုရမည်၊ ဉာဏ် အလုပ်ဟု ဟောပြောနေကြရာ သုဒ္ဓဓမ္မကို ဘယ်လိုသိမှတ်ရမည်လဲ ဆရာတော်၊ သုဒ္ဓဓမ္မဆိုတာက ဘယ်လိုတရားမျိုးပါလဲ ဘုရား။

ဆရာ။ ။ အင်း… သည်အလုပ်က ငါ၊ အတ္တဒိဋ္ဌိ ဖြုတ်ရမှာဖြစ်တယ်၊ အိမ်ကဒကာမကြီးကို ငါ့ဟာထင်နေရင်တော့ မလွယ်လှဘူး၊ ၀ိသုဒ္ဓိမဂ် အဋ္ဌကထာကျမ်းမြတ် ဒု-၂၃၇၌ ဆိုထားတယ်။
၁။ ကမ္မဿ ကာရကော နတ္ထိ၊
၂။ ၀ိပါကဿ စ ဝေဒကော။
၃။ သုဒ္ဓဓမ္မ ပ၀တ္တန္တိ၊
၎။ ဧ၀မေတံ သမ္မဒဿနံ။

၁။ လောကကြီးထဲမှာ အကောင်းအဆိုးကံကို ပြုလုပ်နေတဲ့ သူ ပုဂ္ဂိုလ် သတ္တ၀ါဆိုတာ မရှိ၊ ကံသာရှိ၏။ (စေတနာကို ယူပါ)
၂။ ကံကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဖလ အကောင်းအဆိုးတို့ကိုလည်း ခံစားတတ်တဲ့ ငါ ပုဂ္ဂိုလ် သတ္တ၀ါဆိုတာ မရှိ၊ ဝေဒနာဓမ္မကသာ ခံစားနေတာ ဖြစ်တယ်။
၃။ ပြုလုပ်နေသော ကံတရားနှင့် ကံကြောင့်ဖြစ်သော အကျိုးတရားသက်သက် သုဒ္ဓဓမ္မတို့သာ ဖြစ်ပျက် နေကြကုန်၏။
၎။ဤလို သုဒ္ဓဓမ္မကို ရှုကြည့်မှတ်သား ပွားနေမှုသည် သမ္မဒဿနဉာဏ်မြင်အမှန်ပဲ၊ သည်အတိုင်း ၀ိပဿနာဓမ္မကို ရှုပွားမှတ်သားရမည်၊ ငါ ရှုပွား မှတ်သားနေတာ မဟုတ်ဘူးနော်။

No comments: