သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

သာသနာတော်၏ ဦးတည်ချက်ပန်းတိုင်ရှိသလား

သာသနာတော်၏ ဦးတည်ချက်ပန်းတိုင်ရှိသလား
ဒကာ။ ။ လုပ်ငန်းဝါဒတစ်ခု တည်ထောင်ရင် ဦးတည်ချက်ပန်းတိုင်ဆိုတာ ရှိရစမြဲပဲ ဆရာတော်၊ ဒါကြောင့် ဗုဒ္ဓသာသနာတော်ရဲ့ ဦးတည်ချက် ပန်းတိုင်ကို သိပါရစေ ဆရာတော်၊ ပိဋကတ်ကျမ်းဂန်က ဘယ်လိုများ ညွှန်ကြားစေခိုင်းပါသလဲ ဘုရား။

ဆရာ။ ။ ဗုဒ္ဓသာသနာတော် ၀င်သူတို့ ချီတက်ရယူ သုံးဆောင်ခံစားကြရမည့် ဦးတည်ချက် ပန်းတိုင်ကို ပိဋကတ်တော် ကျမ်းဂန်များမှာ ပြဆိုတာကတော့….
အရဟတ္တ ဖလ ပရိယောသာနံ ဘဂ၀တော သာသနံ။
မြတ်စွာဘုရားသခင်၏ အဆုံးအမတော် သာသနာသည် အရဟတ္တဖိုလ်လျှင် ပြီးဆုံးခြင်းရှိ၏တဲ့။၊ အဲဒါကြောင့် သာသနာဝင် ဗုဒ္ဓဘာသာတို့၏ အပြီးတိုင်လုပ်ငန်းပန်းတိုင်ကား အရဟတ္တမဂ် အရဟတ္တဖိုလ် နိဗ္ဗာန် ချမ်းသာပဲလို့ မှတ်ယူရမည် ဒကာကြီးတို့၊ အဲဒီ ရောက်အောင် ချီတက်ရမှာ။
ဒကာ။ ။ အမိန့်အတိုင်း မှတ်သားအားထုတ်ချီတက်ပါမည် ဆရာတော်၊ ဒကာကြီးတို့က နတ် ဗြဟ္မာ ချမ်းသာထင်တာ။

No comments: