သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

မအိုအောင် အသက် ရာ ထောင်ရှည်အောင်ပြုနည်း ဘုရားဟောရှိသလား

မအိုအောင် အသက် ရာ ထောင်ရှည်အောင်ပြုနည်း ဘုရားဟောရှိသလား
ဒကာ။ ။ သာသနာဝင် ကျမ်းစာတွေထဲမှာ မအိုအောင် လုပ်တဲ့နည်း၊ အသက်ရာ ထောင် ရှည်အောင် လုပ်တဲ့နည်းနယများ ဘုရားဟော ရှိပါသလား ဆရာတော်။

ဆရာ။ ။ ဆဋ္ဌသံဂါယနာတင် သာသနာဝင်ကျမ်းဂန် နေတ္ထိပါဠိတော်မှာတော့
သက္ကတေ၀ ဇရာယ ပဋိကမ္မံ ကာတုံ။
“အိုချိန်ကာလ၌ မအိုရအောင် ကြံဆောင်စီမံပြုလုပ်ခြင်းငှာ စွမ်းနိုင်သည်” လို့ ဆိုထားတာ တွေ့ဖူးတယ်၊ ဘယ်လို ဘယ်နည်း လုပ်ရပုံတို့ကိုတော့ ညွှန်ပြမထားဘူး၊ ၀ိသုဒ္ဓိမဂ် မဟာဋီကာ ကျမ်းဆရာကြီးကတော့ အသက်ရာထောင်ရှည်နည်းကို……
ရသာယန ဘေသဇ္ဇံ ပန သုစိရံပိ ကာလံ ဇီဝိတံ ပ၀တ္တေတုံ သက္ကောတိယေ၀။
ရသာယန ခေါ်တဲ့ ဆေးထူးဆေးမြတ်ကို ဖော်စပ်စီရင် မှီဝဲခြင်းဖြင့် အသက်ရာထောင် ကြာမြင့်စွာ တည်နေနိုင်ကြောင်း စွမ်းအင်ရှိပုံကို ပြဆိုထားတာ တွေ့ရတယ်၊ ဆေးနည်း အမယ်ကိုတော့ ပြမထားဘူး ဒကာကြီးတို့ စားချင်ရင် စီရင်တတ်တဲ့ ဆရာသမားများထံ ဆည်းကပ် ခ စားပေတော့။
မှတ်ချက်။ ။ ယင်းနုပျိုနည်း အသက်ရှည်နည်းဟာ မုချရှိတယ်လို့ သက္ကတေ၀ သက္ကောတိယေ၀ ဟု ဧ၀သဒ္ဒါနဲ့ ဧကန်မုချ ပြဆိုထားတယ်၊ ဒါကြောင့် ယုံကြည်ရမည်လို့ မှတ်ပါ။
ဒကာ။ ။ဆေးနည်းအမယ်မဖော်ပြတော့ကာ လမ်းပြမြေပုံမပါဘဲ သမုဒ္ဒရာထဲ သွားရသလို ဖြစ်နေတာ ပေါ့ ဆရာတော်။

No comments: